Knowledge

MIG Welding

MIG Welding

ခုမိတ်ဆက်ပေးထားတာကတော့
#GMAW
(#Gas_Metal_Arc_Welding)

#MIG welding machine (#Metal_Inert_Gas)

#MAG welding machine
(#Metal_Active_Gas) စသည်ဖြင့်
အခေါ်အမျိုးမျိုးရှိပါတယ်။

များသောအားဖြင့် DC inverter type #welding_machine တွေဖြစ်ကြပါတယ်။

အလုပ်လုပ်ပုံအနေ wire electrode နဲ့ ဝရိန်ဆော်မယ့် ပစ္စည်းကြားမှာ electric arc လျှပ်စစ်မီးပွင့်ဖြစ်ပေါ်ပြီး
အရည်ဖျော်ချခြင်းအားဖြင့် သတ္ထု(သို့)စတီးကို တွဲဆက်စေတာဖြစ်ပါတယ်။ တွဲဆက်နေတုန်းမှာ ထိချက်ရဲ့အပြင်ပတ်လည်ကနေ
ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ဓာတ်ငွေ့နဲ့ ကာဗာ(shield) လုပ်ပေးထားရတာမျိုးပါ။ ဝရိန်ဆော်နေတဲ့နေရာကို ပြင်ပလေထုနဲ့ မထိတွေ့စေဖို့ဖြစ်ပါတယ်။
ဒီလိုကာမထားရင် ဝရိန်သားမှာ လေပေါက်ငယ်လေးတွေပါကုန်မှာဖြစ်ပါတယ်။
ဒါဆိုရင် လေ၊ အရည်
လုံမှာမဟုတ်တော့ပါဘူး။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ပြင်ပလေထုဆိုတာဟာ နိုက်ထရိုဂျင်(nitiogen) 78%+ အောက်ဆီဂျင်(oxygen) 21% နှင့်
အခြားဓာတ်ငွေ့အရော 1% ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ဓာတ်ငွေ့ဟာ semi-inert gas ဓာတ်ငွေ့အမျိုးအစားတစ်ခုဖြစ်ပါတယ်။
တခြားဓာတ်ငွေ့အမျိုးအစားတွေကိုလည်းအသုံးပြုနိုင်ပါသေးတယ်။
argon+carbon dioxide+oxygen သည်သုံးမျိုးရောစပ်ထားတဲ့ ဓာတ်ငွေ့အရောကို သံမဏိ (steel) ဝရိန်ဆော်ခြင်းလုပ်ငန်းတွေမှာ လည်းသုံးပါတယ်။
လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီး ရောစပ်ပုံအချိုးများစွာရှိပါတယ်။
electric arc, CO2 gas, wire electrode ဒီသုံးမျိုးစလုံးဟာ ဝရိန်ဆော်ဂေါက်ကနေထွက်လာတာ ဖြစ်ပါတယ်။
တွဲဆက်ပြီးတဲ့အခါ ဆက်ကြောင်းနေရာမှာ MMA Welding မှာလိုမျိုး ဝရိန်ချော်သားဖြစ်ပေါ်မှုမရှိပါဘူး။
တချို့မော်ဒယ်မြင့် အမျိုးအစားတွေမှာ ဆော်ဂေါက်အတွင်း ရေလိုင်းပါတာတွေလည်း ရှိပါသေးတယ်။ Heavy duty အမျိုးအစားတွေပေါ့လေ။

wire electrode ဟာ ဆော်ကြိုးအလယ်ကနေ ဖြည်းဖြည်းချင်းထွက်လာပြီး အရည်ပျော်တွဲဆက်သွားတာဖြစ်ပါတယ်။
wire electrode အချင်းအရွယ်အစားတွေကို (0.6/0.8/1/1.2/1.4/1.6mm) စသည်ဖြင့် အမျိုးမျိုးထုတ်လုပ်ကြပါတယ်။
ပြည်တွင်းမှာ အသုံးများကြတာကတော့ (0.8 & 1 mm) တွေဖြစ်ပါတယ်။
နောက်တစ်ခု က wire electrode အမျိုးအစားဖြစ်ပါတယ်။ ပါဝင်တဲ့ဓာတ်သတ္ထု အမျိုးအစား မတူကွဲပြားတဲ့ အနေအထားတွေလည်းရှိပါသေးတယ်။
အရည်ပျော်မှတ်၊ ဆွဲဆန့်နိုင်အား စသည်ဖြင့် ဂုဏ်သတ္တိမတူညီတဲ့ သံ၊
သတ္ထု အမျိုးအစားတွေ၊
စားသောက်ကုန်ထုတ်ဆိုင်ရာလုပ်ငန်း လိုအပ်ချက်တွေ၊
ပင်လယ်ရေနဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်း ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း လိုအပ်ချက်တွေ၊
မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းလိုအပ်ချက်တွေ၊
စတာတွေကြောင့် သည်လို ကွဲပြားတဲ့ အမျိုးအစားတွေ ထုတ်လုပ်ကြရတာဖြစ်ပါတယ်။

