Knowledge

Sacrificial anode system

Sacrificial anode system

ပင်လယ်ရေထဲမှာမောင်းနေတဲ့ စက်လှေအင်ဂျင်တွေကို သံချေးတက်ခြင်းကနေ
#ဘယ်လိုကာကွယ်ထားသလဲ...???

Outboard engine တွေမှာသုံးတဲ့ ဘော်ဒီသတ္တုသားတွေ သံချေးတက်ခြင်း (corrosion) မှကာကွယ်ဖို့အတွက် အဓိကအားဖြင့် sacrificial anode system ကို အသုံးပြုရပါတယ်။
အထူးသဖြင့် ပင်လယ်ရေ (saltwater) ထဲမှာ အသုံးပြုတဲ့ outboard engine တွေအတွက် ဒီစနစ်ဟာ အလွန်အရေးကြီးပါတယ်။
________________________________________
#Sacrificial_Anode_System (သံချေးကာကွယ်မှုစနစ်) ဆိုတာဘာလဲ???
Outboard engine ရဲ့ metal body (Aluminum, Steel) ဟာ ရေထဲမှာ ထားတဲ့အခါ electrochemical reaction ကြောင့် သံချေးတက်နိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် sacrificial anode (သတ္တုချင်းထဲမှာ အနည်းဆုံး electrochemical resistance ရှိတဲ့ သတ္တု) ကို တပ်ဆင်ထားရပါတယ်။
________________________________________
သုံးတဲ့ Anode အမျိုးအစားတွေပြောရရင်.....
1. Zinc Anode – ပင်လယ်ရေအမျိုးအစားတွေမှာ သုံးပါတယ်။
2. Aluminum Anode – (freshwater + saltwater) နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။
3. Magnesium Anode – ရေကြည်ရေသန့် freshwater အတွက်သာသုံးပြုပါတယ်။
________________________________________
လုပ်ဆောင်ပုံသဘောတရား (Working Principle)
• Anode သည် cathodic protection system ဖြစ်ပါတယ်။
• Anode သတ္တုဟာ engine body ထက် reactive ဖြစ်လို့
➤ corrosive current (electrolysis) တွေဟာ anode ကိုဦးစွာ တိုက်စားမှာဖြစ်ပါတယ်။
➤ဒါ့ကြောင့် engine body ကိုကာကွယ်ပေးနိုင်ပါတယ်။
ဒီနည်းနဲ့ engine metal တွေ ကို သံချေးမတက်ပဲကြာရှည်ခံအောင် ထိန်းသိမ်းနိုင်တာဖြစ်ပါတယ်။
________________________________________
သိထားသင့်တဲ့အချက်များ
• Sacrificial anode တွေဟာ အချိန်နဲ့အမျှ တဖြည်းဖြည်းတိုက်စား ကုန်ဆုံးသွားပါတယ်။
➤ 6–12 လတိုင်း ကြည့်စစ်ပြီး အစားထိုးပေးဖို့လိုတတ်ပါတယ်။
• Anode တပ်ထားတဲ့နေရာတွေကို ဆေးမှုတ်တာမျိုး မလုပ်ရပါဘူး။
➤ Anode ရဲ့ surface တစ်ခုလုံးက ရေတွေနဲ့ထိနေရမှာအရေးကြီးတယ်။ ဒါမှသာ အင်ဂျင်ကိုယ်ထည်ကို မတိုက်စားပဲ Anode ကိုသာ ဦးစွာတိုက်စားမှာဖြစ်ပါတယ်။
________________________________________
မိတ်ဆွေဟာ Outboard Engine ကိုသုံးနေတယ်ဆိုရင်…
Sacrificial Anode စစ်ဆေးထိန်းသိမ်းရေး ကို
အစဉ်မပြတ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင် Outboard engine တွေရဲ့ Lower case မှာတပ်ဆင်ထားတဲ့ Sacrificial Anode System
သံချေးကာကွယ်မှုစနစ်အကြောင်း သိလောက်ပြီထင်ပါတယ်။
ကယက်လှေအမျိုးမျိုး၊ လေထိုးလှေအမျိုးမျိုး၊ စက်လှေ၊ စက်လှေအင်ဂျင်၊ ရေယာဉ်ဂီယာဘောက် စတာတွေနဲ့ ပတ်သက်လို့ လိုအပ်ရင် ကျွန်တော်တို့ ကျင်းလုံမြန်မာကိုသတိရပါ။
မိတ်ဆွေတို့ရဲ့ လိုအပ်ချက်အလိုက် အော်ဒါမှာယူခြင်းကိစ္စတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။

#ကျင်းလုံမြန်မာ
#gdmmknowledge