Battery တစ်လုံးကိုအားသွင်းရင်အချိန်ဘယ်လောက်ကြာသလဲ…
ပထမဆုံး battery တစ်ခုရဲ့ အရေးအသားကိုလေ့လာတဲ့အခါ….
12V 100Ah ဒီလိုတွေ့ပါမယ်။
12V ဆိုတာက battery ရဲ့ ဒီစီလျှပ်စစ်ဗို့အားကိုရည်ညွှန်းတာဖြစ်ပါတယ်။
100Ah ဆိုတာက battery ရဲ့ စွမ်းရည်အမ်ပီယာအားကိုဖော်ပြတာဖြစ်ပါတယ်။
ဒီ battery ဟာ 100A ဒီစီလျှပ်စီးကြောင်းထုတ်ပေးနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။
100Ah လို့ဆိုတဲ့အတွက် ဒီ battery ကို
စွမ်းအားအကုန် 100A သုံးရင်
အချိန်တစ်နာရီပဲရတယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ဘက္ထရီမူလအားအခြေအနေ၊ ဘက္ထရီရဲ့ ကြံခိုင်မှု
အပေါ်မူတည်ပြီးအပြောင်းအလဲရှိနိုင်ပါသေးတယ်။
အားသွင်းကြတဲ့အခါ ဘက္ထရီအိုးရဲ့ စွမ်းဆောင်ရည်အမ်ပီယာသတ်မှတ်ချက်ရဲ့ 10% လောက်နဲ့သာသွင်းသင့်ပါတယ်။
တဲ့ထက်ပိုတဲ့ အမ်ပီယာနဲ့အားသွင်းရင် ဘက္ထရီအိုး
သက်တမ်းတိုမှာဖြစ်ပါတယ်။
အားသွင်းချိန်ကတော့ မြန်ဆန်တိုတာင်းပါတယ်။
ပျက်စီးနိုင်တယ်ဆိုပေမယ့် အရေးကြီးရင်ကြီးသလိုပေါ့။
အားသွင်းအပ်မီယာများလေ သက်တမ်းပိုတိုလေဖြစ်ပါတယ်။
ဒါက အမ်ပီယာပိုင်းကနေပြောတာပါ။
အားသွင်းဗို့ကတော့ ဘက္ထရီတွေကိုသွယ်ဆက်ပုံအလိုက်
12V/24V/48V စသည်ဖြင့် တွက်ချက်ပြီးအမျိုးမျိုး
တွဲဆက်နိုင်ပါတယ်။
12V ဘက္ထရီတစ်လုံးကို 12.5V/13V/14V/18V စတဲ့ ဗို့အားတွေနဲ့လည်းအားသွင်းကြသေးတယ်။
အားသွင်းဗို့အားကလည်း များလေ ဘက္ထရီသက်တမ်းတိုလေဖြစ်ပါမယ်။
အားသွင်းချိနိကတော့မြန်ဆန်တိုတောင်းပါမယ်။
ရေဟာမြင့်ရာမှ နိမ့်ရာကိုစီးသလို လျှပ်စစ်ဗို့အားကလည်းဒီသဘောပါပဲ။
ဒီကိစ္စအတွက်ပုံသေနည်းတစ်ခုရှိပါတယ်။
Charging time of battery = Battery Ah / Charging Current
T = Ah / A
Where,
T = Time hrs(ကြာချိန်)
Ah = Ampere hour rating of battery
(battery ရဲ့ အသုံးပြု အမ်ပီယာစွမ်းအား)
A = Current in Amperes(အားသွင်းအမ်ပီယာ)
ဥပမာတစ်ခု တွက်ကြည့်ပါမယ်။
12V100Ah ဘက္ထရီတစ်လုံးကိုနမူနာယူပါမယ်။
100Ah ရဲ့ 10%ဟာ 10A ဖြစ်ပါတယ်။
အားသွင်းဗို့ကို 12V နဲ့သာစဉ်းစားပါမယ်။
ပုံသေနည်းမှာ အစားသွင်းလိုက်ရင်…..
T=Ah/A
T=100/10
T=10h(နာရီ)
ဒီတော့ 12V100Ah ဘက္ထရီတစ်လုံးကို
12V-10A အားရှိတဲ့ အားသွင်းစက်နဲ့သွင်းရင်
10 နာရီအချိန်ကြာမှ အားပြည့်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
ဒီတော့ အားသွင်းဗို့အားနဲ့ အားသွင်းအမ်ပီယာပမာဏ
ဟာ ဘက္ထရီတစ်လုံးအားသွင်းမှုဖြစ်စဉ်မှာ
သေချာချိန်ဆရမယ့်ကိစ္စဖြစ်ပါတယ်။
နောက်တစ်ခုက ဘက္ထရီတစ်လုံးရဲ့ ဗို့အားဟာများသောအားဖြင့် 12V စံယူပြီးစဉ်းစားရင်
အားစသွင်းမယ့်အချိန်မှာ ဒီဘက္ထရီဟာ ဗို့အားအခြေအနေ
ဘယ်လောက်မှာ ရှိတယ်ဆိုတာအပေါ်မူတည်ပြီး
အားပြန်ပြည့်အောင်သွင်းချိန်လည်း
ပြောင်းလဲမှာဖြစ်ပါတယ်။
သာမန်မေးခွန်းတစ်ခုဖြစ်တဲ့……
ဘက္ထရီအိုးတစ်လုံးကိုအားသွင်းရင် အချိန်ဘယ်လောက်ကြာသလဲ။
ဒါကိုပြောနိုင်ဖို့ အထက်ပါအချက်တွေမစဉ်းစားပဲ
အဖြေပေးလို့ မလွယ်ကူပါဘူး။
Batter အိုးလည်းကောင်းဖို့လိုသလို….
Battery charger ကလည်းစွမ်းဆောင်ရည်ကောင်းဖို့လိုပြန်ပါတယ်။
Charger type အပေါ်မူတည်ပြီး အဝင်မီးအားလည်း
တောင့်တင်းပြည့်မှီနေဖို့လိုပြန်ပါသေးတယ်။
Battery charger တွေမှာ
inverter type နဲ့ coil type ဆိုတာလည်းကွဲပြားပါသေးတယ်။
သာမန်အားဖြင့် coil type တွေဟာ အဝင်ဗို့အားအကျမခံပါဘူး။
အဝင်ဗို့အားကျတာနဲ့ အထွက်ဗို့အားလည်းလိုက်ကျတာမို့
ဘက္ထရီအားသွင်းချိန်နဲ့ အားဝင်မှုအခြေအနေကို
ပြောင်းလဲသွားစေနိုင်ပါတယ်။
ဘော်ဒါတွေအားလုံး battery charging နဲ့ပတ်သက်လို့
အဆင်ပြေကြပါစေ။