ထမင်း အသက်(၇) ရက်
ရေအသက် တစ်မနက်လို့ ဆိုရိုးရှိပါတယ်။
လေအသက်ဆိုရင်တော့ ဘယ်လောက်တိုတောင်းတယ်ဆိုတာ မိတ်ဆွေ သိပ်တွေးစရာလိုမယ်မထင်ပါဘူး။
တိုးတက်လာတဲ့ ယနေ့ခေတ်မှာ လောင်စာဆီအသုံးပြုမှုတွေ၊ သစ်တောပြုန်းတီးမှုတွေ၊ စသည်ဖြင့် အတော်များလာပြီဖြစ်ပါတယ်။
ဂေဟစနစ်တွေပျက်ယွင်းလာတဲ့အတွက်ကြောင့်
အသက်ရှူဖို့ အလကားရတဲ့လေဟာ ကမ္ဘာ့နိုင်ငံမြို့ကြီးတွေမှာ ညစ်ညမ်းမှုတွေ နဲ့ရင်ဆိုင်နေရပါပြီ။
ဒီပြဿနာတွေကို ကာကွယ်ဖို့ သိပ်ကို အရေးကြီးနေပါပြီ။
နောင်များမကြာခင်မှာ ကျွန်တော်တို့ နိုင်ငံလည်း မလွဲမသွေကြုံတွေ့ ရဦးမှာဖြစ်ပါတယ်။
လေဟာ ကမ္ဘာပေါ် က အကြီးမားဆုံး အရင်းအမြစ် ဖြစ်သလို အရေးအပါဆုံး (သို့) မရှိမဖြစ် အလိုအပ်ဆုံး လည်း ဖြစ်ပါတယ်။ လူတွေ ရဲ့ ခန္ဓာကိုယ် ဟာ အစားအစာ နဲ့ ရေ မရှိပဲ နေ့ပေါင်း များစွာ အသက်ရှင် နေနိုင် ပါတယ်။
ဒါပေမဲ့ လေ မရှိပဲ တစ်မိနစ်၊ နှစ်မိနစ် ကျော်ကြာရုံလေးလောက် ပဲ ကြိုးစားနေကြည့်ပါအုံး။
Introduction
**********
တကယ်တော့ ကျွန်တော်တို့ အသက်ရှု နေရတဲ့ လေဆိုတာ လေထုအလွှာလေးလွှာရှိတဲ့အနက် အောက်ဆုံးအလွှာဖြစ်တဲ့ atmosphere (လေထု) ရဲ့ အစိတ်အပိုင်း ငယ်တစ်ခုသာ ဖြစ်ပါတယ်။ ကမ္ဘာ့လေထု ကို အလွှာတွေ ခွဲခြားသတ်မှတ် ထားပြီး လေ့လာကြ ပါတယ်။
အလွှာတစ်ခုချင်း စီမှာ ထူးခြားတဲ့ ပေါင်းစပ်ဖွဲ့စည်းမှု၊ ဂုဏ်သတ္တိ နဲ့ အပူချိန် ပုံစံ ကိုယ်စီ တွေ ရှိနေကြလို့ပါ။ ( ငယ်ငယ်တုန်း က အထွေထွေ သိပ္ပံ မှာသင်ခဲ့ ရ တာ မှတ်မိကောင်း မှတ်မိကြပါလိမ့် မယ်။ )
ကမ္ဘာကြီး လေထု စီးဆင်း လည်ပတ်တဲ့ ပုံစံ အရ ဒီ atmospheric air က လေတွေကို ကမ္ဘာ တလွှား ရွှေ့ပြောင်းပေးနေ ပါတယ်။ continent (တိုက်) တစ်ခုကနေ တစ်ခု ကို ရက်ပိုင်း အတွင်းမှာ ရက်အနည်းငယ်
အတွင်း ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ အာဖရိက ဆာဟာရ မှာ မုန်တိုင်း တိုက် လို့ လွင့် ထွက်လာတဲ့ အမှုန်အမှိုက် တွေ ဟာ တောင်အမေရိက တိုက် နဲ့ ကာရီဘီယံ ပင်လယ်ကွေ့ ကို ငါးရက်လောက် နဲ့
ရောက်သွားနိုင် ပါတယ်။
သဘာဝ အတိုင်းပဲဖြစ်ဖြစ်၊ လူတွေကြောင့် ပဲ ဖြစ်ဖြစ် နေရာဒေသ တစ်ခု မှာ ဖြစ်နေတဲ့ Local Air Pollution ဟာ နောက်ဆုံးမှာ တော့ Global Air Pollution ကိုဖြစ်စေနိုင် တာပါပဲ။
ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာပေါ် မှာ ရှိတဲ့ သက်ရှိ အားလုံးက အပြန်အလှန် ဆက်သွယ်နေပြီး အသက်ဆက်နိုင် ဘို့အတွက် လည်း လေကို မှီခို နေရလို့ပါပဲ။ ဒါကြောင့် လူတွေနဲ့ သက်ရှိသတ္တဝါ တွေ
အပင်တွေ အသက်ဆက် နိုင်ဘို့ အတွက် Air Quality ဟာ အလွန့်အလွန် ကို အရေးပါ လာပါတယ်။
Air Pollution
**********
WHO ရဲ့ လေ့လာချက် အရ ကမ္ဘာ ပေါ်မှာ သန်းထောင်ချီ တဲ့ လူတွေ ဟာ ကျန်းမာရေး အတွက် ရှုရှိုက်ဘို့ မသင့် တော် မသန့်ရှင်း တဲ့ လေ (Outdoor Air) ကို ရှုရှိုက်နေရတယ် လို့ဆိုပါတယ်။
ဒီအခြေအနေ ကို စဉ်းစားရ ခက်ကောင်းခက်ပေမဲ့ တစ်ခု ကိုတော့ အမှတ်ရစေ မှာပါ။ ကျနော် တို့ ပတ်ဝန်းကျင် မှာ ရှိတဲ့ လေထဲ မှာ တစ်ခါတစ်ရံ အန္တရာယ် ရှိတဲ့ dangerous materials တွေ ပါဝင်နေနိုင် တယ် ဆိုတာပါပဲ။
ဒါဆို ဒီ pollutants တွေ ဘယ်ကလာ ပြီး ဘာလို့ အန္တရာယ် ပေးနိုင်တာလဲ။
