မိတ်ဆွေတို့အနေဖြင့် မိမိတို့ရဲ့ လုပ်ငန်းသုံးအိမ်သုံး အသံငြိမ်ဒီဇယ်မီးစက်တွေ , open-typeဒီဇယ်မီးစက်တွေကို အသုံးပြုနေတဲ့သူတစ်ယောက်ဆိုရင် မိမိရဲ့မီးစက်ကို စက်မနှိုးခင်ကိစ္စရပ်တွေ စက်နိုးတဲ့အချိန်ဘာတွေလုပ်ရမလဲဆိုတာတွေ အဲ့ဒီမီးစက်မှာပါတဲ့ အရေးပေါ်စက်ခလုတ်အကြောင်းတွေ ဒါတွေကိုပြည့်ပြည့်စုံစုံသိရဖို့အတွက် တင်ပြပေးလိုက်ပါတယ်ခင်ဗျ.
စက်သစ်သည်ဖြစ်စေ၊ ဟောင်းသည်ဖြစ်စေ အောက်ပါကိစ္စရပ်များကို စက်ကိုင်တာဝန်ရှိသူမှ မပျက်မကွက်လိုက်နာရန်အထူးလိုအပ်ပါသည်။
စက်မနှိုးခင်စစ်ဆေးရန်ကိစ္စရပ်များ
၁။ battery အိုးရှိ ဝါယာဆက်ခေါင်းများ တင်းကြပ်ခြင်းရှိမရှိစစ်ဆေးပါ။
အရည်အိုးဖြစ်ပါက အက်စစ်ပမာဏနှင့် သိပ်သည်းဆပြည့်မှီခြင်းရှိမရှိ။
၂။ စက်တွင်လိုအပ်သော အင်ဂျင်ဝိုင်ပမာဏပြည့်မှီခြင်းရှိမရှိစစ်ဆေးပါ။ လိုအပ်လျှင်ဖြည့်/အသစ်လဲပါ။
၃။ ဆီတိုင်ကီနှင့် ပလန်ချာပန့်အကြားတွင် ဒီဇယ်ဆီလေခိုခြင်းရှိမရှိ စစ်ဆေးပါ။
လေခိုနေလျှင် လေချုခြင်းကိစ္စဆောင်ရွက်ပါ။ သန့်ရှင်းပြီး အမျိုးအစားမှန်သော ဒီဇယ်ဆီကိုသုံးပါ။
၄။ စက်တွင်တပ်ဆင်ထားသော အထိုင်နတ်များကို မျက်မြင်စစ်ဆေးပါ။
လျော့နေချောင်နေခြင်း မရှိစေရပါ။ လိုအပ်လျှင်တင်းကြပ်ပါ။
၅။ ရေတိုင်ကီတွင်သတ်မှတ်ရေပမာဏ ပြည့်မှီခြင်းရှိမရှိ နှင့် ယိုစိမ့်မှုရှိမရှိ သေချာစွာစစ်ဆေးပါ။
သန့်ရှင်းသောရေသန့်ကိုသာ အသုံးပြုပါ။ original coolant သုံးနိုင်လျှင်အကောင်းဆုံးဖြစ်ပါသည်။
၆။ စက်တွင်တပ်ဆင်ထားသော လေစစ်ဗူးပိတ်ဆို့နေခြင်းရှိမရှိမျက်မြင်စစ်ဆေးပါ။
လိုအပ်လျှင်လေမှုတ်သန့်စင်ခြင်းကိစ္စဆောင်ရွက်ပါ။
၇။ အသုံးပြုမီးလိုင်းနှင့်ဆက်သွယ်ထားသော ဝါယာကြိုးများ အရွယ်အစားမှန်မမှန်စစ်ပါ။
3 phase ဖြစ်ပါက U,V,W,N မှန်ကန်စွာရှိမရှိနှင့် လိုင်း short ရှိမရှိသေချာစွာစစ်ဆေးပါ။
၈။ မိုးကြိုးဒဏ်နှင့် အခြားလျှပ်စစ်အန္တရာယ်များမှ ကာကွယ်ရန် စက်ဘော်ဒီကိုမြေစိုက်ကြိုးနှင့်ဆက်ထားပါ။
စက်စတင်နှိုးခြင်း
၁။ ဒိုင်နမိုရှိဘရေကာခလုတ်ကို ချထားပါ။ စက်ကို ဝန်မပါပဲ စတင်နှိုးပါ။
၂။ သော့ကို ON နေရာတွင်ထားပါ။
၃။ controller ရှိ MAN(manual)ခလုတ်ကိုနှိပ်ပါ။
၄။ start(1) ခလုတ်ကိုနှိပ်ပါ။ ၎င်းခလုတ်သည်အစိမ်းရောင်ဖြစ်ပါသည်။
၅။ start delay ကြာချိန်များကိုစောင့်ပါ။
၆။ controller တွင် GEN NORMAL RUNNING စာသားပေါ်ချိန်အထိစောင့်ဆိုင်းပါ။
၇။ controller တွင်ပေါ်သော volt/ frequency/ rpm/ oil pressure များကို မှန်မမှန်စစ်ပါ။
၈။ ပြီးလျှင်ဘရေကာခလုတ်ကိုတင်၍ မီးအသုံးပြုပါ။
၉။ 3 PHASE မီးစက်အမျိုးအစားဖြစ်ပါက အသုံးပြုမီးလိုင်း ၃လိုင်းကိုတတ်နိုင်သမျှဝန်ညီအောင်သုံးပါ။ တစ်လိုင်း/နှစ်လိုင်း လွှတ်၍သုံးစွဲခြင်းလုံးဝမပြုရပါ။
စက်သတ်ခြင်း
၁။ ဒိုင်နမိုရှိဘရေကာခလုတ်ကို ဦးစွာချထားပါ။ စက်ကို ဝန်မပါပဲ ရပ်ရန်ဖြစ်ပါသည်။
၂။ stop(0) ခလုတ်ကိုနှိပ်ပါ။ ၎င်းခလုတ်သည်အနီရောင်ဖြစ်ပါသည်။
၃။ stop delay ကြာချိန်များကိုစောင့်ပါ။
၄။ controller တွင် stop mode ပေါ်လာလျှင် သော့တံကို OFF နေရာတွင်ထားပါ။
၅။ လိုအပ်ပါကသော့ကို မိမိ၏အဖွဲ့မှသတ်မှတ်ထားသောနေရာတွင် ချိတ်ထားပါ။
အရေးပေါ်စက်သတ်ခလုတ်အကြောင်း (သို့မဟုတ်) Emergency Switch
၁။ Emergency Switch ခလုတ်သည်အရေးပေါ်အခြေအနေတစ်ခုတွင်သာအသုံးပြုရန်ဖြစ်ပါသည်။
၂။ သာမန်စက်ရပ်ခြင်း လုပ်ငန်းစဉ်များတွင် လုံးဝအသုံးမပြုရပါ။
၃။ ၎င်းခလုတ်ကိုနှိပ်လိုက်လျှင် controller ၏စက်ရပ်ခြင်းလုပ်ငန်းစဉ်များကို ကျော်ခွ၍ အလုပ်လုပ်မည်ဖြစ်ပါသည်။
၄။ လူ၊ စက်၊ အသုံးချပစ္စည်းများ နှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်လောက်သောအခြေအနေတစ်ခုတွင်သာ ၎င်းခလုတ်ကိုအသုံးပြုပါ။
၅။ ၎င်းခလုတ်ကိုနှိပ်တိုင်း ပုံမှန်မဟုတ်သောဖြစ်စဉ်များ စက်တွင်ဖြစ်ပေါ်သဖြင့်အနည်းနှင့်အများဆိုသလို စက်တွင်ထိခိုက်မှုဖြစ်စေတတ်ပါသည်။
၆။ ၎င်းခလုတ်ကိုနှိပ်ထားလျှင် နောက်တစ်ကြိမ်ထပ်မံ၍ စက်နှိုးရမည်မဟုတ်ပါ။controller တွင်လည်း emergency stop mode ဟုစာတန်းပေါ်နေပါမည်။
၇။ Emergency ခလုတ်သည် ပထမတစ်ခါနှိပ်လျှင် စက်ပိတ်(close) ၊ ဒုတိယတစ်ခါနှိပ်လျှင် စက်ဖွင့်(open)ဖြစ်ပါမည်။ အကြိမ်ရေသတိပြုပါ။
မီးစက်နှင့်ပက်သက်၍ မိတ်ဆွေအားလုံးအဆင်ပြေကြပါစေ.
Tun Lin