TIG Welding
ခုမိတ်ဆက်ပေးထားတာကတော့
#TIG welding machine (#Tungsten_Inert_Gas)အမျိုးအစားဖြစ်ပါတယ်။
#GTAW (#Gas_Tungsten_Arc_Welding) လို့လည်းခေါ်ကြပါသေးတယ်။
စက်တည်ဆောက်ပုံအနေနဲ့ကတော့ MMA welding machine နဲ့ သိပ်မကွာပါဘူး။
ARGON (inert gas) နဲ့ ပံ့ပိုးပြီး အသုံးပြုရတဲ့ လုပ်ငန်းစဉ်တစ်ခုပိုပါတယ်။
ARGON GAS မှမဟုတ်ပါဘူး အခြားမည်သည့် #INERT_GAS နဲ့မဆို တွဲသုံးနိုင်ပါတယ်။
အသုံးပြုသူရဲ့ အယူအဆအပေါ် မူတည်တာမို့
ဒါကတော့ ပြည်တွင်းဓာတ်ငွေ့ဈေးကွက်ရဲ့ စုံလင်စွာရှိမှုနဲ့
ဈေးတန်း အပေါ်မှာသာမူတည်ပြီး သင့်သလိုရွေးချယ်ရုံသာဖြစ်ပါတယ်။
အရပ်ခေါ်အားဖြင့် အပ်ဆိုတဲ့ tungsten ချောင်းကို အသုံးပြုပြီး ဝရိန်ဆော်တာဖြစ်ပါတယ်။
သည်အပ်ဟာ ချိန်ညှိမှုမှန်ကန်မယ်ဆိုရင်၊ ဆော်တဲ့
ပစ္စည်းနဲ့အကွာအဝေးမှန်ကန်စွာ အသုံးပြုနိုင်မယ်ဆိုရင် ကုန်မသွားပါဘူး။
ဒါ့ကြောင့် non-consumable electrode လို့ဆိုပါတယ်။
အပ်အရွယ်အစား အမျိုးမျိုးရှိပါတယ်။
များသောအားဖြင့် အချင်း 1.6mm/ 2mm/ 2.4mm စတဲ့အရွယ်တွေ အသုံးများပါတယ်။
အထွက်လျှပ်စီးကြောင်းအနေနဲ့ DC တစ်မျိုးတည်းထွက်တာလည်းရှိပါတယ်။
AC/ DC နှစ်မျိုးစလုံးလိုသလို အထွက်ကိုချိန်လို့ရတဲ့ အမျိုးအစားတွေလည်းရှိပါတယ်။
ဒီလိုနှစ်မျိုးစလုံးချိန်လို့ရတဲ့အမျိုးအစားတွေကို #PULSE_TIG လို့လည်းခေါ်ကြပါတယ်။
အသုံးပြုနိုင်တဲ့ နေရာတွေကတော့ အလူမီနီယံ၊ မဂ္ဂနီဆီယံ၊ ကောပါးအလွိုင်း၊
စတိန်းလတ်စတီး ဂဟေဆော်ခြင်းလုပ်များဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ စတီးအလှဆင်လုပ်ငန်းတွေမှာ အသုံးများကြပါတယ်။
စတိန်းလတ်စတီး တွေမှာ FILLER ROD မပါပဲ
အသုံးပြုကြပေမယ့် တခြားလုပ်ငန်းစဉ်တွေမှာတော့
ကြေးချောင်း၊ သတ္ထုချောင်းစတဲ့ FILLER ROD တွေကိုအသုံးပြုကြပါသေးတယ်။
ဒီလို FILLER ROD ကိုအသုံးပြုပြီး အက်ကွဲကြောင်းတွေ ဖို့တဲ့နေရာမှာ သုံးနိုင်ပါတယ်။
FILLER ROD ကိုသုံးတဲ့အခါ အမျိုးတူ သတ္ထုချင်းဖြစ်ဖို့တော့လိုပါတယ်။
အရည်ပျော်မှတ်မတူရင် တွဲဆက်လို့အဆင်ပြေမှာမဟုတ်ပါ။
INERT GAS မပါပဲတော့အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ အလူမီနီယံ၊ မဂ္ဂနီဆီယံ စတဲ့
သတ္ထုတွေဟာ ဆော်ပြီးကာစမှာ ပြင်ပလေနဲ့ထိတွေ့မိရင်
အပေါက်ငယ်လေးတွေဖြစ်သွားတတ်တာမို့ ယိုစိမ့်မှုတွေဖြစ်ပါလိမ့်မယ်။
ဒါ့ကြောင့် INERT GAS နဲ့ကာဗာလုပ်ပေးဖို့ (SHIELD) လိုပါတယ်။