Air Pollutions ဆိုတာ ကတော့ လူ၊ တိရစ္ဆာန်၊ အပင်တွေ နဲ့ ပတ်ဝန်းကျင် ကို ဆိုးကျိုး ဒုက္ခ ပေးနိုင်တဲ့ harmful substances တွေ လေထဲမှာ ပါဝင်နေတာ ကို ခေါ်တာပါ။
သဘာဝ အတိုင်း ဖြစ်လာတဲ့ natural pollutants တွေ လည်းရှိပါတယ်။ ဥပမာ အားဖြင့် သဘာဝ အတိုင်း တောမီးလောင် တဲ့ အခါ၊ ထွက်လာတဲ့ မီးခိုး နဲ့ အမှုန်တွေ ဟာ ပတ်ဝန်းကျင် မှာ နေထိုင်တဲ့ သူတွေ ကို
အန္တရာယ် ပေးနိုင်ပါတယ်။ ရွှံ့နွံ စိမ့်မြေတွေ ကလည်း အတိုင်းအတာ တစ်ခု အထိ natural pollutants တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒါတွေက ဒီနေ့ လူတွေရဲ့ လုပ်ရပ် တွေကြောင့် ဖြစ်တဲ့ Pollutants အတိုင်းအတာ နဲ့
ယှဉ်ရင်တော့ အသေးအမွှား small scale လောက်သာရှိပါတယ်။
လူတွေ ကြောင့် ဖြစ်တဲ့ Pollution တွေ၊ ဥပမာ၊ ၊ Fossil Fuel တွေ ကို မီးရှို့တာ၊ (အင်ဂျင်တွေ မှာ သုံးတာ) တွေ၊ ကားတွေ၊ Power plant တွေ ကထွက်လာတဲ့ emissions တွေ၊ လယ်ထဲ မှာ သုံးတဲ့ ဓာတ်မြေသြဇာ တွေ က လေထဲ ရောက် လာတာ တွေ ဖြစ်ကြပါတယ်။
Air Pollutants တွေ ကို နှစ်မျိုးခွဲခြား နိုင်ပါတယ်။
(1)Primary Pollutants နဲ့
(2)Secondary Pollutants ပါ။
Primary Pollutants ဆိုတာကတော့ သဘာဝအတိုင်းပဲ ဖြစ်ဖြစ်၊ လူတွေကြောင့် ပဲဖြစ်ဖြစ် လေထဲကို တိုက်ရိုက် စွန့်ထုတ် လုပ်တဲ့ Pollutants တွေပါ။
ဒီ Pollutants တွေက အချင်းချင်း ဓာတ်ပြု၊ နေရောင် နဲ့ တွေ့ ပြီး Secondary Pollutants လို့ ခေါ်တဲ့ new chemical compounds တွေ ဖြစ်လာပါတယ်။ ရံဖန်ရံခါ Secondary Pollutants တွေ က
Primary Pollutants ထက် ပိုပြီး ပျက်စီးထိခိုက် မှု ကို ဖြစ်စေပါတယ်။
တွေ့ရများတဲ့ Common Outdoor Pollutants တွေ ကတော့ Carbon oxides, sulfur oxides, nitrogen oxides, ozone နဲ့ အမှုန်အမွှား (suspended particulate matters) တွေ ဖြစ်ကြပါတယ်။
Solid particles တွေနဲ့ Liquid droplets လေးတွေ ပေါင်းစပ် ပါဝင်နေတဲ့ suspended particulate matters တွေက သာမန်မျက်စေ့ နဲ့ မမြင်နိုင်လောက်အောင် သေးငယ်ပါတယ်။ ဖုန်တွေ၊ အမှုန်အမှိုက် တွေ၊
ကျပ်ခိုးတွေ၊ မီးခိုးတွေ မှာ ဒီ suspended particulate matters တွေ ပါဝင်ပါတယ်။
Sources နေရာပေါင်းစုံ က ထွက်လာနိုင်တဲ့ Air Pollutants အမျိုးမျိုး အဖုံဖုံ ရှိနေတာ နဲ့ ဒီ Pollutions တွေ က ကျနော်တို့ ပတ်ဝန်းကျင် က လေရဲ့ Quality ကိုထိခိုက်စေနိုင်တွေ ကို သိရှိနေကြပါပြီ။ ကျနော် တို့ တွေရဲ့
ဘဝ ကို ဘယ်လို ထိခိုက်မှု ရှိမလဲ။ ကျန်းမာရေးပြဿနာ တင်မဟုတ်ပဲ ပတ်ဝန်းကျင် ကို အကြီးအကျယ် ပျက်စီးယိုယွင်း စေတာ လည်း တွေ့ရပါမယ်။ အချို့ ကို သိနိုင် ဘို့ မလွယ်ကူ ပေမဲ့ အချို့ ကိုတော့၊ မြင်တွေ့နိုင်၊
အနံ့ရ နိုင်၊ အရသာတောင် ခံစားရနိုင်ပါသေးတယ်။
Carbon Oxides, Carbon monoxide နဲ့ Carbon dioxide တွေပါဝင်တဲ့ ကာဗွန် အောက်ဆိုဒ် တွေကို အနီးကပ်လေ့လာ ကြည့်ရအောင်။ ဒီဓာတ်ငွေ့ နှစ်ခုစလုံး သဘာဝ အတိုင်း တည်ရှိ နေနိုင် ပါတယ်။ မီးတောင်ပေါက်ကွဲ မှု လို သဘာဝ ဖြစ်စဉ်တွေ က ဒီဓာတ်ငွေ့ နှစ်ခု အပါအဝင် အခြားဓာတ်ငွေ့ အများအပြား လေထု ထဲ ကို ထုတ်လွှတ် ပစ်ပါတယ်။
