မင်္ဂလာပါခင်ဗျာ။
IP အကြောင်းသိသလောက်မျှဝေပေးထားတာဖြစ်ပါတယ်။
ဒီနေရာမှာ IP ဆိုတာ internet protocols မဟုတ်တာကိုတော့ သတိချပ်စေလိုပါတယ်။
IP=internet protocols
IP=ingress protection
ဆိုပြီးတော့ အသုံးရှိတဲ့အထဲကမှ
လျှပ်စစ်ပစ္စည်းတွေမှာ ပါတဲ့ IP(ingress protection)(ဝင်ရောက်မှုကာကွယ်ခြင်း) ဆိုတာကို လေ့လာမှာဖြစ်ပါတယ်။
ဒီအထဲမှာ IP ဆိုတဲ့ စာလုံးရဲ့နောက်မှာ ဂဏန်းနှစ်လုံးနဲ့ ကိုယ်စားပြုဖော်ပြတာဖြစ်ပါတယ်။
IP-** ဆိုပြီး ရေးလေ့ရှိပါတယ်။ IP-00 ~ IP-68 ဒီကန့်သတ်ချက်အတွင်းဖြစ်ပါမယ်။
တိုးတက်လာတဲ့ခေတ်ထဲမှာ အခြားစစ်ဘက်ဆိုင်ရာ၊ ပင်လယ်ရေအောက်လေ့လာရေးဆိုင်ရာ၊ အာကာသဆိုင်ရာ
နယ်ပယ်သုံးတွေအတွက် ဒီထက်ပိုကောင်းတာရှိနိုင်ပါသေးတယ်။
လျှပ်စစ်ပစ္စည်းတစ်ခုရဲ့ အတွင်းပိုင်းကို အစိုင်အခဲ၊ အရည်ဝင်ရောက်မှု ကာကွယ်ခြင်းပြတဲ့ နံပါတ်လို့ ပြောလို့ရပါတယ်။
လည်ပတ်လှုပ်ရှားနေတဲ့အစိတ်အပိုင်းတွေ၊ လျှပ်စစ်စီးနေတဲ့ အစိတ်အပိုင်းတွေ ထဲကို ဖုန်အမှုန်၊ ရေ စတာတွေ ဝင်ရောက်ပြီဆိုတာနဲ့
သက်တမ်းကျဆင်းမှာဖြစ်ပါတယ်။
ဒီဂဏန်း နှစ်လုံးမှာ ပထမဆုံး ရေးတဲ့ ဂဏန်းဟာ အစိုင်အခဲ အရွယ်အစား ဝင်ရောက်နိုင်မှုကို ဖော်ပြတာဖြစ်ပြီး
ဒုတိယ ဂဏန်းကတော့ အရည်ဝင်ရောက်နိုင်မှု ကိုဖော်ပြတာဖြစ်ပါတယ်။
အထက်က ဇယားမှာ အသေးစိတ်လေ့လာ လို့ရပါတယ်။
IP Class for solid state(အစိုင်အခဲ ဝင်ရောက်မှု ကာကွယ်ခြင်းဖော်ပြချက်)
*******************************************************
IP-0* (No special protection)(အစိုင်အခဲ ဝင်ရောက်မှု ကာကွယ်ထားခြင်းမရှိပါ)
IP-1* (Protection from a large part of the body such as a hand; from solid abjects greater than 50mm in diameter)
လူ၏လက်နှင့်တကွ 50mm နှစ်လက်မအထက်ကြီးသော အစိုင်အခဲများကို ကာကွယ်ထားသည်။
IP-2* (Protection against fingers or other object not greater than 80mm in length and 12mm in diameter)
လူ၏လက်ချောင်းများနှင့်တကွ အခြား အလျား 80mm နှင့် အချင်း 12mm ထက်ကြီးသော ပစ္စည်းများကို ကာကွယ်ထားသည်။
IP-3* (Protection from entry by tools, wire, etc., with a diameter or thickness greater than 1mm)
စက်အစိပ်အပိုင်းများ၊ ဝါယာကြိုးစများ နှင့် အထူ 1mm ရှိသော အစိုင်အခဲများကို ကာကွယ်ထားသည်။
IP-4* (Protection from entry solid objects with a diameter or thickness greater than 1mm)
အထူ(သို့)အချင်း 1mm အထက်ကြီးသော အစိုင်အခဲများကို ကာကွယ်ထားသည်။
IP-5* (Protection from the amount of dust that would interfere with the operation of the equipment)
စက်၏လည်ပတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ဖုန်အမှုံများကို ကာကွယ်ထားသည်။
IP-6* (Dust tight)(ဖုန်အမှုံများ ဝင်ရောက်ခြင်းကို လုံးဝကာကွယ်ထားသည်။)
IP Class for liquid state(အရည်ဝင်ရောက်မှု ကာကွယ်ခြင်းဖော်ပြချက်)
*****************************************************
IP-*0 (No special protection)(အရည်ဝင်ရောက်မှု ကာကွယ်ထားခြင်းမရှိပါ)
IP-*1 (Protected against vertical falling drops of water or condensation)
အပေါ်တည့်တည့်မှကျသော အရည်များနှင့် ငွေ့ရည်ဖွဲ့ခြင်းမှ ကျသော အရည်များကို ကာကွယ်ထားသည်။
IP-*2 (Protected against vertical falling drops of water, if the case is disposed up to 15 degree from vertical)
အပေါ်တည့်တည့်မှ ၁၅ ဒီကရီ စောင်း၍ကျလာသော အရည်များကို ကာကွယ်ပေးထားသည်။
IP-*3 (Protected against spray of water from any direction, up to 60 degrees from the vertical)
ဒေါင်လိုက်မှ ၆၀ ဒီကရီ အစောင်းရှိသော ရေအမှုံများ မည်သည့်ဦးတည်ရာမှ ဖြစ်စေ ဝင်ရောက်ခြင်းကို ကာကွယ်ထားသည်။
IP-*4 (Protected against splash water from any direction limited ingress permitted)
မည်သည့်ဦးတည်ရာမှဖြစ်စေ အရည်ဖိတ်စင် ဝင်ရောက်မှုကို ကာကွယ်ထားသည်။
IP-*5 (Protected against low pressure water jets from any direction. limited ingress permitted)
မည်သည့်ဦးတည်ရာမှဖြစ်စေ ဖိအားနည်းရေပန်းများ ဝင်ရောက်ခြင်းကို ကာကွယ်ထားသည်။
IP-*6 (Protected against high pressure water jets from any direction. limited ingress permitted)
မည်သည့်ဦးတည်ရာမှဖြစ်စေ ဖိအားပြင်းရေပန်းများ ဝင်ရောက်ခြင်းကို ကာကွယ်ထားသည်။
IP-*7 (Protected against short periods of immersion in water between 15cm and 1m)
ရေအနက် 15cm မှ 1m (3.28 ပေ) အထိ ခေတ္တ နစ်မြှုပ်မှု ကို ခံနိုင်ရည်ရှိသည်။
IP-*8 (Protected against long, durable periods of immersion in water. under pressure)
ဖိအားပြင်းရေအောက်တွင် အချိန်ကြာမြင့်စွာ နှစ်မြှုပ်၍ အသုံးပြုခြင်းကို ခံနိုင်ရည်ရှိသည်။
မိမိသိလိုတဲ့ IP ရဲ့နောက်က ဂဏန်းနှစ်လုံးကို လိုသလိုတွဲပြီး လေ့လာလို့ရပါပြီ။
လက်ရှိဈေးကွက်ထဲမှာရှိတဲ့ လျှပ်စစ်မော်တာ (4 pole)နဲ့ဥပမာပေးရမယ်ဆိုရင်
IP-44 ပဲဖြစ်ပါတယ်။
ပထမဂဏန်းဟာ 4 ဖြစ်တဲ့အတွက် ဇယားမှာပါတာက
protection from entry by solid objects with a diameter or thickness greater than 1mm. လို့ဆိုထားတဲ့အတွက် ၁ မီလီမီတာအရွယ်အစားထက်ကြီးတဲ့
အမှုန် မဝင်နိုင်ဘူးလို့နားလည်ရမှာဖြစ်ပါတယ်။
ဒုတိယဂဏန်းဟာလည်း 4 ဖြစ်တဲ့အတွက် ဇယားမှာပါတာက
Protected against splash water from any direction.limited ingress permitted. လို့ဆိုထားတဲ့အတွက် ရှေ့နောက်၊ ဘယ်ညာ၊ အပေါ်အောက် ဘယ်ကနေမဆို
ရေ ဖိတ်စင်ကျတာ မျိုးကိုကာကွယ်ပေးမှာဖြစ်ပါတယ်။
ကျန်တာတွေကို ဇယားမှာ ကြည့်လို့အဆင်ပြေမှာပါ။
ဒီလောက်ဆိုရင် လျှပ်စစ်ပစ္စည်း တံဆိပ်ပြားတွေ အပေါ်က IP ဆိုတာကို တော်သင့်ရုံ နားလည်သဘောပေါက်ပြီလို့ထင်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။
ကျေးဇူးတင်စွာဖြင့်….
Tun Lynn(Admin)
#ကျင်းလုံမြန်မာ