1. ဤအာမခံသည် ကျင်းလုံမြန်မာမှ တင်သွင်း ဖြန့်ဖြူးထားသော စက်ပစ္စည်း အမှတ်တံဆိပ် အမျိုးမျိုး အတွက်သာ အကျုံးဝင်မည် ဖြစ်သည်။  
2. သီးခြားအာမခံ သတ်မှတ်ချက်ရှိသော ကုန်ပစ္စည်းများနှင့် အပိုပစ္စည်းများ အတွက် အကျုံးမဝင်ပါ။  
3. အာမခံသက်တမ်းအားဖြင့် ဘောက်ချာပါရက်စွဲမှစ၍ ကြာချိန် (6) လ သတ်မှတ်ပါသည်။  
4. အာမခံသက်တမ်းအတွင်း ပြုပြင်ဝန်ဆောင်မှု လက်ခ အခမဲ့ ဆောင်ရွက်ပေးပါမည်။ အခြားစရိတ်များ မပါဝင်ပါ။  
5. သက်ဆိုင်ရာ ကုန်ပစ္စည်းကို ညွှ န်းဆိုထားသော မူရင်း အဝယ်ဘောက်ချာ တင်ပြနိုင်ရမည်။  
6. သက်ဆိုင်ရာကုန်ပစ္စည်းတွင် မူလအခြေအနေ ပျက်ယွင်းခြင်းများ မရှိမှသာ အကျုံးဝင်ပါမည်။  
7. အပိုပစ္စည်းလဲရလျှင် ပစ္စည်းတန်ဖိုးကို စက်ပိုင်ရှင်မှ ကျခံရပါမည်။  
8. Service ဌာနတည်ရှိရာ မြို့တွင်းဖြစ်ပါက စက်ပစ္စည်းအမျိုးအစားနှင့် အရွယ်အစားအပေါ်မူတည်၍ ပစ္စည်းရှိရာနေရာသို့ သွားရောက်ဝန်ဆောင်မှုပေးခြင်း ( သို့) service ဌာနသို့ အသုံးပြုသူမှ ပစ္စည်းပို့ဆောင်ပေးခြင်း စသည်ဖြင့် နှစ်ဦးနှစ်ဘက် အဆင်ပြေရာတစ်ခုကို ညှိနှိုင်း ဆောင်ရွက်ပါမည်။  
9. နယ်မြို့များမှဖြစ်ပါက ကနဦး ဖုန်းအဆက်အသွယ်ဖြင့် အကြံပြု လမ်းညွှန်ဆောင်ရွက်ပြီး အဆင်မပြေပါက ကျင်းလုံမြန်မာ၏ စက်ပြင်အဖွဲ့ (သို့) ပြင်ပစက်ပြင်အဖွဲ့    တစ်ခုခုကို တာဝန်ယူ၍ စေလွှတ်ပေးပါမည်။  
10. စက်ပြင်အဖွဲ့အတွက် ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ် နှင့် ဒေသတွင်း လုံခြုံရေးအတွက် စက်ပိုင်ရှင်မှ တာဝန်ယူရပါမည်။  
11. ပြုပြင်စစ်ဆေးဝန်ဆောင်မှုများကို တန်းစီစနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်ပါက ပစ္စည်းအသုံးပြုသက်တမ်း အပေါ်မူတည်၍ သီးခြားညှိနှိုင်းဆောင်ရွက်ပါမည်။  
12. အာမခံကိစ္စနှင့်ပတ်သက်၍ အသုံးပြုသူများ မနစ်နာအောင် စီစစ်ဆောင်ရွက်ပါမည်။ အကယ်၍ အငြင်းပွားဖွယ်ရာ ပေါ်ပေါက်ပါက အကြောင်းအရာများ အားလုံး၏ အပြီးသတ် အဆုံးအဖြတ်ကို ကျင်းလုံမြန်မာကသာ ချမှတ်နိုင်သည်ဟု မှတ်ယူလက်ခံရပါမည်။  
 

ယုံကြည်စွာရွေးချယ်မှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။