ဥပမာအနေနဲ့..........
1. maganese-silicon alloyed wire
2. copper coated maganese-silicon alloyed wire
3. maganese-molybdenum alloyed wire
4. chromium-molybdenum alloyed wire
5. nickel-copper alloyed wire
6. chromium-nickel-molybdenum alloyed wire
စသည်ဖြင့် အမျိုးမျိုးရှိတဲ့အထဲကမှာ တချို့ကိုဖော်ပြပေးထားပါတယ်။
ဖော်ပြထားတဲ့ အမျိုးအစားတွေထဲမှာကို ပါဝင်တဲ့ ရာခိုင်နှုန်းအပေါ်မူတည်ပြီး alloyed series တွေရှိပါသေးတယ်။
ဈေးနှုန်းတွေဟာလည်း အမျိုးမျိုး ဖြစ်နေမှာပါ။ မိမိအသုံးပြုမယ့် metal အမျိုးအစားနဲ့ကိုက်ညီအောင် မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ဖို့လိုပါတယ်။
ဈေးကွက်မှာ အလွယ်တကူ ဝယ်မရတဲ့အခါ အနီးစပ်ဆုံး ရွေးချယ်ရတာတွေလည်း ရှိနိုင်ပါတယ်။

wire feeding speed ကို MIG Welding Machine တော်တော်များများမှာ 2~10 m/min ဝန်းကျင် နှုန်းအထိ လိုအပ်သလို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။
ဘယ်လောက် နှုန်းထားမလဲဆိုတာကတော့ လုပ်ငန်းလိုအပ်ချက်နဲ့ ကျွမ်းကျင်မှု အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
အပါးဆော်၊ အထူဆော် နှစ်မျိုးစလုံးသုံးနိုင်ပါတယ်။ သည်အထူအပါး ဆိုတဲ့အပေါ်မှာမူတည်ပြီး wire electrode အရွယ်အစား၊ wire feeding speed စသည်ဖြင့် ဂရုပြုရွေးချယ်ဖို့တော့လိုမှာပါ။
ဒီဝရိန်အမျိုးအစားဟာ outdoors လုပ်ငန်းစဉ်တွေမှာ အသုံးနည်းကြပါတယ်။ များသောအားဖြင့် indoors လုပ်ငန်းတွေဖြစ်တဲ့ စက်ရုံ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာပဲ အသုံးများကြတာဖြစ်ပါတယ်။
အမြင့်မှာတက်ပြီး လုပ်ရတဲ့ လုပ်ငန်းစဉ်တွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ မြင့်တာနိမ့်တာ၊ ထူတာပါးတာထက် မိမိလုပ်ငန်းနဲ့ သင့်တော်သလို အသုံးချနိုင်ဖို့ပဲအရေးကြီးပါတယ်။

#သတိပြုရန်အနေနဲ့ကတော့
မည်သည့်ဝရိန်လုပ်ငန်းဖြစ်ပါစေ လေဝင်လေထွက်ကောင်းတဲ့ နေရာဖြစ်ဖို ့လိုပါတယ်။
စူးရှတဲ့အလင်းရောင်ထွက်ပါတယ်။
မျက်လုံးကို ကာကွယ်ထားဖို ့လိုပါတယ်။
အပူငွေ့ထွက်ပါတယ်။
လူ့အဆုတ်ကို ထိခိုက်စေနိုင်တဲ့ဓာတ်ငွေ့ထွက်ပါမယ်။
ထွက်လာတဲ့ မီးပွင့်တွေဟာ လူ့အရေပြားကို လောင်ကြွမ်းစေနိုင်ပါတယ်။
ကာကွယ်မှုပစ္စည်း အစုံအလင်နဲ့သာ လုပ်ငန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လျှပ်စစ်အန္တရာယ် မဖြစ်စေဖို့ အသုံးပြုဝါယာကြိုးအရွယ်အစား၊ မီးအား၊ လုပ်ငန်းခွင်ပတ်ဝန်းကျင် စသည်ဖြင့် ဂရုပြုစရာတွေများပါတယ်။
တချို့သူတွေ မျက်ကန်းတစေ မကြောက်လုပ်နေတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆင်ခြင်ပြင်ဆင်ကြဖို့လိုပါတယ်။

ဒီလောက်ဆိုရင် #MIG_Welding_Machine အကြောင်း အကြမ်းသဘောတော့ သိနိုင်မယ်လို့ထင်ပါတယ်။
ကျွန်တော်တို့ ကျင်းလုံမြန်မာက
#KEPU အမှတ်တံဆိပ်၊
#KENDE အမှတ်တံဆိပ်၊
#JASIC အမှတ်တံဆိပ်၊
MIG ဝရိန်စက် အမျိုးအစားအချို့တင်သွင်းဖြန့်ဖြူးထားပါတယ်။
မော်ဒယ်၊ ဒီဇိုင်း တွေဟာ အမျိုးရှိနေတာမို့စုံတယ်လို့တော့ရှိမှာ မဟုတ်နိုင်ပါဘူး။
ဘော်ဒါတွေ လိုတဲ့အခါ သတိရနိုင်စေဖို့ မျှဝေတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။