လူတွေ အပါအဝင် သက်ရှိတွေ (အပင်တွေ အပါအဝင်) က အသက်ရှုထုတ် တဲ့ အခါ carbon dioxide ပါဝင်ပြီး အဆက်မပြတ် ကို ရှုထုတ် နေတာပါ။ ကာဗွန် ဒိုင် အောက်ဆိုဒ် ပမာဏ အတိုင်းအတာ တစ်ခု အထိ ရှိတာ က
အကောင်း ပါ။ သက်ရှိတိုင်း မှာ ရော၊ လေထဲမှာရော၊ ကျောက်တုံးကျောက်ခဲ တွေ မှာပါ ပါဝင်နေတာပါ။ ကမ္ဘာကြီး ကို သင့်တော်တဲ့ နွေးထွေးမှု ရစေတဲ့ Natural Green House Effect အတွက်လည်း အဓိက အရေးပါတဲ့
နေရာ မှာ ရှိနေပါတယ်။
Carbon cycle က ကမ္ဘာပေါ် က သက်ရှိ တွေ အားလုံးနဲ့ ပတ်သက်ပါတယ်။ ဥပမာ အပင်တွေ အစာချက် တဲ့အခါ CO2ကိုအသုံးပြုကြပြီး ဒီအပင်တွေ သေသွားပြီး ပုတ်သိုးလာတဲ့ အခါ CO2 ကို ပြန်ထုတ်လွှတ် ပါတယ်။
ဒါပေမဲ့ လူတွေ ရဲ့ လုပ်ရပ်တွေ ကြောင့် ဒီ သဘာဝ သံသရာ စက်ဝိုင်း ကို ပြောင်းလဲ စေပါတယ်။ ဥပမာ Fossil Fuel တွေ ကို မီးရှို့တဲ့ အခါ ထွက်လာတဲ့ CO2 တွေကို လေထုထဲ ကိုထုတ်လွှတ်၊ ဒါကြောင့် လေထုထဲ မှာ
Green house gases တွေ များလာ၊ နေကရတဲ့ အပူတွေ ကို ကမ္ဘာ့မြေ မျက်နှာပြင်နားမှာ ပိတ်လှောင်မိစေ တာကြောင့် ကမ္ဘာကြီး ကို ပိုပြီး ပူနွေး လာစေပါတယ်။ ကျန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်းမှာ လေထဲမှာ ရှိတဲ့ CO2 ရဲ့
အတိုင်းအဆ ဟာ သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။ ကမ္ဘာကြီး ကိုပိုမို ပူနွေးစေတဲ့ အခြေအနေ နဲ့ပတ်သက် လို့ CO2 ရဲ့ အခန်းကဏ္ဍ က သိပ်အရှင်းလင်း ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ၄င်းရဲ့ အစွမ်းသတ္တိ နဲ့
ဖြစ်နိုင်ခြေ တွေကြောင့် အနီးကပ် စောင့်ကြည့် နေကြပါတယ်။
Carbon monoxide ကို ဓာတ်ဆီလို၊ ကျောက်မီးသွေး အစရှိတဲ့ Carbon based Fuel တွေ Incomplete combustions လို့ခေါ်တဲ့ မပြည့်မစုံ မီးလောင် (ပေါက်ကွဲ) ရာက ဖြစ်ပေါ်စေပါတယ်။ Carbon monoxide က
သဘာဝ လေထဲက oxygen တွေ နဲ့ ပေါင်းစပ်ပြီး နောက်ဆုံးတော့ Carbon dioxide အဖြစ် ပြောင်းလဲ သွားပါတယ်။ U.S. မှာ Carbon monoxide အများဆုံး ထွက်တဲ့ ဇာစ်မြစ် ကတော့ မော်တော်ကား တွေ ရဲ့
အိပ်ဇော့တွေ ကပဲဖြစ်ပါတယ်။ Carbon monoxide က အရောင်မရှိ၊ အနံ့ မရှိ ပေမဲ့ အရမ်းကို အဆိပ်ပြင်းပါတယ်။
(1941-45 လောက်မှာ ဂျာမန်နာဇီတွေ က သန်းချီတဲ့ ဂျူးလူမျိုးတွေ ကို ဖမ်းဆီး ပိတ်လှောင်သတ်ခဲ့ကြ တဲ့ အဆိပ်ငွေ့ ပါ။)။
Indoor Air Pollution ထင်းမီး (သို့) အခြား မီးဖိုတွေ ကို အိမ်ထဲမှာ ထား မီးဖိုတဲ့ အခါ လေထဲကို carbon monoxide ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ လေဝင်လေထွက် မကောင်းတဲ့ နေရာတွေ မှာ လူတွေကို အသက် အန္တရာယ် ပေးနိုင်တဲ့ ဓာတ်ငွေ့ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီလို အန္တရာယ် ပေးနိုင်တဲ့ အခြေအနေ ရောက်လာတဲ့ အခါ warning alarm ပေးနိုင်တဲ့ Carbon monoxide detectors တွေ ကို
အိမ်ထဲမှာ တတ်ဆင် ထားနိုင်ပါတယ်။
carbon monoxide အပြင် အန္တရာယ် ပေးနိုင်တဲ့ အခြား ဓာတ်ငွေ့တွေ ကတော့ မီးခိုး နဲ့ အခြား အဆိပ်ဓာတ်ငွေ့ တွေ ဖြစ်တဲ့ styrene နဲ့ formaldehyde တွေ ပါ။ အိမ်ဆောက် ပစ္စည်းတွေ၊
insulations တွေ နဲ့ ကော်ဇော တွေက နေ ဒီဓာတ်ငွေ့တွေ ကို ထုတ်လွှတ် နိုင်ပါတယ်။
