Piston air compressor overloading
#ရေအောက်အနက်များလေ #ဖိအားများလေ
မြေအောက်ရေတွင်းတွေကနေ လေမှုတ်ကွန်ပရက်ဆာတွေ အသုံးပြုပြီး ရေတင်ကြတဲ့အခါ
ဖိအားဆိုတာ မစဉ်းစားလို့မရပါဘူး။
ဒီလိုလုပ်ငန်းစဉ်တွေ အတွက် ကွန်ပရက်ဆာတွေကို ရွေးချယ်ကြတဲ့အခါ စိတ်မှန်းလောက်တင် ပွဲပြီးသွားကြတာများပါတယ်။
ရေတွင်းမှုတ်ဖို့ ကွန်ပရက်ဆာတွေ ဝယ်ကြတဲ့အခါ
ဖိအားဘယ်လောက်အထိမှုတ်နိုင်သလဲဆိုတဲ့ မေးခွန်းမေးတဲ့သူဆိုတာ မရှိသလောက်ကိုရှားပါတယ်။
များသောအားဖြင့် မော်တာဘယ်နှစ်ကောင် ကြေးကွိုင်အပြည့် ဘာညာ လောက်သာမေးလေ့ရှိကြတယ်။ ကွန်ပရက်ဆာဆိုရင်လည်း ဘယ်နှစ်လုံးထိုး ဘယ်နှစ်လက်မ စသည်ဖြင့် နှုတ်တိုက်ကျက်ထားသလို မေးခွန်းမျိုးတွေ အများဆုံးကြုံရပါတယ်။
လည်ပတ်အားဘယ်လောက်မှာ လေထုထည် ဘယ်လောက်ထွက်သလဲဆိုတဲ့မေးခွန်းလည်း မရှိသလောက်ပါပဲ။
စက်ရုံအလုပ်ရုံနဲ့ ဓာတ်သတ္ထုတူးဖော်ရေးနယ်ပယ်ကသူတွေပဲ
အထက်ပါမေးခွန်းတွေမေးကြတာများပါတယ်။
သူတို့ ဘာ့ကြောင့်အဲ့ဒါတွေမေးကြသလဲဆိုရင်
တွဲဖက်အသုံးပြူရတဲ့ ဂန်းတွေ၊ စက်တွေဟာ သတ်မှတ်လေဖိအားနဲ့ လေစီးနှုန်း မမီရင် အလုပ်မတွင်ပါဘူး။ ဒါကြောင့် လုပ်ငန်းကသင်သွားတာမို့ လိုအပ်ချက်အရ မေးကြတာပါ။
အခုပြောချင်တာက ရေတွင်းမှုတ်ကိစ္စပါ။
ကြုံခဲ့ဖူးတဲ့ အမှတ်ရစရာလေးတစ်ခုရှိတယ်။
တွင်းဆရာက
" ညီလေး မင်းပေအနက်မမေးနဲ့ ငါပြောတဲ့ ပစ္စည်းပဲဈေးပြောတဲ့"
တခါတလေ အဆင်မပြေလို့ ပစ္စည်းပြန်လာလဲတဲ့အခါ
အဲ့တွင်းဆရာကပါမလာတော့ဘူး။
စက်ရှင်ပဲ ကလည်ကလည်နဲ့
ပြန်ရောက်လာတယ်။
ဒီအခါမျိုးတွေမှာလည်း လိုအပ်သလိုညှိနှိုင်းပြီး
အဆင်ပြေအောင် ဆောင်ရွက်ပေးရတာပေါ့လေ။
ဈေးကွက်မှာ အသုံးများတဲ့ ပစ္စတင် ကွန်ပရက်ဆာတွေဆိုတာ
စက်ရုံတွေရဲ့ ညွှန်ကြားချက်အရ 116psi ဝန်းကျင်သာ နိုင်နိုင်နင်းနင်းစွမ်းကြပါတယ်။ ဒါကိုသတိချပ်ရပါမယ်။
သတ်မှတ်ဖိအားထက်ကျော်သုံးရင် သက်တမ်းတိုမယ်။
မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေ တန်းစီတက်လာပါမယ်။
ဒါ့ကြောင့် မြေအောက်ရေမှုတ်ဖို့ ကွန်ပရက်ဆာဝယ်တဲ့အခါ
တွင်းအချင်း၊ တွင်းအနက်၊ ရေပြင်မြေပြင်အကွာအဝေး၊
ဒါလေးတွေ သိထားဖို့လိုပါတယ်။
