မင်္ဂလာပါခင်ဗျာ။
ခုတစ်ခါ တင်ပြဆွေးနွေးချင်တာက ဝရိန်ဆော်စက် (သို့) သံဂဟေဆော်စက် အကြောင်းဖြစ်ပါတယ်။
အဲ့ဒီအထဲကမှ coil-type အကြောင်း သိသလောက်မျှဝေပေးမှာဖြစ်ပါတယ်။
ဒီအကြောင်း မပြောခင် ဗို့အားပြောင်းစက် အကြောင်း အရင်ပြောမှ နားလည်ရပို လွယ်ကူမှာဖြစ်ပါတယ်။
ဗို့အားပြောင်းကွိုင် (voltage transformer) မှာ အဓိက အုပ်စု ၃ အုပ်စုရှိပါတယ်။
၁။ step-up transformer(ဗို့အားမြှင့် စက်)
၂။ step-down transformer(ဗို့အားနှိမ့်စက်)
၃။ zero to zero transformer(ဗို့အားပြောင်းစက်)
၁။ step-up transformer
ဒီအမျိုးအစားကတော့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ အဝင်မီးအားနည်းတဲ့ အခါ သုံးရတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။
အဝင်ဗို့အား ဘယ်လောက်အထိ အကျခံမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး တည်ဆောက်ပုံ ဒီဇိုင်းတွေ ကွဲပြားနေနိုင်ပါတယ်။
၂။ step-down transformer
ဒီအမျိုးအစားတွေကတော့ ဝင်လာတဲ့ဗို့အားကိုလျော့ချမှာဖြစ်ပါတယ်။
ချပြီးတဲ့ဗို့အားကို တိုက်ရိုက်သော်လည်းကောင်း၊ ဒိုင်အုပ်များကိုဖြတ်စေပြီး ဒီစီလျှပ်စစ်အဖြစ်သော်လည်းကောင်း အသုံးပြုကြပါတယ်။
ကျွန်တော်တို့ရပ်ကွက်ထိပ်မှာ ရှိတဲ့ transformer ကြီးတွေဟာ step-down အမျိုးအစားများဖြစ်ပါတယ်။
ဥပမာအားဖြင့် ဝင်လာတဲ့ဗို့အား 33kv (or) 66kv ဓာတ်အားတွေကို ၂၂၀ ဗို့ရောက်အောင်လျော့ပြီး ရပ်ကွက်ထဲမှာ ဖြန့်ဝေပေးတာဖြစ်ပါတယ်။
၃။ zero to zero transformer
ဒီအမျိုးအစားကတော့ အသုံးနည်းပါးပါတယ်။
အဝင်အထွက်ဗို့ ဆတူပဲဖြစ်ပါတယ်။ လျှပ်စီးပတ်လမ်း ခွဲလိုတဲ့အခါတွေမှာ အသုံးပြုကြပါတယ်။
အဓိကအနေနဲ့ နံပါတ် (၂) step-down transformer ကို ဝရိန်စက်တွေမှာ သုံးတဲ့ကိစ္စဆက်ပြောပါမယ်။
အကြမ်းအားဖြင့် အဝင်ဗို့အား ၂၂၀ဗို့ကို အထွက်ဗို့အား ၅၀ဗို့ ဝန်းကျင်အထိလျော့ချပြီး အသုံးပြုကြပါတယ်။
စက်အမျိုးအစား၊ တည်ဆောက်ပုံအပေါ်မူတည်ပြီး အနည်းငယ် အပြောင်းအလွဲတော့ရှိနိုင်ပါတယ်။
သဘောတရားချင်းကတော့အတူတူပဲဖြစ်ပါတယ်။
အဓိကအားဖြင့် ကွိုင်ထုပ်နှစ်ခုပါဝင်ပါတယ်။
မီးအဝင်ကွိုင် (primary coil) နဲ့ မီးအထွက်ကွိုင် (seconary coil) ဒီနှစ်ခုဖြစ်ပါတယ်။
ဒီကွိုင် နှစ်ခုဆက်စပ်ချက်ကို တွက်ဖို့ ညီမျှခြင်းရှိပါတယ်။
V(primary)/V(secondary)=N(primary)/N(secondary)
V(primary)=အဝင်ကွိုင်ဗို့အား
V(secondary)=အထွက်ကွိုင်ဗို့အား
N(primary)=အဝင်ကွိုင် အပတ်ရေ
N(secondary)=အထွက်ကွိုင် အပတ်ရေ
ဒီညီမျှခြင်းကနေ မသိကိန်းရှာလို့ရပါတယ်။
ဥပမာတစ်ခုနဲ့စဉ်းစားကြည့်ရအောင်ပါ။
V(primary)=အဝင်ကွိုင်ဗို့အား=၂၂၀
V(secondary)=အထွက်ကွိုင်ဗို့အား=၁၁၀
N(primary)=အဝင်ကွိုင် အပတ်ရေ=၅၀၀
N(secondary)=အထွက်ကွိုင် အပတ်ရေ=၂၅၀
ညီမျှခြင်းထဲကို ထည့်လိုက်ရင်
220/110=500/250
=2=2
ဒီ transformer အမျိုးအစားကို (၂း၂) နှစ်အချိုးနှစ် transformer လို့လည်း ခေါ်ကြပါတယ်။
လိုအပ်သလိုတွက်ချက်နိုင်ပါတယ်။ ဒီဇိုင်းနဲ့တည်ဆောက်ပုံလည်း အမျိုးမျိုးရှိနေမှာဖြစ်ပါတယ်။
အခြေခံ သိထားပြီဆိုရင်တော့ သိပ်ခက်ခဲမှာမဟုတ်ပါဘူး။
ကွိုင်ကြိုးအပတ်ရေနဲ့ဗို့အပြင် ကွိုင်ကြိုး အချင်းကိုလည်း စဉ်းစားဖို့လိုပါတယ်။ လျှပ်စီးကြောင်း များများသုံးနိုင်ဖို့ တနည်းပြောရင် ကီလိုဝပ်များများသုံးနိုင်ဖို့
ကွိုင်ကြိုးတွေကို ကြီးထားရပါတယ်။
ဝရိန်ပုံးတွေမှာပါတဲ့ ကွိုင်ကြိုးတွေဟာ သာမန် ဗို့အားချစက်တွေနဲ့တော့ တူမှာမဟုတ်ပါဘူး။ အရွယ်အစားကြီးမားတာတွေ့ရမှာပါ။
ဒီအထဲမှာမှ အထွက်ကွိုင်ကြိုးဟာ အဝင်ကွိုင်ကြိုးထက် အရွယ် ပိုကြီးပါတယ်။ ဝရိန်ပုံးရဲ့အများဆုံးခွင့်ပြု လျှပ်စီးကြောင်း(အမ်ပီယာ) အကြီး အသေးအပေါ်မှာ မူတည်ပါတယ်။
အထွက်ကွိုင်ကတဆင့် သံချောင်း(ဝရိန်ချောင်း)ကို ရှော့တိုက်ဖျော်ချရတာမို့ဖြစ်ပါတယ်။
ကွိုင်ကြိုးအမျိုးအစားအနေနဲ့ကတော့ ကြေး၊ ဒန် အမျိုးမျိုးအသုံးပြုကြပါတယ်။
သတိပြုရန်
********
တိုက်ရိုက်လျှပ်စီးကြောင်း(AC VOLTAGE) ဝင်ပြီး တိုက်ရိုက်လျှပ်စီးကြောင်း(AC VOLTAGE)သာ ပြန်ထွက်ပါမည်။
အထွက်ဗို့ အားလျော့ထားသည်မှန်သော်လည်း ပတ်ဝန်းကျင် စိုစွတ်မှု အနေအထား နှင့်
ကာကွယ်မှု အသုံးအဆောင်များအားနည်းမှု အပေါ် မူတည်ပြီး လူကို ဓာတ်လိုက်စေနိုင်ပါသည်။
အဝင်ဗို့အားနည်းလျှင် အထွက်ဗို့အား အချိုးကျ လျော့နည်းပါမည်။
ဝရိန်ပုံးတွင်ပါသော regulator ကို လိုသလို ချိန်ညှိရန်လိုအပ်ပါသည်။
ဝရိန်နဲ့ပက်သက်၍အခက်အခဲမှန်သမျှအဆင်ပြေကြပါစေ.
ကျင်းလုံမြန်မာ
Admin