တွေ့ရလေ့ ရှိတဲ့ Indoor Air Pollutants တွေ ကတော့
(1)Carbon dioxide (CO2)
(2)Carbon monoxide (CO)
(3)Formaldehyde (HCHO)
(4)Lead (Pb)
(5)Nitrogen dixoide (NO2)
(6)Odors
(7)Ozone (O3)
(8)Particles
(9)Radon (Rn)
(10)Sulfur Dioxide (SO2)
(11)Volatile Organic Compounds, VOCs
Indoor Air Pollutions က အဓိက ပြဿနာပါ။ လေထဲကို ရောက်လာတဲ့ ဓာတ်ပစ္စည်းတွေ က အဆောက်အအုံ အပြင်မှာ ဆို အားပျော့သွား Dilluted ဖြစ်သွား နိုင်ပေမဲ့ လုံနေတဲ့ အဆောက်အအုံ အတွင်းထဲမှာ တော့ ပိုမို
အားပြင်း concentrated ဖြစ်လာပါတော့တယ်။ တစ်ချို့ air pollutants တွေရဲ့ ပါဝင်မှု နှုန်းက အပြင်မှာ ထက် အဆ ရာချီရှိနေ နိုင်ပါတယ်။ radon ကိုပဲ ဥပမာ ကြည့်ရအောင်။ ဒီ အရောင်မဲ့၊ အနံ့မဲ့၊ radioactive ဓာတ်ငွေ့ က
အချို့ကျောက်တွေ၊ မြေကြီးတွေ မှာ သဘာဝ အတိုင်း ဖြစ်ပေါ် နေတာပါ။ ဒီဓာတ်ငွေ့ ရှိနေတာကို တွေ့နိုင်ဘို့နေနေ သာသာ သိမှာတောင် မဟုတ်ပါဘူး။ မြေကြီးထဲ မှာပဲ လျှောက်သွားနေလို့ ကတော့ ဘယ်ပြဿနာ ရှိမှာလဲ။
ဒီဓာတ်ငွေ့ က Foundation အက်ကြောင်းတွေ ကနေ အဆောက်အအုံ အတွင်းထဲ ကို ဝင်ပြီး စုဝေးလာနိုင်ပြီး ရှုရှိုက်မိရင် ကျန်းမာရေး ကိုထိခိုက်စေနိုင်ပါတယ်။ စိတ်ဝင်စားစရာ ပါ။ Energy efficient ဖြစ်ဘို့အတွက်
insulation တွေ နဲ့ မလုံ၊ လုံအောင် လိုက်ပိတ်ဆို့ ကြတဲ့ အခါ radon လိုဓာတ်ငွေ့မျိုး ကိုလှောင်ထားသလို လည်း ဖြစ်စေပါတော့တယ်။ အများအားဖြင့် အဆောက်အအုံ အတွင်းမှာ ရှုရှိုက်ရတဲ့ လေ က အပြင်ကလောက်
မလတ်ဆတ် ပါဘူး။ indoor air pollutions က မျက်စေ့တွေ ယားယံစေတာ၊ လည်ချောင်းယားတာ၊ ခေါင်းကိုက်တာတွေ အပြင် ဒီဒါဏ်မခံ နိုင်တဲ့ အချို့ လူတွေ မှာဆို ထိတွေ့ မိတာနဲ့ ဆိုးရွား တဲ့ ရလာဒ် ကို ပေးနိုင်ပါတယ်။
Air Quality
*********
လေက အိမ်၊ အဆောက်အအုံ အတွင်း မှာရော အပြင်မှာပါ၊ နေရာတိုင်း မှာရှိနေပါတယ်။ air pollution လည်း ထို့အတူ ပဲပေါ့။ ဒါကြောင့် လေကောင်းလေသန့် ကို ရှုရှိုက် နေရတာ ဟုတ်မဟုတ် သိနေနိုင် ဘို့ ဆိုတာ က သင့် ကျန်းမာရေး ကိုကာကွယ် စောင့်ရှောက် နိုင်ဘို့ အတွက် အရေးကြီးပါတယ်။
နွေရာသီ ရဲ့ ဥတု က ပူပြင်း နေပါတယ်။ နွေရာသီ ရဲ့ ကောင်းကင် က လည်း မြူဆိုင်း မဲမှောင်လို့၊ ဒီ ရက်ပိုင်းတွေ မှာ အပူ တစ်ခုတည်းက မခံနိုင်အောင် လုပ်နေတာ ဟုတ်ချင်မှ ဟုတ်မှာပါ။
လေရဲ့ သန့်ရှင်းလတ်ဆတ် မှု မရှိတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလုပ် သိရမှာလဲ။
U.S / Canada မှာတော့ AQI (Air Quality Index)
Malaysia မှာတော့ API (Air Pollution Index)
Singapore မှာတော့ PSI (Pollutant Standards Index)
စသည်ဖြင့် တိုင်းတာသတ်မှတ်ကြပါတယ်။
သူ့မှာ စကေးက 0 to 500+ အထိ ရှိပြီး
လေရဲ့ လတ်ဆတ်မှု နဲ့ ကျန်းမာရေး နဲ့သက်ဆိုင်တဲ့ အဆင့် ခြောက်ဆင့် ကို အရောင်ခြောက်မျိုး နဲ့ မှတ်သားပိုင်းခြား ထားပါတယ်။ အစိမ်းရောင် ဆိုရင် ကောင်းတယ်။ အန္တရာယ် မရှိ သလောက်ပဲ။ အနီရောင် ဆိုရင် ကျန်းမာရေး အတွက် မကောင်းတော့ ပါဘူး၊ လူတိုင်းလိုလို မှာ ကျန်းမာရေး ဆိုးကျိုးတွေ စတွေ့လာရပါလိမ့်မယ်။ နီညိုပုတ် (maroon) ဆို တာကတော့ အန္တရာယ် ပေးနိုင်တဲ့ Hazardous air quality ကို ပြတာမို့
အရေးပေါ် အခြေအနေ လို့ သတ်မှတ် ပါတယ်။
Health classifications used by the EPA: အရ AQI ကို ဒီလို သတ်မှတ် ထားပါတယ်။
(1) 0-50 Good is marked as usually green color
(2) 51-100 Moderate is marked as usually yellow color
(3)101-150 Unhealthy for sensitive groups is marked as usually orange color
(4)151-200 Unhealthy is marked as usually red color
(5)201-300 Very unhealthy is marked as usually purple color
(6)301-500 Hazardous is marked as usually maroon color
(7)500+ Emergency is marked as usually maroon color
စကာင်္ပူ နိုင်ငံ မှာတော့ U.S EPA ရဲ့ မူဟောင်း PSI (Pollutant Standards Index) ကိုသုံးနေဆဲ ဖြစ်ပြီး National Environment Agency နေစောင့်ကြည့် monitor လုပ်နေပါတယ်။
အချို့ သိပ္ပံ သုတေသီ တွေက လေထုထဲ မှာ ဘာ Pollutants တွေ ဘယ်နေရာမှာ၊ ဘယ်လောက်၊ ဘယ်နှုန်းနဲ့ ရှိနေသလဲ သိနိုင်ဘို့ အတွက် ကြိုးစားနေကြပါတယ်။ လေရဲ့ အနိမ့်အမြင့် နေရာစုံ က လေထုရဲ့ အခြေအနေ ကို
သိရအောင် ဓာတ်ခွဲခန်း ကိရိယာတွေ တတ်ဆင်ထားတဲ့ လေယာဉ် တွေ နဲ့ လေထု အမြင့်ထဲ ကိုပျံသန်း၊ အမြင့် နဲ့ နေရာစုံ က လေတွေ ကို ပိုက်တွေ နဲ့ စုတ်ယူ ပြီး ပါလာတဲ့ ကိရိယာတွေ နဲ့ ဓာတ်ခွဲ လေ့လာ နေကြပါတယ်။
ကျောက်မီးသွေး သုံး စက်ရုံတွေ ကနေ ထွက်လာတဲ့ sulfur dioxide၊ မော်တော်ကားတွေ၊ တောမီးတွေ ကနေ incomplete combustion ကြောင့်ဖြစ်ပေါ်လာတဲ့ carbon monoxide, ဆောင်းတွင်း မှာ ဆိုရင်တော့ ထင်းတွေ
မီးရှို့တားတဲ့ မီးဖိုတွေ ကနေ ထွက်လာတာတွေ၊ နောက်တစ်ခု ကတော့ လူသိများတဲ့ Smog နဲ့ပတ်သက်တဲ့ Ozone စသည်ဖြင့် လေ့လာကြပါတယ်။ ဒီလို သုတေသန ပြု လေ့လာနေကြ တဲ့ အတွက် သက်ဆိုင်ရာ ပတ်ဝန်းကျင် က လေထုတဲ မှာ ဖြစ်ပေါ် ပြောင်းလဲမှုတွေ၊ ညစ်ညမ်းနေမှု တွေ နဲ့
Air Quality ကို သိရှိ နားလည်နိုင်ပါတယ်။
Air Quality Index က လူတွေ ကို အပြင်ကလေ ရဲ့ Air Quality အခြေအနေ ကို Quick overview ပေး သလို ပဲ၊ တစ်ပြိုင်တည်း မှာပဲ ဒီ AQI ကပဲ သိပ္ပံ ပညာရှင် တွေ ကို ရေရှည် မှာ လေ့လာစောင့်ကြည့်
မှတ်တမ်းတင် နိုင်ဘို့ နဲ့ အကဲဖြတ်နိုင်ဘို့ တွေ ကိုလည်း အထောက်အကူ ပြုပါတယ်။ သူတို့ တွေ့ရတဲ့ Pollutants အမျိုးအစား က ဘယ်နေရာ ကနေ ထုတ်လွှတ် နေတာ လဲ ဆိုတဲ့ အရိပ်အမြွက် Hint ကိုပေးပါတယ်။
ဒီ Pollutant က ကိုယ့်ဒေသ က ထွက်တာလား၊ ဒါမှမဟုတ် ဒီလူတွေ အဝေးတစ်နေရာ က ထုတ်လွှတ်နေတဲ့ Source ကြောင့် လေထု ညစ်ညမ်းမှု ဒါဏ်ကို ခံနေရတာ လား သိနိုင်ပါတယ်။ လူတွေ ဘာလို့ AQI ကို ဂရုစိုက်သင့်သလဲ။
ခင်ဗျား တို့ရဲ့ အဆုပ်၊ ခင်ဗျား တို့ အသက်ရှုနိုင်ဘို့၊ ခင်ဗျားတို့ရဲ့ ကျန်းမာရေး နဲ့ ခင်ဗျားတို့ရဲ့ ပတ်ဝန်းကျင် အတွက် ပါပဲ။
Low Level Ozone = Pollution (မြေပြင် ပေါ်က အိုဇုန်း = အဆိပ်) •နောက်တစ်ခု ကတော့ smog အနေ နဲ့ လူသိများတဲ့ အိုဇုန်း (O3) ပါ။ ကမ္ဘာ့မြေပြင် ရဲ့ အထက် အမြင့် ၆ မိုင် ကနေ ၃၁ မိုင်အတွင်း မှာရှိတဲ့
