ဘော်ဒါတွေ တစ်စုံတစ်ခု တီးချင်ခေါက်ချင်တိုင်း ပစ္စည်းမစုံလို့ တခြားဘော်ဒါတွေဆီကနေ ပစ္စည်းဌားနေရတာမျိုး ကြုံဖူးလား?
ကြုံဖူးတယ်ဆိုရင် ဒီpostလေးက မိတ်ဆွေတို့ကို အတိုင်းအတာတစ်ခုထိကူညီပေးနိုင်မှာဖြစ်ပါတယ်။
အလုပ်တစ်ခုအတွက် အသုံးဝင်သည့် ကိရိယာတစ်ခုရှိခြင်းက အလုပ်ကိုမြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ပြီးမြောက်စေရန်အတွက် ခြားနားချက်အားလုံးကို ဖြစ်စေနိူင်ပါတယ်။
အိမ်တိုင်း (သို့မဟုတ်) လုပ်ငန်းတိုင်းမှာ မရှိမဖြစ်ဆောင်ထားသင့်သည့် ကိရိယာ (၁၀)မျိုးကို သိသလောက် sharing လုပ်ပေးချင်ပါတယ်။
လိုအပ်ချက်ရှိရင် comment မှာဖြည့်ပေးသွားကြပါဘော်ဒါတို့…..
(1).TOOLS BOX
ပစ္စည်းကိရိယာအစုံအလင် ပါတဲ့ Tools Boxတစ်ခုက သင့်လုပ်ငန်း (သို့မဟုတ်) သင့်အိမ်မှာ မရှိမဖြစ်ဆောင်ထားရင်မှားယွင်းတဲ့ရွေးချယ်မှုဖြစ်စေမှာမဟုတ်ပါဘူး။ဒါကြောင့်Tools Boxဟာအရင်ဆုံးရွေးချယ်သင့်ပါတယ်။Tools Boxတစ်ခုရှိနေခြင်းကြောင့်လုပ်ငန်းပိုပြီးထွင်ကျယ်စေပါတယ်။ဈေ။ကွက်ထဲမှာတော့ပါဝင်ပစ္စည်းအရေအတွက်ပေါ်မှာမူတည်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
(2).Digital Measuring Tape(ပေဘူး)
တိုင်းတာဖို့အတွက်လဲတိကျဖို့လိုပါတယ်.အဲ့လိုတိကျတဲ့အတိုင်းအတာအလျား အနံ အမြင့်တွေ အတွက် ကျွန်တော်တို့ မိတ်ဆွေတို့ ခေါ်ခေါ်နေကြတဲ့ ပေဘူးလေးလိုအပ်ပါတယ်။မိတ်ဆွေရောပေဘူးနဲ့တိုင်းသေးလား (ဒါမှမဟုတ်)ပိုပြီးတိကျခြင်ရင်Digitalလေးပြောင်းသုံးကြည့်ပါလား? ဒါကလဲမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလို့ထင်ပါတယ်။
(3).Electric Drill (လက်ကိုင်ဖောက်စက်)
အိမ်မှာဘဲသုံးသုံး ၊ လုပ်ငန်းခွင်မှာဘဲသုံးသုံး အမြဲတမ်းအသုံးဝင်တဲ့ပစ္စည်းကတော့လက်ကိုင်ဖောက်စက်တွေဘဲဖြစ်ပါတယ်။ ယနေ့ခေတ်လိုအခြေနေမျိုးမှာဆိုရင်အိမ်တိုင်းဆောင်ထားသင့်တဲ့Toolsတစ်ခုဆိုလဲမမှားပါဘူး။ ဈေးကွက်ထဲမှာတော့တံဆိပ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့လာပါတယ်။ ဝယ်ယူတဲ့အခါမှာတော့ကိုယ်ဝယ်ယူသည့် Brandခိုင်မာမှု့ , အပိုပစ္စည်း , ပြုပြင်ဝန်ဆောင်မှု့အပိုင်းဒါတွေကြည့်ပြီးမှသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
(4).Tools Box (Empty)
ကိုယ်ရဲ့တိုလီမှုတ်စ အတိုအတွာကိရိယာတန်ဆာပလာတွေ ဒီလိုBoxလေးနဲ့သေချာသိမ်းဆည်းထားရင်ပျောက်ပျက်တာမျိုးတွေမရှိတော့ဘူးပေါ့။ဒါပေမဲ့လဲဝယ်ထားသည့်ဗူးရဲ့ခိုင်ခံမှု့လေးတော့သေချာကြည့်ဝယ်သင့်တာအသေချာပါဘဲဗျ။
(5).Hack Saw (ဒိုင်းလွှ)
