“6 Month Service Warranty Policy Announcement”

********************************************************************

1.ကျင်းလုံမြန်မာမှ တင်သွင်းဖြန့်ဖြူးထားသော ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်ရမည်။

2.ကျင်းလုံမြန်မာ ကုမ္ပဏီမှတင်သွင်းထားသော ကုန်အမှတ်တံဆိပ်ဖြစ်လျှင် မြန်မာနိုင်ငံအတွင်း မည်သည့်ဆိုင်မှ ဝယ်သည်ဖြစ်စေ အကျုံးဝင်ပါမည်။

3.သက်ဆိုင်ရာပစ္စည်းကို ညွှန်းဆိုထားသော မူရင်းအဝယ်ဘောက်ချာပါရှိရမည်။

4.သီးခြားအာမခံပေးထားသော ကုန်အမှတ်တံဆိပ်များမှလွဲ၍ အခြားပစ္စည်းများကို ဝယ်ယူသည့်ဘောက်ချာပါရက်စွဲမှစ၍ (၆)လအတွင်း လက်ခမဲ့တစ်မျိုးတည်းဖြင့်သာ ပြုပြင်ပေးပါမည်။

5.သက်ဆိုင်ရာစက်ပစ္စည်းတွင် မူလအခြေအနေ ပျက်ယွင်းခြင်းများမရှိမှသာ အကျုံးဝင်ပါမည်။

6.အပိုပစ္စည်းလဲရလျှင် ပစ္စည်းတန်ဖိုးကို အသုံးပြုသူမှ ကျခံဖြေရှင်းပေးရပါမည်။

7.Service center ဌာနတည်ရှိရာမြို့တွင်းဖြစ်ပါက ပစ္စည်းအမျိုးအစားအပေါ်မူတည်၍ ပစ္စည်းရှိရာနေရာသို့သွားရောက်ပြုပြင်ပေးခြင်းနှင့် ပြုပြင်ဌာနသို့ customer မှ ပစ္စည်းလာရောက်ပို့ဆောင်ပေးခြင်း စသည်ဖြင့် နှစ်ဦးနှစ်ဘက် အဆင်ပြေရာ စနစ်တစ်ခုကို ညှိနှိုင်းအသုံးပြုပါမည်။

8.နယ်မှဖြစ်ပါက ဖုန်းဆက်သွယ်၍ ကနဦးအကြံပြုလမ်းညွှန်ဆောင်ရွက်ပြီး အဆင်မပြေပါက ပစ္စည်းတည်ရှိရာဒေသသို့ ကျင်းလုံမြန်မာ၏စက်ပြင်အဖွဲ့(သို့) ပြင်ပစက်ပြင်အဖွဲ့တစ်ခုခုကို တာဝန်ယူ၍ စေလွှတ်ပေးပါမည်။

9.ခရီးစရိတ်၊ တည်းခိုစရိတ်၊ စားစရိတ်နှင့် စက်ပြင်အဖွဲ့အတွက် ဒေသတွင်း လုံခြုံရေးကို အသုံးပြုသူ customer မှ တာဝန်ယူပေးရပါမည်။

10.ပစ္စည်းထိခိုက်ပျက်စီးမှုအတွက် ကျင်းလုံမြန်မာ၏ စစ်ဆေးမှုမှတ်ချက်များအရ နှစ်ဦးနှစ်ဘက် အသက်သာဆုံး လမ်းကြောင်းတစ်ခုကို ညှိနှိုင်းရွေးချယ်၍ ဖြေရှင်းပေးပါမည်။

11.သီးခြားညှိနှိုင်းမှုမရှိသော ဘောက်ချာပါပစ္စည်းများ၏ ပြင်ပထိခိုက်မှု အနာအဆာများကို ဘောက်ချာပါရက်စွဲ (၃)ရက်ကျော်လျှင် ပြုပြင်လက်ခတစ်မျိုးတည်းသာ အခမဲ့ဆောင်ရွက်ပေးပါမည်။

12.မူရင်းအဝယ်ဘောက်ချာ မတင်ပြနိုင်ပါက ကုမ္ပဏီ၏ အဆုံးအဖြတ်ကို လိုက်နာရပါမည်။

13.စစ်ဆေးပြုပြင်ခြင်းဆိုင်ရာကိစ္စရပ်များကို တန်းစီစနစ်ဖြင့်သာဆောင်ရွက်ပါမည်။ အချိန်ကို လုပ်ငန်းလိုအပ်ချက်အလိုက် ညှိနှိုင်းသွားပါမည်။

14.ကျင်းလုံမြန်မာ၏ VIP Member အဖွဲ့ဝင်ဖြစ်ပါက မူရင်း VIP Card တင်ပြနိုင်လျှင် ဦးစားပေးအဆင့်ဖြင့်ဆောင်ရွက်ပေးပါမည်။

15.VIP Card နှစ်ခုဆုံနေလျှင် ဦးရာလူစနစ်ကိုသာ အသုံးပြုပါမည်။

16.နယ်မြို့များမှ ပြုပြင်စစ်ဆေးဝန်ဆောင်မှု ခေါ်ယူလိုပါက အဝယ်ဘောက်ချာနံပါတ်၊ ပစ္စည်းအခြေအနေနှင့် သွားရောက်ရမည့် ဆက်သွယ်ရန်လိပ်စာတို့ကို အသုံးပြုသူမှ အပြည့်အစုံဖြေကြားပေးရပါမည်။

17.ယခု Service Warranty ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာကိစ္စအားလုံး၏ အပြီးသတ်ဆုံးဖြတ်ချက်ကို ကျင်းလုံမြန်မာကသာ ချမှတ်နိုင်သည်ဟု မှတ်ယူလက်ခံရပါမည်။