Pre-order မှာယူခြင်းကိစ္စဆောင်ရွက်ရန်
********************************

1. ကုန်ပစ္စည်းမှာသူ၏ဆက်သွယ်ရန် အချက်အလက်ပြည့်စုံစွာပေးရပါမည်။
2. မှာယူလိုသည့်ကုန်ပစ္စည်းနှင့် ပတ်သက်၍ လိုအပ်သော အချက်အလက်အပြည့်အစုံပေးရပါမည်။
3. ကျင်းလုံမြန်မာမှ ကုန်ပစ္စည်းနှင့် ပတ်သက်၍ ဈေးနှုန်းနှင့်ကြာချိန် စုံစမ်းပေးပါမည်။
4. အကြောင်းပြန်ကြားချက်ကို အများဆုံးတစ်ပတ်အတွင်း ဆောင်ရွက်ပေးပါမည်။
5. ကုန်ပစ္စည်းမှာသူမှ မှာယူဖြစ်လျှင် ကုန်ပစ္စည်းတန်ဖိုး၏ 50% ကို စရံငွေအဖြစ် ပေးအပ်သည့်နေ့တွင် ပေါက်သော ငွေဈေးနှုန်း (rmb~mmk) အတိုင်း ကနဦးပေးသွင်းရပါမည်။
6. စရံငွေပေးသွင်းရာတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ အခွင့်ရကိုယ်စားလှယ်မှသော်လည်းကောင်း၊ နှစ်ဦးနှစ်ဘက်အဆင်ပြေသော ဘဏ်မှလည်းကောင်း ကျင်းလုံမြန်မာ ဘဏ်အကောင့်သို့ ပေးသွင်းရပါမည်။
7. ဘဏ်ငွေလွှဲပြေစာပုံကို ကုန်မှာသူမှ ကျင်းလုံမြန်မာဆီသို့ ပို့ပေးရပါမည်။
8. ကျင်းလုံမြန်မာမှ စရံငွေလက်ခံဖြတ်ပိုင်း ပြန်ပေးပါမည်။
9. ကုန်ပစ္စည်းရောက်သည်နှင့် မူရင်းအမှာစာပါ အချက်များနှင့်တိုက်ဆိုင် စစ်ဆေး အကြောင်းပြန်ပေးပါမည်။
10. ကုန်မှာသူမှ ကျင်းလုံမြန်မာသို့ ကိုယ်တိုင်လာရောက်၍ မူရင်းအမှာစာပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
11. ကျန်ငွေ 50% ကို ကုန်ပစ္စည်းထုတ်ယူခြင်း(သို့) ကားဂိတ်သို့ ပို့ဆောင်ခြင်းပြုသည့်နေ့တွင် ပေါက်သော ငွေဈေးနှုန်း (rmb~mmk) အတိုင်း အကျေပေးချေ၍ ဘောက်ချာကိစ္စ ဆောင်ရွက်ရပါမည်။
12. ကုန်ပို့ရန်နေရာသည် မန္တလေးမြို့တွင်းဖြစ်ပါက နေရာအရောက်ပို ့ဆောင်ပေးပါမည်။
မှတ်ချက်။ ကုန်ပစ္စည်း တပိုင်တနိုင်အသေးများမပါဝင်ပါ။
13. ကုန်ပို့ရန်နေရာသည် နယ်မှဖြစ်ပါက သက်ဆိုင်ရာနယ်ကားဂိတ်ထံသို ့ ပို ့ဆောင်ပေးပါမည်။
14. ကုန်ပို့ပြီးလျှင် ကားဂိတ်ကုန်လက်ခံပြေစာ ဓာတ်ပုံပို့ပေးပါမည်။
15. သက်ဆိုင်ရာနယ်ကားဂိတ်မှ ပို့ဆောင်ရန်နေရာအထိ ကျန်သောကားဂိတ်သယ်ယူပို့ဆောင်ခနှင့် အခြားကိစ္စများကို ကုန်မှာသူမှ (ရောက်…ရှင်း…စစ်…ရွေး….) စနစ်ဖြင့် ဖြေရှင်းရပါမည်။
16. ကုန်မှာသူမှ ကုန်ပစ္စည်းလက်ခံရရှိသည်နှင့် ကျင်းလုံမြန်မာဆီသို့ ပစ္စည်းလက်ခံရရှိကြောင်း အကြောင်းပြန်ပေးရပါမည်။
17. ကျင်းလုံမြန်မာ နှင့်ချိတ်ဆက်၍ မှာယူထားသော ကုန်ပစ္စည်းများအတွက် အပိုပစ္စည်းလိုအပ်ပါက မူရင်းစက်ရုံများမှ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် မှာယူပေးပါမည်။
18. မှာယူထားသော ကုန်ပစ္စည်းများ ပြုပြင်စစ်ဆေးရန်လိုအပ်ပါက ကုမ္ပဏီ၏ service team မှသော်လည်းကောင်း၊ ပြင်ပအဖွဲ ့အစည်းနှင့် ချိတ်ဆက်ပေး၍သော်လည်းကောင်း သင့်တင့်သောနှုန်းထားဖြင့် ဝန်ဆောင်မှုပြုလုပ်ပေးပါမည်။
အားပေးမှုကိုကျေးဇူးအထူးတင်ရှိပါသည်။