မော်တာနဲ့သုံးမှာဆိုရင် လက်ရှိအဝင်မီးအားအခြေအနေ လည်းကြိုတင် သိထားမှ လိုအပ်သလို အကြံဉာဏ်ရယူနိုင်မှာဖြစ်ပါတယ်။ မော်တာပူလီဘယ်နှစ်လက်မ ရိုက်မယ်စသည်ဖြင့်ပေါ့။
အင်ဂျင်နဲ့သုံးမှာဆိုရင်လည်း ကွန်ပရက်ဆာရဲ့ အများဆုံးခွင့်ပြုလည်ပတ်အား သိထားဖို့လိုပါတယ်။ စိတ်ရှိတိုင်းလီဗာစွတ်တင်နေလို့ကတော့ စလစ်ပြတ်ထွက်တာတွေ၊ ကွန်နတင်းပြတ်ထွက်တာတွေ၊ ဘလောက်အိုးကွဲတာတွေ စတာတွေ ဖြစ်နိုင်ပါတယ်။
ကိုယ်လိုချင်တဲ့ ဖိအားကိုဝယ်ဖို့ ဈေးမတတ်နိုင်တာတွေ၊ ဈေးကွက်မှာ မရှိတာတွေလည်း ကြုံရနိုင်ပါတယ်။
အဲ့ဒီလိုအခါမျိုးတွေမှာ ဖြစ်ကာမှဖြစ်ရော ရသလောက်ထိန်းမောင်းမယ်ဆိုတာမျိုးတွေလည်းရှိနိုင်ပါတယ်။
ပစ္စတင်အမျိုးအစား တစ်ဆင့်ဖိကွန်ပရက်ဆာတွေမှာ
သတ်မှတ်ဖိအား 116 psi ဝန်းကျင်ကိုကျော်လာတဲ့အခါ
လေထွက်ပမာဏဟာ ကျသွားပြီး ပူလီ၊ ကရိုင်း၊ ပစ္စတင်၊
ကွန်နတင်းတွေမှာ ဝန်ရုန်းပိုများလာပါတယ်။
မှုတ်လိုက်တဲ့လေဟာလည်း ဘလောက်အိုးမှာရှိတဲ့ လေရှိုက်ပေါက်ကနေ အပြင်ကို ပြန်ထွက်ပါတယ်။ ဒီတော့ တွင်းထဲသွားတဲ့
လေပမာဏဟာလည်း နည်းသွားပါတယ်။ ဒါဆိုရေထွက်လည်းနည်းပြီပေါ့။
ဒီလိုအခြေအနေမှာ အင်ဂျင်နဲ့မောင်းတဲ့ သူတွေဟာ
လီဗာတင်လေ့ရှိပါတယ်။ သတ်မှတ်လည်ပတ်အားကျော်မယ်။
သတ်မှတ်ဖိအားလည်းကျော်မယ်ဆိုရင် သက်တမ်းကိစ္စက
တိုပါပြီ။ အခန့်မသင့်ရင် ကွန်နတင်းဘယ်ယာရင်ဖမ်းသွားတာ၊
ပစ္စတင်ကြပ်သွားတာ၊ ဘလောက်ကွဲထွက်တာတွေ ဖြစ်ပါမယ်။
တွင်းပြိုပြီးပိတ်နေတာကို အင်ဂျင်လီဗာဇွတ်တင်ပြီးမှုတ်ရင်လည်း
အထက်က ပျက်စီးမှု အချက်တွေဖြစ်နိုင်ပါတယ်။
အချိန်တိုတိုနဲ့ ပျက်စီးပြီး ပြန်ရောက်လာတဲ့ အခါတွေမှာလည်း
သိသိကြီးနဲ့ အဆင်ပြေအောင် လိုက်လျော
ဆောင်ရွက်ပေးလိုက်ရတာတွေရှိပါတယ်။ #စိုတဲ့လက်တွေမခြောက်စေဖို့ပါ။
အချုပ်အားဖြင့်ပြောရရင်
#မိမိဝယ်မယ့်ကွန်ပရက်ဆာရဲ့စွမ်းဆောင်ရည်
#မိမိတွင်းရဲ့အနေအထား
#မိမိသုံးလိုတဲ့ငွေပမာဏ
စတာတွေကို သေချာသုံးသပ်
နားလည်သူနဲ့ တိုင်ပင်ပြီးမှသာ ဆောင်ရွက်သင့်ကြောင်း
အကြံပြုလိုတာပါပဲ။
ဘော်ဒါတွေအားလုံးမြေအောက်ရေတင်လုပ်ငန်းတွေ
အဆင်ပြေတွက်ချေကိုက်ကြပါစေ....![]()
![]()
![]()
#ကျင်းလုံမြန်မာ
#xinya
#arrman
#ayar
#ကွန်ပရက်ဆာ
#air_compressor
#gdmmknowledge
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery