Compressor Piston Wear & Tear
#ကွန်ပရက်ဆာ_ပစ္စတင်ပွန်းစားခြင်း
အရည်ကျိုသံထည်စလစ်ထဲမှာ
ထက်အောက်အကြိမ်များစွာ ပွတ်တိုက်နေတဲ့
သတ္ထုပစ္စတင်ဟာ ပွန်းစားတတ်တဲ့
သဘောနဲ့ နိဂုံးချုပ်ရစမြဲပါ။
သက်တမ်းပြည့်အောင် ဘာတွေဆင်ခြင်ရမလဲ![]()
![]()
![]()
ဆိုတာ သုံးတဲ့သူတွေ၊ ရောင်းတဲ့သူတွေ
သိထားဖို့လိုပါတယ်။
ဒါမှသာ နှစ်ဉီးနှစ်ဖက်အဆင်ပြေပါမယ်။
သတ္ထုနဲ့ သံပွတ်တာသိပြီးပြီဆိုတော့
ကျန်တာဘာတွေ ရှိဦးမလဲဆိုတာ
စိတ်ဝင်စားရင် ဆက်ဖတ်သွားပါခင်ဗျ။
ကွန်ပရက်ဆာ ဘလောက်အိုးထဲမှာ ပွတ်တိုက်နေတဲ့ နေရာတွေရှိပါတယ်။
စလစ်နဲ့ ပစ္စတင်
ကရိုင်းနဲ့ ကော်နတင်း
ကော်နတင်းနဲ့ ပစ္စတင်ပင်
ကရိုင်းနဲ့ ဘောဘယ်ရာရင်
ဒီနေရာတွေအဓိကရှိပါတယ်။
ပြဿနာအများဆုံးအပိုင်းကိုဆွဲထုတ်ရရင်
စလစ်နဲ့ ပစ္စတင်
ကရိုင်းနဲ့ ကော်နတင်း
ဒီနှစ်နေရာဖြစ်ပါတယ်။
ဒါတွေဆက်ပြောဖို့ ပစ္စတင်ကွန်ပရက်ဆာတွေရဲ့ ချောဆီစနစ်ကိုအရင်ပြောပါမယ်။
ဘလောက်အိုးဟာချောဆီကန်ပါပဲ ဒီကန်ထဲမှာရှိတဲ့ချောဆီတွေကို ကရိုင်းဝိတ်သီးနဲ့ ကွန်နတင်းအောက်က
ဆီခတ်တံတွေက လည်ပတ်အားကို အခြေခံပြီး ခတ်ထုတ်ပါတယ်။
ခတ်ထုတ်လိုက်တဲ့ဆီတွေဟာ အထက်မှာပြောခဲ့တဲ့ နေရာတွေဆီကို ပျံ့နှံ့ရောက်ရှိပါတယ်။
ဒီလိုနည်းနဲ့ ချောဆီစနစ်လည်ပတ်ပြီး ပွတ်တိုက်တဲ့ အစိပ်အပိုင်းတွေကို သက်တမ်းရှည်အောင်
တည်ဆောက်ထားပါတယ်။
၁။ #ချောဆီပမာဏနည်းခြင်း
(low oil level)
ချောဆီနည်းနေရင် လိုအပ်တဲ့နေရာတွေကို ချောဆီ လုံလုံလောက်လောက် မရောက်နိုင်တော့ပါဘူး။
ဒါဆိုရင် ပွန်းစားမှုဖြစ်ပါပြီ။
သက်တမ်းတိုပါပြီ။
၂။ #လည်ပတ်အားနည်းလွန်းခြင်း
(under speed)
လည်ပတ်အားနည်းလွန်းသွားရင် ချောဆီကို ခတ်ပြီးပတ်နိုင်အားနည်းသွားပါပြီ။
လိုတဲ့နေရာတွေဆီကို ချောဆီမရောက်အလုံအလောက်မရောက်တော့ပါဘူး။
ပစ္စတင်က အပေါ်ဆုံး၊ အမြင့်ဆုံးအပိုင်းထိသွားရတာမို့ ထိတာမြန်ပါမယ်။
ဒါဆိုရင် ပွန်းစားမှုဖြစ်ပါပြီ။
သက်တမ်းတိုပါပြီ။
၃။ #လည်ပတ်အားများလွန်းခြင်း
(over speed)
လည်ပတ်အားများလွန်းရင်လည်း ချောဆီငတ်တဲ့ပြဿနာဖြစ်ပါတယ်။
ပထမတစ်ခါခတ်ပတ်လိုက်တဲ့ချောဆီတွေဟာ အောက်ကိုပြန်မရောက်ခင်မှာ
ကရိုင်းဟာနောက်တစ်ကြိမ်ပြန်ခတ်ပါတယ်။ ဒီအချိန်မှာ ချောဆီလက်ကျန်ဟာ နည်းနေပါတယ်။
ခတ်လို့မမှီတော့ပါဘူး။ လိုတဲ့နေရာတွေဆီကို ချောဆီမရောက်အလုံအလောက်မရောက်တော့ပါဘူး။
ဒါဆိုရင် ပွန်းစားမှုဖြစ်ပါပြီ။
သက်တမ်းတိုပါပြီ။
ချောဆီကန်စုစုပေါင်းဧရိယာရဲ့ 30% လောက်သာ ချောဆီဖြည့်ရတာဖြစ်ပါတယ်။
ဒါ့ကြောင့်အတွင်းမှာ ချောဆီပျံ့နှံ့ဖို့ နေရာလွတ်ဧရိယာများစွာရှိနေလို့ပါ။