ဝရိန်ဆော်တယ်ဆိုတာ METAL တွေကို အရည်ဖျော်တွဲဆက်တဲ့
နေရာမှန်သမျှ အသုံးပြုနေရတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
ဒီနေရမှာ သတိထားစရာရှိတာက METAL ကို
မြန်မာလို ဘာသာပြန်ရင် အပူနှင့် လျှပ်စစ်
စီးဆင်းနိုင်သော သတ္ထုလို့ဘာသာပြန်ပါတယ်။
သံဆိုတာ METAL အမျိုးအစားတစ်ခုဖြစ်ပြီး
METAL တိုင်းဟာသံမဟုတ်ကြပါဘူး။
သတ္ထု ဆိုတဲ့ စကားလုံးပါလို့ ရောနေမှာစိုးလို့ပြောတာဖြစ်ပါတယ်။
အာဂွန်ဂဟေစက်အသုံးပြုဖို့အတွက်
၁။ အာဂွန်ဓာတ်ငွေ့
၂။ ဓာတ်ငွေ့လှောင်အိုး
၃။ ဖိအားထိန်းဗား
၄။ ဖိအားပြမီတာ
၅။ ဓာတ်ငွေ့ပိုက်
၆။ ဂဟေဆော်စက်
၇။ Electrode
၈။ Filler rod(စတီးလုပ်ငန်းများတွင်မလိုပါ)
၉။ တွဲဆက်လိုသည့်ပစ္စည်း
၁၀။ လျှပ်စစ်စွမ်းအင်နှင့်ဝါယာကြိုး
စတာတွေ လိုအပ်ပါတယ်။
#သတိပြုရန်အနေနဲ့ကတော့
မည်သည့်ဝရိန်လုပ်ငန်းဖြစ်ပါစေ
လေဝင်လေထွက်ကောင်းတဲ့ နေရာဖြစ်ဖို့လိုပါတယ်။
စူးရှတဲ့အလင်းရောင်ထွက်ပါတယ်။
မျက်လုံးကို ကာကွယ်ထားဖို့လိုပါတယ်။
အပူငွေ့ထွက်ပါတယ်။
လူ့အဆုတ်ကို ထိခိုက်စေနိုင်တဲ့ဓာတ်ငွေ့ထွက်ပါမယ်။
ထွက်လာတဲ့ မီးပွင့်တွေဟာ လူ့အရေပြားကို လောင်ကြွမ်းစေနိုင်ပါတယ်။
ကာကွယ်မှုပစ္စည်း အစုံအလင်နဲ့သာ လုပ်ငန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လျှပ်စစ်အန္တရာယ် မဖြစ်စေဖို့ အသုံးပြုဝါယာကြိုးအရွယ်အစား၊ မီးအား၊
လုပ်ငန်းခွင်ပတ်ဝန်းကျင် စသည်ဖြင့် ဂရုပြုစရာတွေများပါတယ်။
တချို့သူတွေ မျက်ကန်းတစေ မကြောက်လုပ်နေတာတွေလည်းရှိပါတယ်။
ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆင်ခြင်ပြင်ဆင်ကြဖို့လိုပါတယ်။
METAL အချို့ရဲ့ အရည်ပျော်မှတ်
အပူချိန်တွေကိုလည်း ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။
#PLATNIUM(ပလက်တီနမ်)=1768 °C
#IRON (သံ)=1538 °C
#MANGANESE (မဂ္ဂနီးစ်)=1246 °C
#COPPER (ကြေး)=1084 °C
#GOLD (ရွှေ)=1064 °C
#SILVER (ငွေ)=961 °C
#ALUMINIUM (အလူမီနီယမ်)=660 °C
#MAGNASIUM (မဂ္ဂနီစီယမ်)=650 °C
#ZINC (သွပ်)=419 °C
#LEAD (ခဲ)=327 °C
ကျွန်တော်တို့ ကျင်းလုံမြန်မာ အနေနဲ့
#KEPU အမှတ်တံဆိပ်၊
#KENDE အမှတ်တံဆိပ်၊
#JASIC အမှတ်တံဆိပ်၊
#ARRMAN အမှတ်တံဆိပ်
#ဂဟေဆော်စက် တွေကို
မြန်မာပြည်ကိုယ်စားလှယ်အဖြစ်
အပိုပစ္စည်းများနှင့်တကွ တင်သွင်းဖြန့်ဖြူးနေတာဖြစ်ပါတယ်။
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery