Knowledge

MMA Welding

MMA Welding

ဝရိန်ဆော်တယ်ပဲပြောပြော၊
သံဂဟေဆော်တယ်ပဲပြောပြော
ဒီလုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်တဲ့ #MMA_WELDING PROCESS အကြောင်းကို မိတ်ဆက်ပေးပါမယ်။
#MMA WELDING ဆိုတာက Manual Metal Arc Welding လို့ အရှည်ရေးသားပါတယ်။
နောက်ထပ် #SMAW လို့လည်းခေါ်ကြပါသေးတယ်။ အရှည်အားဖြင့် Shielded Metal Arc Welding ဖြစ်ပါတယ်။

#Manual_Metal_Arc_Welding (MMAW)
#Shielded_Metal_Arc_Welding (SMAW) သည်လို အခေါ်အဝေါ် နှစ်မျိုးရှိမှာဖြစ်ပါတယ်။
#Stick_Welding လို့လည်းခေါ်ကြပါသေးတယ်။ အတူတူပါပဲ။

ဒီ MMA WELDING အမျိုးအစားတွေဟာ INVERTER TYPE တွေဖြစ်ကြပါတယ်။ အရပ်ခေါ် ကဒ်ပုံး (သို့) ဆားကစ်ဝရိန်ပုံး ဖြစ်ပါတယ်။
INVERTER TYPE WELDING တွေမှာ အုပ်စုနှစ်ခု ထပ်ကွဲပါသေးတယ်။ အသုံးပြုထားတဲ့ POWER TRANSISTOR တွေမတူလို့ဖြစ်ပါတယ်။
တည်ဆောက်ပုံလည်းကွဲပြားကြပါတယ်။ စွမ်းဆောင်ရည်ပိုင်း အနေနဲ့က သိပ်အကွာကြီးတော့ မဟုတ်ကြပါဘူး။
MOSFET အမျိုးအစားနဲ့ IGBT အမျိုးအစားဖြစ်ပါတယ်။
MOSFET ဆိုတာ Metal-Oxide Semiconductor Field-Effect Transistor ဖြစ်ပါတယ်။ pin သုံးခုပါပါတယ်။
ဒီ pin တွေကိုနာမည်အားဖြင့် Gate/ Drain/ Source ဖြစ်ပါတယ်။
IGBT ဆိုတာ Insulated Gate Bipolar Transistor ဖြစ်ပါတယ်။ pin သုံးခုပါပါတယ်။
ဒီ pin တွေကိုနာမည်အားဖြင့် Gate/ Collector/ Emitter ဖြစ်ပါတယ်။

ဒီ MMA WELDING စနစ်ဟာ အခြားဝရိန်ဆော်နည်းတွေဖြစ်တဲ့ MIG / TIG စတဲ့ စနစ်တွေထက် အသုံးပြုပုံ၊
လုပ်ဆောင်ပုံ ပိုပြီးရိုးရှင်းလွယ်ကူ ကုန်ကျစရိတ်သက်သာတဲ့ နည်းတစ်ခုဖြစ်ပါတယ်။
ဒါ့ကြောင့် လုပ်ငန်းတော်တော်များများမှာ ကျယ်ပြန့်စွာ အသုံးပြုကြတဲ့ အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ သံပန်းသံတံခါးလုပ်ငန်းတွေ၊ ကားဘော်ဒီရုံတွေ၊ စက်ရုံအလုပ်ရုံတွေ
စသည်ဖြင့် နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။ ဈေးကွက် အနေအထားအရ အမှတ်တံဆိပ်တွေလည်း အစုံရှိပါလိမ့်မယ်။
အပိုပစ္စည်းနဲ့ ဝန်ဆောင်မှုမာတဲ့ဘက်ကရွေးဖို့တော့ အကြံပြုလိုပါတယ်။
အလုပ်လုပ်ပုံ အကြမ်းအားဖြင့် ဝင်လာတဲ့ AC လျှပ်စစ်ကို ပါဝါကဒ်မှာ ဗို့အားမြင့် အခြေအနေတစ်ခုဖန်တီးပါတယ်။
ပါဝါကဒ်က ထွက်လာတဲ့ AC လျှပ်စစ်ကို ဒိုင်အုပ်ကဒ်ကိုဖြတ်စေပြီး ဗို့အားလျော့ခြင်း၊ DC လျှပ်စစ်အသွင်ပြောင်းခြင်း စတဲ့ လုပ်ငန်းတွေလုပ်စေပါတယ်။
ထွက်လာတဲ့DC လျှပ်စစ်ကို ဝရိန်ချောင်းအားဖျော်ချစေခြင်းဖြင့် ဝရိန်လုပ်ငန်းကို ပြီးမြောက်စေတာဖြစ်ပါတယ်။

ဝရိန်စက်ရဲ့ အသုံးပြုဗို့အားဟာ 220VAC (OR) 380VAC နှစ်မျိုးစလုံးဖြစ်နိုင်ပါတယ်။ အခြားမတူကွဲပြားတဲ့ အဝင်ဗို့အား ဒီဇိုင်းတွေလည်း ရှိနိုင်ပါတယ်။
ဝရိန်စက်ကနေ ထွက်လာတဲ့ လျှပ်စီးကြောင်းဟာ စက်အမျိုးအစားမော်ဒယ်အပေါ်မှာမူတည်ပြီး AC (OR) DC ဖြစ်နိုင်ပါတယ်။
AC ဆိုတာ Alternating Current (ပြန်လှန်လျှပ်စီး) ကိုပြောတာဖြစ်ပြီး DC ဆိုတာကတော့ Direct Current (တိုက်ရိုက်လျှပ်စီး) လို့ အဓိပါယ်ရပါတယ်။
AC လျှပ်စစ်ဆိုတာကတော့ အစိုးရမီးလိုင်း(EPC)၊ ဒိုင်နမိုတွေကထွက်တဲ့ လျှပ်စီးကြောင်းအမျိုးအစားဖြစ်ပြီး သူ့မှာ ကြိမ်နှုန်း (50Hz/ 60Hz) SINE WAVE အမျိုးအစားဖြစ်ပါတယ်။
DC လျှပ်စစ်ဆိုတာကတော့ ဘက္ထရီအိုး၊ ဓာတ်ခဲစတာတွေကထွက်တဲ့ တိုက်ရိုက်လျှပ်စီးကြောင်း အမျိုးအစား ဖြစ်ပါတယ်။
နှစ်မျိုးစလုံး ထွက်အောင်လုပ်ထားပြီး တစ်ချိန်တည်းတစ်မျိုးသာ အသုံးပြုနိုင်တဲ့ပုံစံမျိုးနဲ့လည်း တည်ဆောက်ကြပါသေးတယ်။

ဝရိန်ဆော်တယ်ဆိုတာ METAL တွေကို အရည်ဖျော်တွဲဆက်တဲ့နေရာမှန်သမျှ အသုံးပြုနေရတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
ဒီနေရမှာ သတိထားစရာရှိတာက METAL ကို မြန်မာလို ဘာသာပြန်ရင် အပူနှင့် လျှပ်စစ် စီးဆင်းနိုင်သော သတ္ထုလို့ဘာသာပြန်ပါတယ်။
သံဆိုတာ METAL အမျိုးအစားတစ်ခုဖြစ်ပြီး METAL တိုင်းဟာသံမဟုတ်ကြပါဘူး။ သတ္ထု ဆိုတဲ့ စကားလုံးပါလို့ ရောနေမှာစိုးလို့ပြောတာဖြစ်ပါတယ်။
CARBON STEEL, ALLOY STEEL, CAST IRON, NICKEL COPPER ALUMINIUM ALLOY စတဲ့ METAL တွေကို တွဲဆက်တဲ့နေရာတွေမှာ အသုံးပြုကြတာဖြစ်ပါတယ်။
အသုံးပြုပုံ အနေနဲ့ စက်ကနေထွက်လာတဲ့ ကြိုးနှစ်စရှိပါတယ်။ တစ်စကို တွဲဆက်လိုတဲ့ METAL မှာ ညှပ်(EARTH CLAMP) ကို အသုံးပြုပြီး ဆက်သွယ်ထားရပါမယ်။
ကျန်တစ်စကို ဝရိန်ဆော်ဂေါက်(WELDING TORCH) နဲ့ ဆက်သွယ်ရပါမယ်။ ပြီးရင် မိမိတွဲဆက်လိုတဲ့ METAL အမျိုးအစားကိုလိုက်ပြီး
မှန်ကန်တဲ့ ဝရိန်ချောင်းအမျိုး အစားကိုရွေးချယ်ဖို့တော့ လိုပါတယ်။
METAL အမျိုးအစားမတူရင် အရည်ပျော်မှတ်(MELTING POINT)တွေ မတူကြပါဘူး။ ဒါကို သတိချပ်ဖို့လိုပါတယ်။
နောက်တစ်ချက်က မိမိအသုံးပြုထားတဲ့ ဝရိန်ချောင်း(CONSUMABLE ELECTRODE)အရွယ်အစားဖြစ်ပါတယ်။
သူနဲ့ သင့်တော်မည့် လျှပ်စီးကြောင်းချိန်ညှိမှု(CURRENT SETTING)တော့ စက်မှာချိန်ပေးဖို့လိုပါတယ်။
လျှပ်စီးကြောင်းနည်းပြီး ဝရိန်ချောင်းကြီးနေရင် ဆော်လို့မရပဲ ဝရိန်ချောင်းကပ်နေမှာဖြစ်ပါတယ်။
နောက်ဆက်တွဲ အနေနဲ့ ဝရိန်ပုံး CONTROL ပိုင်းထိခိုက်ပျက်စီးတတ်ပါတယ်။
လျှပ်စီးကြောင်းများပြီး ဝရိန်ချောင်းသေးနေရင်လည်း ဆော်တဲ့နေရာမှာ ထိန်းရခက်စေပါတယ်။
ဒီအနေအထားကတော့ ဖြတ်ချတဲ့နေရာတွေမှာ သုံးကြပါတယ်။

ဒီ MMA WELDING မှာ အသုံးပြုတဲ့ ဝရိန်ချောင်း အမျိုးအစား အများကြီးရှိပါတယ်။
အရည်ပျော်မှတ်နဲ့ အမျိုးအစား မတူညီတဲ့ METAL တွေကို တွဲဆက်ဖို့အတွက် အခုလို အမျိုးအစားတွေ ကွဲနေတာဖြစ်ပါတယ်။

1. WELDING ELECTRODES FOR MILD STEEL
********************************************
AWS E6010>>>ဖိအားခံနိုင်မှု(410Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(495Mpa)
AWS E6013>>>ဖိအားခံနိုင်မှု(400Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(510Mpa)
AWS E6019>>>ဖိအားခံနိုင်မှု(400Mpa)၊ ဆွဲဆန့အားခံနိုင်မှု(450Mpa)
AWS E7014>>>ဖိအားခံနိုင်မှု(440Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(505Mpa)
AWS E7016>>>ဖိအားခံနိုင်မှု(500Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(590Mpa)
AWS E7018>>>ဖိအားခံနိုင်မှု(480Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(560Mpa)
AWS E7024>>>ဖိအားခံနိုင်မှု(450Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(550Mpa)

2. WELDING ELECTRODES FOR LOW ALLOYED STEEL
*****************************************************
AWS E7010-G>>>ဖိအားခံနိုင်မှု(476Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(544Mpa)
AWS E8010-G>>>ဖိအားခံနိုင်မှု(513Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(600Mpa)
AWS E7018-G>>>ဖိအားခံနိုင်မှု(540Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(600Mpa)
AWS E8018-G>>>ဖိအားခံနိုင်မှု(500Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(590Mpa)
AWS E9018-D1>>>ဖိအားခံနိုင်မှု(600Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(650Mpa)
AWS E10018-D2>>>ဖိအားခံနိုင်မှု(610Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(690Mpa)
AWS E11018-G>>>ဖိအားခံနိုင်မှု(755Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(820Mpa)

3. WELDING ELECTRODES FOR STAINLESS AND HIGH-ALLOYED STEEL
************************************************************
AWS E310-16>>>ဖိအားခံနိုင်မှု(400Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(590Mpa)
AWS E312-16>>>ဖိအားခံနိုင်မှု(615Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(780Mpa)
AWS E347-17>>>ဖိအားခံနိုင်မှု(450Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(630Mpa)
AWS E308L-16>>>ဖိအားခံနိုင်မှု(420Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(570Mpa)
AWS E309L-16>>>ဖိအားခံနိုင်မှု(470Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(580Mpa)
AWS E316L-16>>>ဖိအားခံနိုင်မှု(435Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(580Mpa)
AWS E410-15>>>ဖိအားခံနိုင်မှု(370Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(520Mpa)
AWS E2209-17>>>ဖိအားခံနိုင်မှု(691Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(857Mpa)

4. WELDING ELECTRODES FOR NICKEL/ COPPER BASED ALLOYS
****************************************************************
OK92.15(ENiCrFe-2)>>>ဖိအားခံနိုင်မှု(420Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(660Mpa)
OK92.18(ENi-Cl)>>>ဖိအားခံနိုင်မှု(300Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(Mpa)
OK92.26(ENiCrFe-3)>>>ဖိအားခံနိုင်မှု(410Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(640Mpa)
OK92.45(ENiCrMo-3)>>>ဖိအားခံနိုင်မှု(500Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(780Mpa)
OK92.55(ENiCrMo-6)>>>ဖိအားခံနိုင်မှု(430Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(690Mpa)
OK92.58(ENiFe-Cl-A)>>>ဖိအားခံနိုင်မှု(375Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(Mpa)
OK92.6(ENiFe-C1)>>>ဖိအားခံနိုင်မှု(380Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(560Mpa)
OK94.25(EL-CuSn7)>>>ဖိအားခံနိုင်မှု(235Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(390Mpa)
OK94.55(EL-CuSi3)>>>ဖိအားခံနိုင်မှု(235Mpa)၊ ဆွဲဆန့်အားခံနိုင်မှု(390Mpa)

အထက်က အုပ်စု လေးခုမှာပါတဲ့ဝရိန်ချောင်းအမျိုးအစားတွေမှာ မတူညီတဲ့ METAL ပါဝင်မှု ရာခိုင်နှုန်းတွေ၊
မတူညီတဲ့ ဆွဲဆန့်အားနဲ့ ဖိအားခံနိုင်မှု ရာခိုင်နှုန်းတွေ ကိုယ်စီရှိကြပါသေးတယ်။
ဒီအုပ်စုလေးခုဟာ အားလုံးအစုံမပါသေးပါဘူး၊ တခြားအမျိုးကွဲတွေကျန်ပါသေးတယ်။
ဗဟုသုတ အဖြစ်လေ့လာဖို့ ရှာဖွေတင်ပြပေးထားတာဖြစ်ပါတယ်။
နောက်ပြီး ဝရိန်ချောင်း မော်ဒယ်တစ်မျိုးချင်းစီမှာ အချင်းအရွယ်အစားတွေလည်း အမျိုးမျိုးထပ်ရှိဦးမှာဖြစ်ပါတယ်။
နိုင်ငံတကာစံသတ်မှတ်ချက် AWS(American Welding Society) CODE တွေနဲ့သွားတာဖြစ်တဲ့အတွက် တိုက်ရိုက်နားလည်ဖို့တော့သိပ်မလွယ်ပါဘူး။
လုပ်ငန်းလမ်းကြောင်းပေါ်က သူတွေအတွက်ကတော့ မဖြစ်မနေ ဆက်လေ့လာဖို့လိုပါမယ်။

ပြည်တွင်းဈေးကွက် အခေါ်အရပြောရရင်တော့
1. အရည်ကျိုဝရိန်ချောင်း=GEMINI WELDING ELECTRODE-E6013(GEMINI-NI55)
2. စတီးဝရိန်ချောင်း= STAINLESS STEEL WELDING ELECTRODE-AWS-E308-16
3. ကြေးဝရိန်ချောင်း= COPPER ALLOY WELDING ELECTRODE-OK 94.25
စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြပါတယ်။

ဝရိန်ချောင်းတွေမှာ အတွင်း METAL အူတိုင်ရှိပါတယ်။ ဒီအူတိုင်ရဲ့ဘေးပတ်လည်မှာ FLUX လို့ခေါ်တဲ့
ဓာတုဗေဒ ဓာတ်ကူပစ္စည်းနဲ့ဖုံးအုပ်ပေးထားပါတယ်။
ဝရိန်ဆော်ပြီးတဲ့အခါ ဒီဓာတ်ကူပစ္စည်းဟာ ချော်ရည်(SLAG) အသွင်ပြောင်းသွားပြီး ဝရိန်သားနဲ့
ပြင်ပလေ(OXYGEN AND OTHER GASES) တိုက်ရိုက်ထိတွေ့မှုမရှိအောင် ကာကွယ်ပေးပါတယ်။
ဒါ့ကြောင့် ဝရိန်သား သပ်ရပ်သေချာစေပါတယ်။
ဆော်ပြီးသားနဘေးမှာ နောက်ထပ်တစ်ကြောင်း ထပ်ဆွဲဖို့ကတော့ ချော်(SLAG)တွေကို ခေါက်ပြီးပြန်ခွာချဖို့၊ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။
ဒါဟာလုပ်ငန်းမြန်ဆန်စေဖို့အတွက် အားနည်းချက်တစ်ခုဖြစ်ပါတယ်။
ချော်(SLAG) တွေကို ခွာမချပဲ ထပ်ဆော်မယ်ဆိုရင်တော့ ဝရိန်သား သပ်ရပ်သေချာမှု အားနည်းမှာဖြစ်ပါတယ်။
မိမိဝရိန်ဆော် တွဲဆက်လိုတဲ့ METAL မျက်နှာပြင်တွေဟာ ဆေးတွေ၊ ဆီချေးတွေ သန့်ရှင်းနေဖို့လည်း အထူးလိုအပ်ပါတယ်။
ဂဟေဆော်လုပ်ငန်းစဉ်ဟာ သာမန်တွဲဆက်ရုံတင်မဟုတ်ပါဘူး။ ရေလုံအောင်ဆော်ရတာတွေ၊ လေလုံအောင်ဆော်ရတာတွေလည်းရှိပါတယ်။
နောက်တစ်ချက်ဂရုပြုရမှာက ဝရိန်ဆော်တဲ့အခါ အနေအထား(POSITION) တွေဖြစ်ပါတယ်။
ဝရိန်ချောင်းကို ဘယ်လိုဆက်ကြောင်းတွေမှာ ဘယ်လောက်ဒီကရီစောင်းပြီးဆော်မလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
ဒါကလည်း ဝရိန်ဆရာတိုင်း အယူအဆ မတူကြတာတွေ့ရပါတယ်။
လုပ်ငန်းကနေအဆင်ပြေသလို သင်သွားကြတာများပါတယ်။ စာနဲ့ပေနဲ့လေ့လာလို့လည်းရပါတယ်။
ဝရိန်လုပ်ငန်းခွင်ဟာ အခြေနေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးလည်း ရှိနေတာဖြစ်ပါတယ်။
တချို့လုပ်ငန်းခွင်က
#လေဟာနယ်မှာ ဆော်ရတာမျိုးတွေ၊ တချို့ကတော့
#အပြင်လေထုထဲမှာ ဆော်ရတာတွေ၊ တချို့က
#ရေအောက်မှာဆော်ရတာတွေ စသည်ဖြင့် အမျိုးမျိုးပါပဲ။
ဒီ MMA WELDING MACHINE တွေဟာ ရေအောက်မှာ အသုံးပြုလို့လည်းရပါတယ်။
စက်ကတော့ ကုန်းပေါ်မှာထားခဲ့ပြီး ဆော်ကြိုး၊ အပ်ကြိုးကို ရေထဲချရမှာဖြစ်ပါတယ်။

#ဆောင်ရန်ရှောင်ရန်အနေနဲ့
***************************
၁။ ဦးစွာ အ၀င်မီးအား အနေအထားကို သေချာစွာ စစ်ဆေးပါ။

၂။ အိမ်သုံးမီတာ နှင့်အသုံးပြုမည်ဆိုလျှင် အ၀င်ဗို့အား (voltage) ကိုသေချာစွာ တိုင်းတာပါ။

၃။ မီးစက်ဖြင့် အသုံးပြုမည်ဆိုလျှင် ၄င်းစက်၏ ဗို့အား(220 volt)၊ မီးထွက်ပမာဏ(kw)၊ ကြိမ်နှုန်း(50 Hz)
၊ အင်ဂျင်နှင့် ဒိုင်နမို၏ ပူလီအချိုး စသည်တို့ကို သေချာစွာ စစ်ဆေးပါ။

၄။ အ၀င်ဗို့အား (220 VAC ±15) နှင့် ကြိမ်နှုန်း (50 Hz) သည် အသင့်တော်ဆုံးဖြစ်ပါသည်။

၅။ မီးအ၀င်လိုင်းနှင့် အထွက်လိုင်းရှိ ဝါယာဆက်ကြောင်းများ မြဲမြံစွာရှိရန် အထူးလိုအပ်ပါသည်။

၆။ ဗို့အားအတက် အဆင်းများသော အနေအထားတွင် လုံး၀ အသုံးမပြု သင့်ပါ။

၇။ မိမိအသုံးပြုမည့် ၀ရိန်ချောင်းနှင့် သင့်တော်ကိုက်ညီသော အမ်ပီယာ အနေအထားကို ချိန်ညှိပါ။

၈။ အမ်ပီယာ နည်းလွန်းလျှင် ၀ရိန်စက် အပူရှိန်တက်၍ သက်တမ်းတိုနိုင်ပါသည်။

၉။ ၀ရိန်လုပ်ငန်းပြုလုပ်စဉ် ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာ ၀တ်ဆင်ထားရန် လိုအပ်ပါသည်။

၁၀။ အမြင်အာရုံကို ထိခိုက်နိုင်သော စူးရှ သည့် အလင်းရောင်ထွက်ပါမည်။

၁၁။ အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သော ၀ရိန်မီးခိုးများထွက်ပါမည်။

၁၂။ လုပ်ငန်းခွင် အနီးတွင် မီးလောင်လွယ်သော ဓာတုပစ္စည်းများ လုံး၀မရှိစေရပါ။

၁၃။ လုပ်ငန်းလုပ်ချိန်နှင့် သိမ်းဆည်းထားချိန် အတွင်း ၀ရိန်ပုံးအတွင်းသို့ ရေခိုးရေငွေ့များ မ၀င်ရောက်နိုင်စေရန် အထူးဂရုပြုပါ။

၁၄။ အကယ်၍ ၀ရိန်ပုံးအတွင်း အပူချိန်(85 degree C) ၀န်းကျင် တက်ပါက အလိုအလျောက် ကာကွယ်မှု
စနစ် စတင် အလုပ်လုပ်ပြီး အထွက်ဗို့အားရပ်ဆိုင်းသွား ပါမည်။

၁၅။ ၄င်းအချိန်တွင် O.C (over current) မီးလုံးအနီရောင် လင်းလာပါမည်။

၁၆။ ၀ရိန်ပုံးကို မီးအားဖြတ်တောက်ပြီး ခေတ္တ အနားပေးရန် လိုအပ်ပါသည်။

၁၇။ ပတ်၀န်းကျင် အပူချိန်အပေါ် မူတည်၍ ၁၀မိနစ် (အကြမ်းဖျင်း) ခန့်တွင် အတွင်းပိုင်းဆားကဒ်
ပုံမှန်အတိုင်း ပြန်လည် အလုပ်လုပ်ပါမည်။

၁၈။ အဆင်မပြေဖြစ်ပါက တတ်ကျွမ်း သူများထံမှ အကြံဉာဏ် တောင်းယူပါ။

၁၉။ မိမိသဘောဖြင့် ပြုပြင်လိုပါက လျှပ်စစ် အန္တရယ် မဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်ပါ။

၂၀။ ၀ရိန်ပုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသည့်တိုင် အတွင်းဆားကဒ်များတွင် ဗို့အား
(400V) ခန့်သည် နာရီများစွာခိုအောင်းနေနိုင်ပါသည်။

#သတိပြုရန်အနေနဲ့ကတော့
***************************
မည်သည့်ဝရိန်လုပ်ငန်းဖြစ်ပါစေ လေဝင်လေထွက်ကောင်းတဲ့ နေရာဖြစ်ဖို့လိုပါတယ်။
စူးရှတဲ့အလင်းရောင်ထွက်ပါတယ်။ မျက်ကြည်လွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
လူ့အဆုတ်ကို ထိခိုက်စေနိုင်တဲ့ဓာတ်ငွေ့များ (CARBON DIOXIDE/ OZONE FUMES)ထွက်ပါမယ်။
ကာကွယ်မှုပစ္စည်း အစုံအလင်နဲ့သာ လုပ်ငန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လျှပ်စစ်အန္တရာယ် မဖြစ်စေဖို့ အသုံးပြုဝါယာကြိုးအရွယ်အစား၊ မီးအား၊
လုပ်ငန်းခွင်ပတ်ဝန်းကျင် စိုထိုင်းမှုအခြေအနေ၊ မီးလောင်လွယ်သောပစ္စည်းများ စသည်ဖြင့် ဂရုပြုစရာတွေများပါတယ်။
တချို့သူတွေ မျက်ကန်းတစေ မကြောက်လုပ်နေတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆင်ခြင်ပြင်ဆင်ကြဖို့လိုပါတယ်။

METAL အချို့ရဲ့ အရည်ပျော်မှတ် အပူချိန်တွေကိုလည်း ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။

#PLATNIUM (ပလက်တီနမ်)=1768 °C🌡🌡🌡
#IRON (သံ)=1538 °C🌡🌡🌡
#MANGANESE (မဂ္ဂနီးစ်)=1246 °C🌡🌡🌡
#COPPER (ကြေး)=1084 °C🌡🌡🌡
#GOLD (ရွှေ)=1064 °C🌡🌡🌡
#SILVER (ငွေ)=961 °C🌡🌡🌡
#ALUMINIUM (အလူမီနီယမ်)=660 °C🌡🌡🌡
#MAGNASIUM (မဂ္ဂနီစီယမ်)=650 °C🌡🌡🌡
#ZINC (သွပ်)=419 °C🌡🌡🌡
#LEAD (ခဲ)=327 °C🌡🌡🌡

ကျွန်တော်တို့ ကျင်းလုံမြန်မာ အနေနဲ့
#KEPU အမှတ်တံဆိပ်၊
#KENDE အမှတ်တံဆိပ်၊
#JASIC အမှတ်တံဆိပ်၊
#ARRMAN အမှတ်တံဆိပ်
Inverter Welding Machine တွေကို မြန်မာပြည်ကိုယ်စားလှယ်အဖြစ်
တင်သွင်းဖြန့်ဖြူးနေတာဖြစ်ပါတယ်။