အိုဇုန်းလွှာ က ကမ္ဘာပေါ် ကို အန္တရာယ်ပေးနိုင်တဲ့ ခရမ်းလွန် ရောင်ခြည် တွေ ကို ကာကွယ် ပေးနိုင် ပေမဲ့ ကမ္ဘာ့မြေနှာပြင် နားက အိုဇုန်း ကတော့ အသက်ရှုသွင်း မိရင် အဆိပ်ဖြစ်နိုင်ပါတယ်။
အိုဇုန်း ကတော့ မော်တော်ကားတွေ ကနေ တိုက်ရိုက်ထွက်လာတာ မဟုတ်ပါဘူး။ hydrocarbons တွေနဲ့ nitrogen oxides တွေ နေရောင်ခြည် နဲ့တွေ့တဲ့ အခါ Low level Ozone လို့ခေါ်တဲ့ အိုဇုန်း အဖြစ် တိုက်ရိုက်
ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ အိုဇုန်း ဟာ အောက်ဆီဂျင် အဖြစ် အရမ်းကို ပြိုကွဲ ပြောင်းလဲ လိုတဲ့ ဓာတ်ငွေ့ပါ။ O3 က O2 ထက် အဆပေါင်း များစွာ စွမ်းအားရှိတဲ့ Oxidizing Agent တစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် လေထဲ က hydrocarbons တွေ ကို oxidize လုပ်ပေးပြီး သန့်ရှင်းဖယ်ရှား ပေးနိုင်ပေမဲ့ ဘေးထွက် ပစ္စည်းကတော့ smog (မီးခိုးမြူ) တွေ ဖြစ်ပေါ် စေတာပါပဲ။ smog ထဲ မှာပါတဲ့၊ မျက်စေ့ ကို ယားယံစေတဲ့
အစွမ်းသတ္တိ ပြင်းတဲ့ peroxyacyl nitrates လိုဓာတ်ပေါင်း မျိုး ကိုလည်း ဖြစ်ပေါ် စေပါတယ်။
အိုဇုန်း အနည်းငယ် ပါတဲ့ လေသန့်စက် တွေ က လေထဲက အညစ်အကြေးတွေ၊ အနံ့ဆိုးတွေကို သာမက ဘက်တီးရီးယား၊ ဗိုင်းရတ်စ်၊ မှို နဲ့ အခြား ရောဂါပိုးမွှား တွေ ကိုပါ သဘာဝ အတိုင်း သန့်ရှင်းပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
ဒီ အိုဇုန်း နဲ့ အစားအသောက်၊ ရေ နဲ့ အိမ်နံရံ တွေ ကို ပိုးသတ်၊ သန့်ရှင်းစေနိုင်ပါတယ်။
ရေထဲ က Manganese ကို အနည်ထိုင် သွားနိုင်အောင်၊ အဆိပ်ပြင်း တဲ့ cyanides ကို အဆထောင်ချီ ပျော့တဲ့ cyanates ကို ပြောင်းပစ်နိုင်ပါတယ်။ urea ကိုလည်း လုံးဝ ချေဖျက် ပေး နိုင်ပါတယ်။
ဒါပေမဲ့ သူ့ကို Air Pollution အဖြစ် သတ်မှတ်ရတာ က လူတွေ၊ တိရစ္ဆာန် တွေ နဲ့ အပင်တွေ ကို ဒုက္ခ ပေးနိုင်လို့ပါ။ လူတွေရဲ့ အဆုပ် နဲ့ အသက်ရှု လမ်းကြောင်းတွေ ကို ဒုက္ခ ပေးနိုင်ပါတယ်။ အပင်တွေ ကို လည်း
ထိခိုက် ပျက်စီးစေ၊ အထွက်နှုန်း နည်းစေ နိုင်ပါတယ်။ ရာဘာ နဲ့ အခြား Building Materials တွေ ကို လည်း ကွဲအက်ပျက်စီး စေနိုင်ပါသေးတယ်။ US EPA ရဲ့ အဆိုအရ လေထဲမှာ 40 ppb (parts per billions) ရှိရင် တောင်
လူတွေ ကို ဒုက္ခ ပေးနိုင်တယ် လို့ ဆိုပါတယ်။ US EPA ရဲ့ Air Quality Index အရ Eight-hour average ozone concentrations 85 to 104 ppbv ကို “Unhealthy for Sensitive Groups”,
105 ppbv to 124 ppbv ကို “unhealthy” နဲ့ 125 ppb to 404 ppb ကိုတော့ “very unhealthy” လို့သတ်မှတ် ပါတယ်။
Smog (မီးခိုးမြူ) •မြို့ပြတွေမှာ တွေ့ရလေ့ရှိတဲ့ အဓိက pollution ကတော့ smog ပါ။ Industry revolution လို့ခေါ်တဲ့ စက်မှု ခေတ်ပြောင်း ကာလ မှာ လန်ဒန်လို မြို့ကြီးတွေ မှာ ကျောက်မီးသွေး လို
လောင်စာ မျိုးကို အကြီးအကျယ် မီးရှို့သုံးစွဲခဲ့ကြပါတယ်။ ထွက်လာတဲ့ မီးခိုးတွေ က မြူနှင်း fog တွေ နဲ့ ပေါင်းစပ်ပြီး ဒီမြို့တွေ အပေါ်လွှမ်းခြုံ ထားတဲ့ မဲမဲမှောင်မှောင် thick haze တွေကိုဖြစ်စေပါတယ်။
ဒီ thick haze တွေ ကို smog လို့ သိခဲ့ကြပါတယ်။
