လူတိုင်းအသုံးပြုမော်တာနဲ့ကင်းမည့်လူဆိုတာရှိမယ်မထင်ပါဘူး , ဒါကြောင့်မော်တာတစ်လုံးကိုအသုံးပြုတော့မည့်ဆိုလျှင်ဘာတွေသတိပြုလိုက်နာရမလဲဆိုကိုဖော်ပြပေးပါလိုက်ပါတယ်.
Single မော်တာ အသုံးပြုမည့် မီးအားသည် 50Hz နှင့် 180~250 VAC အားအကြားတွင် ရှိရပါမည်။
ခံနိုင်ရည်ရှိသော ဝါယာကြိုးအရွယ်အစားကို အသုံးပြုရပါမည်။
Wire terminals ဝါယာငုတ်များ နှင့် ဝါယာကြိုးများကို သေချာစွာ တင်းကြပ်နေစေရပါမည်။
ပန်ကာကြိုး အလိုင်းမင်း(alignment) တည့်မတည့် နှင့် ကြိုးတင်းအား(tension) ကို သေချာစွာ ချိန်ညှိရပါမည်။
မော်တာကို မနိုင်ဝန်ဖြစ်ခြင်း(over load) မှ ကာကွယ်ရန် Max; Ampere နှင့် အနီးဆုံးဖြစ်သော
Breaker Switch ကို အသုံးပြုရပါမည်။
အကယ်၍ မီးအားသည် 180~250VAC , 50Hz တွင် မော်တာ မရုန်းနိုင်လျှင်
(၁) ပန်ကာကြိုး တင်းအားများနေခြင်း၊
(၂) မော်တာ၏ ဂါဗာနာပွိုင့် မထိမိခြင်း၊contact point မထိမိခြင်း၊
(၃) စတပ်ဗူး (capacitor) ကြိုးပြတ်နေခြင်း / မကောင်းခြင်း။
စသည်တို့ကို သေချာစွာ စစ်ဆေးရပါမည်။
ဤအခြေအနေတွင် မော်တာ ကို မီးအား (power supply) ထပ်မပေးပါနှင့် ။
45 sec အချိန်မျှ နှင့် လောင်ကျွမ်း ပျက်စီး နိုင်ပါသဖြင့် အထူးဂရုပြုရပါမည်။
3 phase မော်တာများ အသုံးပြုရာတွင် phase (အပူကြိုး) သုံးလိုင်းရှိ ဗို့အား သည်လွန်မင်းစွာ ကွာခြားနေခြင်း၊
phase စောင်းခြင်းများ မရှိစေရန် အထူးဂရုပြုရပါမည်။
မော်တာ မနိုင်ဝန်ဖြစ်ခြင်း (over load) မှ ကာကွယ်ရန် နှင့် လျှပ်စစ်အန္တရာယ် မဖြစ်စေရန် သင့်တော်သော 3 phase circuit breaker switch ကို အသုံးပြုရပါမည်။
10 hp နှင့် အထက် 3 phase မော်တာများ အသုံးပြုလျှင် မော်တာသက်တမ်းရှည်စေရန် အတွက် ပြည့်စုံသော
3 phase motor starter box ဖြင့် အသုံးပြုသင့်ပါသည်။
A Complete Three Phase Motor Starter Box
(phase sequence device + star delta device + delay timer device + over load protector)
ရာသီဥတုဒဏ်မှ လုံခြုံစွာထား၍ သုံးစွဲရပါမည်။ မိုးကြိုးဒဏ်မှ ကာကွယ်ရန်နှင့် လူကို အန္တရာယ် မဖြစ်စေရန်
မော်တာကိုယ်ထည်(body) ကို မြေစိုက်ကြိုး နှင့်ဆက်သွယ်ထားရပါမည်။
ဝယ်ယူထားသော မော်တာများ အလိုက် ကြေးကွိုင် အပြည့်ဖြစ်ကြောင်း ကိုသာ အာမခံပါသည်။
မော်တာ၏ သက်တမ်းကို ထည့်သွင်းစဉ်စားမည် မဟုတ်ပါ။
Motorအသုံးပြုတိုင်းအဆင်ပြေကြပါစေခင်ဗျ.