ဖြတ်တောက်ခြင်းလုပ်ငန်းအတွက်မရှိမဖြစ်အရာလေးပေါ့ သံဖြတ်တာတွေ ပိုက်ဖြတ်တာတွေအဓိကထာသုံးကြပါတယ်။Hack sawလို့ခေါ်ပြီးအရပ်အခေါ်တော့ဒိုင်းလွှလို့လဲခေါ်တဲ့အရာလေးပါဘဲခင်ဗျ။
(6).Claw Hammer (ဆိတ်ဂျိုလ်တူ)
အတော်အသုံးဝင်တဲ့ပစ္စည်းတစ်ခုဖြစ်ပြီးအိမ်တိုင်းမှာလဲရှိမယ်လို့ယူဆရပါတယ်.တူမရှိတဲ့အိမ်မရှိလောက်ပေမဲ့ အမြဲလိုအပ်နေတဲ့ပစ္စည်းတစ်ခုဖြစ်ပါဝင်ကြောင်းထည့်သွင်းထားခြင်းဖြစ်ပါတယ်။
(7).Adjustable Wrench(ဂွရှင်)
Multi use ကိရိယာလေးပေါ့Adjustable Wrench လို့ခေါ်ပြီးအရပ်အခေါ်ဂွရှင်လို့လဲခေါ်ကြပါတယ်။ဒီလက်နက်ခါးကြားထိုးဘယ်နတ်ဖြုတ်ဖြုတ်လို့ရတဲ့အတော်အသုံးဝင်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။
(8).Pilers (ပလာယာအမျိုးမျိုး)
ပုံစံမျိုးစုံဒီဇိုင်းမျိုးစုံနဲ့အခုလဲအသုံးဝင်ဆဲနောင်လဲအသုံးဝင်နေမဲ့ပစ္စည်းဖြစ်ပါတယ်။
(9).Slide Adjustable Knife(ဓါး)
အိမ်မှာဝါယာကြိုးတွေ မီးကြိုးတွေကိုနွာတဲ့အခါကျရင်အိမ်မှာသုံးနေတဲ့ဟင်းချက်ဓါးတွေကတ်ကြေးတွေနဲ့သုံးနေတုန်းဆိုရင်ဒါလေးဆောင်ထားလိုက်အမြဲအသုံးဝင်နေမည့်ပစ္စည်းတစ်ခုဖြစ်ပါတယ်။
(10).Screw Drivers(ကျောက်လှည့်)
Screw Driversအရပ်အခေါ်ကျောက်လှည့်ဖြစ်ပါတယ်။ စခရူနတ်များကြပ်ဖို့/ဖြုတ်ဖို့အတွက် မရှိမဖြစ်လိုအပ်သော ကိရိယာတစ်ခုဖြစ်ပါတယ်။
အထက်ပါကိရိယာ(၁၀)မျိုး အပြင်တခြားအသုံးဝင်သည့် ပစ္စည်းအတော်များများလဲရှိကြပါတယ်၊မိတ်ဆွေတို့အနေဖြင့်အိမ်မှာဆောင်ထားတဲ့ပစ္စည်းများရှိရင်လဲ အောက်ပါcommentမှာ မှတ်ချက်ရေးသွားအကြုံပြုသွားနိုင်ပါတယ်ခင်ဗျ။
အသုံးပြုလိုတဲ့ မိတ်ဆွေတွေ
တဆင့်ပြန်လည်ဖြန့်ဖြူးလိုတဲ့ မိတ်ဆွေတွေ အနေနဲ့
အောက်ကဖုန်းနံပါတ်တွေမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။
ကျင်းလုံမြန်မာ အရောင်းဌာနသို့ ဆက်သွယ်ရန်
#ကျင်းလုံမြန်မာ
82လမ်းအရောင်းပြခန်း
အမှတ်(493)
82 လမ်း၊ 35&36 လမ်းကြား
မန္တလေးမြို့။
09-692059977
09-444635304
09-444635305
09-444635306
09-444635309
ကျင်းလုံမြန်မာ
Machine Mart
74 လမ်းနှင့် မြို့မဒင်္ဂါးလမ်းထောင့်
တံခွန်တိုင်အဝိုင်းပတ်အနီး
ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
09-5310976
09-952059977
09-962067395
09-962067396
09-962067397
09-962067398
09-962067399
#ကျင်းလုံမြန်မာ-ရန်ကုန်
အမှတ်(35&36)
သီရိမွန်လမ်းမကြီးနှင့် ၈ လမ်းထောင့်
ဘုရင့်နောင်၊ ရန်ကုန်မြို့။
01-3682877
09-5140269
09-73047618
09-73047619
09-425331433
Thanks For Your Time!!!