ဒီနေ့ မြို့ပြတွေမှာ တွေ့ရလေ့ရှိတဲ့ smog တွေ ကတော့ photochemical smog ပါ။ လေထဲက Nitrogen Oxides နဲ့ volatile organic compounds တွေလို အချို့ Pollutants တွေ အပေါ်နေရောင်ခြည်
ကျရောက်တဲ့ အခါ နီညိုရောင် Thick haze ပုံစံဖြစ်တဲ့ photochemical smog ကိုဖြစ်စေပါတယ်။
Smog က နေရောင်ခြည် တိုက်ရိုက် ပိုမိုရရှိ ပြီး လေတိုက်မှု နည်းပါးတဲ့ ရာသီဥတု ကလည်း လေကို အဝေးရောက်သွား အောင်မလုပ်နိုင်တဲ့ နွေရာသီ မှာ ပိုမို ဆိုးရွားလေ့ ရှိပါတယ်။ အချို့ မြို့တွေ ကတော့
တစ်နှစ်ပတ်လုံး ရှိနေတဲ့ ပြဿနာ ပါ။
ဥပမာ၊ မက္ကဆီကို စီတီး လိုမြို့ပါ။ သူ့မှာ Smog နဲ့ ပတ်သက်တဲ့ ပထဝီ အနေအထား အရ အားနည်းချက် ရှိပါတယ်။ အပူပိုင်း နဲ့ သမပိုင်း ဇုံ အကြားဖြစ်တဲ့ Sub-tropic မှာတည်ရှိတယ်။ ကန္တာရ လို နေရာမျိုး လည်းဖြစ်တယ်။
တောင်တွေ ဝိုင်းရံ ထားတဲ့ အမြင့်ပိုင်းမှာ ရှိနေတဲ့ ဇလုံလို ချိုင့်ဝှမ်းကြီး လိုနေရာလည်း ဖြစ် လူနေ အရမ်း ထူထပ်ပြီး temperature inversion လည်းရှိ နေပါတယ်။
Temperature Inversion ဆိုတာကတော့ ပူနွေးပြီး တည်ငြိမ်တဲ့ stable warm air layer က သူ့ထက်အေးတဲ့ မြေပြင်နားက cooler air ကို ပိတ်လှောင် ထားတဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။
Temperature Inversion မြေပြင်နားက လေကို ပိုမိုဆိုးရွားစွာ ညစ်ညမ်းစေပြီး အန္တရာယ် များစေပါတယ်။
ဒါကြောင့် Air Pollution နဲ့ ပိတ်မိနေပြီး နေထွက်လာရင် တောင်မှ ကားတွေ၊ အိမ်တွေ အပူပေးတာ၊ ချက်ပြုတ်တာ က ထွက်လာတဲ့ Pollution တွေကို Photochemical smog အဖြစ် ပြောင်းလဲ စေတာဖြစ်ပါတယ်။
Smog surrounds the Angel Monument in Mexico City, Mexico
Photochemical smog အဆုတ် ကို ဒုက္ခပေး တာတို့၊ ကလေးတွေ မှာ အဆုတ် နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးမှု တွေ ကိုနှေးကွေးစေတာ အစရှိတဲ့၊ စိုးရိမ်ရတဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ကို ပေးပါတယ်။ ဆိုးကျိုး တွေ က အများကြီးပါ၊
အချို့ကရေတို လို့ခေါ်တဲ့ Pollution နဲ့ ထိတွေ့ တဲ့ အချိန် မှာပဲ ခံစားရတတ် ပေမဲ့ ရေရှည်ခံ ရတဲ့ ဆိုးကျိုးတွေ လည်းရှိပါတယ်။ အချိန်ကြာကြာ ထိတွေ့ရတဲ့ အခါ နာတာရှည် ခံရတာ၊ ခနခန ပြန်ဖြစ်တာ၊
ရောဂါ ပိုမိုဆိုးရွား လာတာတွေ တွေ့ရပြန်ပါတယ်။ ဒီဒါဏ် တွေ ကို ကလေးတွေ နဲ့ သက်ကြီးရွယ်အို တွေ အရင်ထဲ က ရောဂါ အခံ ရှိတဲ့သူတွေ မှာ ပိုခံရတာ တွေ့ရပါတယ်။
Photochemical smog ကြောင့် ဖြစ်စေတဲ့ ရောဂါတွေ ကတော့ အဆုတ် နဲ့ အသက်ရှုလမ်းကြောင်း နဲ့ ပတ်သက်တဲ့ emphysema (အဆုပ်ပွ), bronchitis (ချောင်းဆိုး ရင်ကျပ်), and asthma (ပန်းနာ) ရောဂါ တွေ ဖြစ်ပြီး
နှလုံး၊ အသည်း နဲ့ ကျောက်ကပ် တွေ ကို လည်း ပျက်စီးစေ နိုင်ပါတယ်။ ဒါ့အပြင် အာရုံကြော နဲ့ပတ်သက် ပြီး ဒုက္ခပေး နိုင်တာ ကိုလည်း တွေ့ရှိ နေရပါပြီ။ အသက်ရှုသွင်း တဲ့ အထဲ မှာ ပါလာတဲ့ အမှုန်အမွှား
အသေးလေးတွေ က အာရုံကြော ထဲ စီးဆင်းမှု စနစ် ရောက်သွားပြီး ဦးနှောက် ကိုထိခိုက်စေတာပါ။
Depletion of Stratospheric Ozone Layer
လေထုညစ်ညမ်းမှု က ကျန်းမာရေး ပြဿနာတွေ တင် မက ပဲ ကမ္ဘာ့လေထု ရဲ့ အထက်ပိုင်း အထိကို ဒုက္ခ တက်ပေးပါတယ်။ ၁၉၈၄ ခုနှစ်တုန်းက Antarctica တောင်ဝန်ရိုးစွန်း မှာ အလုပ်လုပ်နေကြတဲ့
Atmospheric Scientist (သိပ္ပံ ပညာရှင်) တွေ က Stratospheric Ozone Layer အိုဇုန်းလွှာ ပါးလာတာ ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။
ကမ္ဘာ့မြေနှာပြင် နားက အိုဇုန်း ကတော့ အသက်ရှုသွင်း မိရင် အဆိပ်ဖြစ်နိုင်ပေမဲ့ ကမ္ဘာ့မြေပြင် ရဲ့ အထက် အမြင့် ၆ မိုင် ကနေ ၃၁ မိုင်လောက် အတွင်း မှာ သဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ အိုဇုန်းလွှာ က
နေရောင်ခြည် မှာပါတဲ့ ထိခိုက် ပျက်စီးစေနိုင်တဲ့ ခရမ်းလွန် ရောင်ခြည်တွေ ကို စုတ်ယူပြီး ကမ္ဘာပေါ် ကို ဒီရောင်ခြည် တွေ မကျရောက် အောင် အကာအကွယ် ပေးနေတဲ့ ကျေးဇူးရှင်ပါ။ပုံမှန်အားဖြင့် မြေပြင်အိုဇုန်း လို
သိပ်ပြီး active မဖြစ်ပဲ stable ဖြစ်ပါတယ်။ နေရောင်ရဲ့ UV က O2 ကနေ 2 O အဖြစ်ပြိုကွဲစေ၊ ပြီး O + O2 = O3, နောက် O3 ကို UV နဲ့ထိတော့ O2 ပြန်ဖြစ် စတဲ့ သံသရာလည်နေခြင်းဖြင့် နေရောင်ထဲ က
UV ကိုစုတ်ယူပေးနေတာပါ။
လူတွေ ထုတ်လုပ်ထားတဲ့ Manmade Pollutant တွေ ဖြစ်တဲ့ CFC (chlorofluorocarbon) လို့ခေါ်တဲ့ ဓာတ်ငွေ့ တွေက ဒီ အိုဇုန်းလွှာ ကို တဖြည်းဖြည်း လျော့နည်းပါးလွှာ လာစေပါတယ်။
ဒီဓာတ်ငွေ့တွေ က သဘာဝ အတိုင်းရှိနေဘူးခဲ့တဲ့ ဓာတ်ငွေ့တွေ မဟုတ်ပါဘူး။ လူတွေက ပဲ စက်ရုံတွေ မှာ ထုတ်လုပ် ခဲ့ကြတာပါ။ CFC တွေကို aerosol sprays, foam insulations နဲ့ ရေခဲသေတ္တာ၊
freezers နဲ့ air conditioning equipment တွေ ရဲ့ refrigerant အနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ ကြပါတယ်။ ဒီ CFC တွေက အင်မတန် အံ့သြစရာ ကောင်းတဲ့ chemical compound တွေပါ။
ဒီဓာတ်ငွေ့ တွေက လွယ်လွယ်ကူကူ ပြိုကွဲပျက်စီး နိုင်တာ မဟုတ်ပဲ လေထဲမှာ အကြာကြီးနေနိုင်တာ မို့ လေထုအထက်က Stratosphere Layer အထိတက်ပြီး ဒုက္ခပေးနိုင်တာ ဖြစ်ပါတယ်။
Chlorine က အိုဇုန်း ကို တိုက်ခိုက်တဲ့ နည်းက catalytic cycles လို့ခေါ်တဲ့ ဓာတ်ပြောင်းအကူ လုပ်ပေးတဲ့ နည်းနဲ့ပါ။ ပထမ နေရောင် မှာပါတဲ့ UV ကြောင့် CFC ကပြိုကွဲပြီး Chlorine molecule ကို ထုတ်ပေးပါတယ်။
CFCl3 + hν = CFCl2 + Cl
ဒီ Chlorine Molecule က အောက်မှာပြထားတဲ့ catalytic cycles အတိုင်း အိုဇုန်း ကိုဖြိုခွဲတော့တာပါပဲ။
Cl + O3 = ClO + O2
ClO + O3 = Cl + 2 O2
Cl ကနေ ClO ဖြစ်လိုက်၊ ဒီ ClO ကနေပဲ Cl ပြန်ဖြစ်လိုက် နဲ့ ဒီ Cl molecule တစ်လုံးက ထောင်၊သောင်း ချီနေတဲ့ အိုဇုန်း မော်လီကျူးတွေ ကို ဖျက်ဆီး နိုင်ပါတယ်။
ယခုအခါ တရုတ်နိုင်ငံကမြို့ကြီးတွေမှာ no.6 အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
သူတို့တွေ လက်ရှိအခြေအနေကို လျော့ပါးသက်သာစေအောင် ဘယ်လို လုပ်နေရသလဲဆိုတာကို ပုံတွေနဲ့ပြပေးထာပါတယ်။
ကိုယ်တွေနိုင်ငံလို ဖွံ့ဖြိုးဖို့ တာဆူနေတဲ့နိုင်ငံတွေ အနေနဲ့ သင်ခန်းစာယူ ဆင်ခြင်နိုင်မှသာ တော်ရုံကျမှာဖြစ်ပါတယ်။
အလကားရတဲ့လေကို အန္တရာယ်ကင်းစွာ အသုံးပြုပြီး ရှင်သန်နိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
စာဆုံးအောင်ဖတ်သွားတဲ့အတွက်
ကျေးဇူးတင်စွာဖြင့်…..
tunlinnagti
Status credit to blogspot and edited