Latest Blog

The latest blog of JinLong Myanmar
မင်္ဂလာပါခင်ဗျ။#အော်တိုရေပန့် တွေမှာသုံးတဲ့#bladder_type_pressure_tank အကြောင်းလေ့လာမိသလောက်မျှဝေတင်ပြပေးပါမယ်။လိုအပ်တာများရှိရင် ဖြည့်ပေးကြပါခင်ဗျ။အိမ်သုံးစက်ရုံသုံးအလုပ်ရုံသုံးဟိုတည်သုံးကွန်ဒိုတိုက်ခန်းသုံး စသည်ဖြင့်‌နေရာအတော်များများမှာအသုံးပြုကြတဲ့ auto pressure pump ဆိုတာရှိပါတယ်။ဒီပန့်တွေဟာ လျှပ်စစ်ပါဝါ အမြဲတမ်းပေးထားရပြီးအထွက်ရေဖိအား အပြောင်းအလဲအပေါ်မှာအာရုံခံ အဖွင့်အပိတ်လုပ်ကြတဲ့ပန့် အမျိုးအစားတွေဖြစ်ပါတယ်။ဒီပန့်တွေနဲ့တွဲဆက် အသုံးပြုကြတဲ့ အရပ်ခေါ်လေလှောင်အိုး(bladder type pressure tank ) ဆိုတာရှိပါတယ်။ဒီလှောင်အိုးထဲမှာ အကန့်နှစ်ခုသ‌ဘောမျိုးဖြစ်ပါတယ်။ တစ်ခန်းမှာရေရှိမှာဖြစ်ပြီး ကျန်တစ်ခန်းမှာ လေဖိအားတစ်ခုရှိပါတယ်။ဒီအကန့်နှစ်ခုဖြစ်‌အောင် ရာဘာအိတ်တစ်ခုနဲ့နှစ်ပိုင်းပိုင်းထားတာဖြစ်ပါတယ်။တချို့အမျိုးအစားတွေမှာ ရာဘာအိတ်တစ်ခုကိုအသုံးပြုပါတယ်။ရေနဲ့...
မင်္ဂလာပါခင်ဗျ။ ဝရိန်ဆော်တယ်ပဲပြောပြော၊ သံဂဟေဆော်တယ်ပဲပြောပြော ဒီလုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်တဲ့ #MMA_WELDING PROCESS အကြောင်းကို မိတ်ဆက်ပေးပါမယ်။ #MMA WELDING ဆိုတာက Manual Metal Arc Welding လို့ အရှည်ရေးသားပါတယ်။ နောက်ထပ် #SMAW လို့လည်းခေါ်ကြပါသေးတယ်။ အရှည်အားဖြင့် Shielded Metal Arc...
သူ့နာမည်က impeller မြန်မာမှုပြုရင် ရေယက် ဆိုတော့ သူက ရေကိုယက်ထုတ်တာပါ။ ခတ်ထုတ်တာမဟုတ်ပါဘူး။ ယက်ထုတ်တဲ့နေရာမှာ လည်ပတ်အားကို အခြေခံတာမို့ centrifugal force ဗဟိုခွာအားစနစ်နိယာမကို လိုက်နာပါတယ်။ ရေပန့်ဆို ဘယ်ဘက်လည်ရမယ်၊ ညာဘက်လည်ရမယ်ရယ်လို့ လှေနံဓားထစ် အသေမှတ်လို့မရပါဘူး။ impeller ရဲ့ ရေယက်အတောင် ချိုးထားတဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး...
မင်္ဂလာပါခင်ဗျ။ မီးစက်တွေအသုံးပြုတဲ့အခါမှာ မီးလာမီးပျက် အခြေအနေတွေကြုံရပြီဆိုတာနဲ့ ၁။ စက်နိုးခြင်း ၂။ မီးလိုင်းပြောင်းလဲပေးရခြင်း ၃။ စက်ရပ်ခြင်း ၄။ မီးလိုင်းပြောင်းလဲပေးရခြင်း ဒီလိုလုပ်ငန်းစဉ် ၄ရပ် အစဉ်အလိုက်ပြုလုပ်ရလေ့ရှိပါတယ်။ ဒီတော့ လူတစ်ယောက်က စက်နားကို နှစ်ခါသွားရမယ်။ မီးပလပ် ဘုတ်ခုံနားကိုလည်း နှစ်ခါသွားရဦးမှာဖြစ်ပါတယ်။ မီးလာမယ့်အချိန်၊ ပျက်မယ့်အချိန်ဆိုတာကလည်း ကြိုမသိနိုင်တော့...
မြက်ဖြတ်စက် clutch နဲ့ပတ်သက်ပြီး clutch spring ဟာ မာတာကောင်းသလား??? ပျော့တာကောင်းသလား??? ဆိုတဲ့ခေါင်းစဉ်အောက်မှာ အယူအဆ အမျိုးမျိုးရှိပါတယ်။ ပျော့ရင် အင်ဂျင်လီဗာ နည်းနည်းတင်ရုံနဲ့ ဓားသွားလည်ပါမယ်။ ဒီတော့ ဆီစားသက်သာတယ်ပေါ့လေ။ မာရင် အင်ဂျင်လီဗာများများတင်မှ ဓားသွားလည်ပါမယ်။ ဒီတော့ဆီစားများတယ်ပေါ့လေ။ ဒီနေရာမှာတင် အုပ်စုနှစ်ခု စကွဲပြီပေါ့။ ကျွန်တော်တို့...