ဒါကိုသတိချပ်ဖို့လိုပါတယ်။
ဒီပြဿနာကိုကျော်လွှားဖို့ ချောဆီအများကြီးထည့်မယ်ကွလို့လည်းလုပ်လို့မရပြန်ပါဘူး။
အထက်မှာ လေရှိုက်ပေါက်ရှိပါတယ်။ အဲ့နေရာကနေ အပြင်ကိုချောဆီတွေထွက်ပြီး
မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေထပ်တက်လာပါမယ်။
သတ်မှတ်ဖိအားထက် ကျော်လွန်ဖိနှိပ်အသုံးပြုခြင်း
သူလည်း မနိုင်ဝန်ဖြစ်ခြင်း (over load)
တစ်မျိုးပါပဲ။
ပစ္စတင်ကွန်ပရက်ဆာတွေမှာ စတင်တည်ဆောက်စဉ်ကထဲက
သတ်မှတ်လည်ပတ်အား
သတ်မှတ်လေထွက်ပမာဏ
သတ်မှတ်လေဖိအား စတာတွေကို ကြိုတင်တွက်ဆပြီးဖြစ်ပါတယ်။
မိမိလုပ်ငန်းလိုအပ်ချက်ရ အဆင်ပြေသလိုသုံးတော့မယ်ဆိုရင်
ဒါတွေကြိုတင်တွက်ဆထားဖို့လိုမှာဖြစ်ပါတယ်။
ပစ္စည်းသက်တမ်းတိုနိုင်တာမို့ အထူးသတိချပ်ရပါမယ်။
ခုမှခဏပဲသုံးရသေးတာ
ဘာညာလုပ်လို့မရပါဘူး။
ဖြစ်တည်ခြင်းနဲ့ ပျက်စီးခြင်းသဘောနှစ်ခုအကြားကအချိန်ဟာ စက္ကန့်ပိုင်းသာရှိပါတယ်။
ပစ္စတင်ကွန်ပရက်ဆာတွေမှာ သတ်မှတ်လည်ပတ်အားအနေနဲ့
950~1050 rpm ဝန်းကျင်သာ သတ်မှတ်ခွင့်ပြုထားပါတယ်။
လည်ပတ်အား 300 rpm ဝန်းကျင်ဆိုရင် နည်းတဲ့အထဲမှာပါသွားပါပြီ။
ဒီအခြေအနေမှာ ဝန်သုံးရင် under speed ပြဿနာဖြစ်နိုင်ခြေများမှာဖြစ်ပါတယ်။
1050 rpm ကျော်ရင် over speed ထဲရောက်သွားပါမယ်။ ကွန်နတင်းဘယ်ရာရင်ပွန်းစားခြင်း၊
ပစ္စတင်ပွန်းစားခြင်း၊ စလစ်အရင်းမှ ပြတ်ထွက်ခြင်း၊ ဘလောက်အိုးကွဲခြင်းစတာတွေက
နောက်ဆက်တွဲ ပြဿနာတွေပါ။ လက်ပြမခေါ်လည်းရောက်လာမှာသေချာပါတယ်။
နောက်တစ်ချက်သတ်မှတ်လေဖိအား
ပစ္စတင်ကွန်ပရက်ဆာ အများစုဟာ 8 bar/ 0.8Mpa/ 116psi ဝန်းကျင်သာ
နိုင်နိုင်နင်းနင်းဖြစ်ပါမယ်။ ဒီထက်ပိုလာရင် အပူလွန်ကဲခြင်းဖြစ်ပါမယ်။
နောက်ဆက်တွဲအနေနဲ့ head gasket တွေပြတ်ထွက်နိုင်ပါတယ်။ ပစ္စတင်တွေ အပူလောင်
ပွန်းစားပါမယ်။
ပစ္စတင်ကွန်ပရက်ဆာတစ်လုံးကို
မော်တာနဲ့မောင်းသည်ဖြစ်စေ
အင်ဂျင်နဲ့မောင်းသည်ဖြစ်စေ
အထက်ပါကိစ္စတွေကို အထူးဂရုပြုကြဖို့
လိုအပ်ပါတယ်။
မိမိတို့ရဲ့ လုပ်ငန်းသုံး ပစ္စတင်အမျိုးအစား
ကွန်ပရက်ဆာတွေမှာအချိန်မတန်ခင်
ပျက်စီးမှုတွေမဖြစ်အောင်
သတိထားနိုင်ကြစေဖို့ ပွန်းစားသွားတဲ့ ပစ္စတင်တစ်လုံးကို အကြောင်းပြုပြီး
သိသလောက်၊ တတ်သလောက်၊ မြင်သလောက်၊
ဆင်ခြင်မိသလောက်
မျှဝေတင်ပြပေးလိုက်ရပါတယ်ခင်ဗျ။
မိတ်ဆွေအပေါင်းရေအခက်အခဲ၊
လေအခက်အခဲတွေကနေ ကင်းဝေးသေချာ
အသုံးချနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
#ကျင်းလုံမြန်မာ
#gdmmknowledge
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery