အင်ဗာတာမီးစက်လို့ဆိုလိုက်တော့
စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါတယ်။
ဘာလားဟ……ပေါ့….
ဘာမှမဟုတ်ပါဘူး။
မီးစက်ပါပဲ။
ဒါပေမယ့်သာမာန်မီးစက်တွေလိုတော့
မဟုတ်တော့ပါဘူး။
မီးစက်ကထွက်တဲ့
AC လျှပ်စစ်ဆိုတာ Volt / frequency / current
တွဲလျှက်ဖြစ်တည်ရတယ်ဆိုတာတော့ အခြေခံသိထားဖို့
လိုမှာဖြစ်ပါတယ်။
ပစ္စည်းတိုင်းမှာ input ဆိုတာပေးရတာရှိပါတယ်။
ထို့အတူ output ဆိုတာလည်းပြန်ထုတ်ပေးပါတယ်။
ပြီးရင်စွမ်းအင်ဆုံးရှုံးမှု ခပ်ပါးပါးလည်းပြန်ပါလာပါတယ်။
ညီမျှခြင်းချရမယ်ဆိုရင်…..
Input=output+losses
ဒီလိုဖြစ်ပါမယ်။
အခုဒီအင်ဗာတာမီးစက်နဲ့ပတ်သက်လို့
Output ဆိုတဲ့နေရာကနေကနေပြောပါ့မယ်။
အရင်ထွက်ခဲ့ဖူးတဲ့မီးစက်တွေမှာ
AVR စနစ်တပ်ဆင်ထားလို့ တည်ငြိမ်ဗို့အားထွက်ပါတယ်။
လျှပ်စစ်ကြိမ်နှုန်းfrequency တည်ငြိမ်မှုမရပါဘူး။
အင်ဂျင်လည်ပတ်အားနဲ့
တိုက်ရိုက်ပတ်သက်နေတာဖြစ်လို့
တက်လိုက်ကျလိုက်ရှိပါမယ်။
အခု inverter generator အင်ဗာတာမီးစက်မှာတော့
Volt တည်ငြိမ်စွာထွက်ပါမယ်။
Frequency တည်ငြိမ်စွာထွက်ပါမယ်။
သက်ဆိုင်ရာအရွယ်အစားအလိုက်
ဝန်သုံးရင်သုံးသလို အင်ဂျင်
အော်တိုရုန်းအားလိုက်ပြောင်းပါတယ်။
Frequency ပြောင်းလဲခြင်း
မရှိသလောက်ဖြစ်ပါတယ်။
Volt ကတော့ ဝန်အားအပြောင်းအလဲမှာ
အနည်းငယ်လှုပ်ပါမယ်။
ထွက်တဲ့အေစီလျှပ်စစ်ဟာ 220VAC/ 50Hz
/ Pure Sine wave အစစ်ထွက်ပါတယ်။
တည်ဆောက်အလုပ်လုပ်ပုံအနေနဲ့
သံလိုက်ဒိုင်နမိုတစ်လုံးပါပါတယ်။
ဗို့အားမြင့် AC လျှပ်စစ်ထွက်ပါတယ်။
ဒီဗို့အားမြင့် လျှပ်စစ်ဟာ inverter card ထဲကိုသွားပါတယ်။
inverter card ဆိုတဲ့အတိုင်းအသွင်ပြောင်းခြင်းကိစ္စတွေလုပ်ပါတယ်။
AC လျှပ်စစ်မှ DC လျှပ်စစ်အသွင်ပြောင်းပါတယ်။
ပြီးရင် DC လျှပ်စစ်မှ AC လျှပ်စစ် အသွင်ထပ်ပြောင်းပြီး
တည်ငြိမ်ဗို့အား၊ တည်ငြိမ်ကြိမ်နှုန်းနေနဲ့ OUTPUT TERMINAL ဆီမှာသုံးရန်အသင့် အနေအထား 220VAC/ 50Hz
/ Sine wave အစစ် နဲ့ရောက်ရှိပါတယ်။
ဒီ INVERTER CARD ဟာ ဗို့အားနဲ့ကြိမ်နှုန်းတည်ငြိမ်အောင်လုပ်ပေးရုံတင်မဟုတ်ပါဘူး။
အသုံးပြုဝန်အားအလိုက် အင်ဂျင်ရုန်းအားကို လိုသလိုပြောင်းလဲနိုင်စေဖို့အတွက် အင်ဂျင်မှာရှိတဲ့ ကာဗြူရေတာ THROTTLE VALVE ကို
CONTROL UNIT မှတဆင့်တိုက်ရိုက်ခိုင်းစေပေးပါတယ်။
ဒါ့ကြောင့် ဒီအင်ဗာတာမီးစက်တွေမှာ ဂါဗာနာပင်နယံ၊ ဂါဗာနာအတံ၊ အင်ဂျင်လီဗာတံ စတဲ့ပစ္စည်းတွေပါဝင်ခြင်းမရှိတော့ပါဘူး။
INVERTER CARD မှတဆင့်တွက်ချက်ပြီး အသုံးပြုဝန်အားအလိုက်ဆီစားနှုန်းကိုတွက်ချက်ခိုင်းစေတာဖြစ်ပါတယ်။
ဒါဟာ ရိုးရိုး AVR မီးစက်တွေနဲ့မတူတဲ့ တည်ဆောက်ကွဲပြားချက်ဖြစ်ပါတယ်။
တိုးတက်လာတဲ့နည်းပညာထပ်ပေါင်းထည့်ထားတဲ့မီးစက်တစ်မျိုးဖြစ်ပါတယ်။
နည်းပညာပိုင်းကြောင့် တန်ဖိုးအနေနဲ့ကတော့ သာမန် AVR မီးစက်တွေထက်ပိုမှာဖြစ်ပါတယ်။
သတိထားစရာတစ်ခု အနေနဲ့ အင်ဗာတာမီးစက်တွေမှာ
Eco mode
Max mode နှစ်မျိုးပါဝင်လေ့ရှိပါတယ်။
မီးစက်အရွယ်အစား လေးပုံတစ်ပုံလောက်အနေအထား
မီးသုံးနည်းနည်းဆိုရင်တော့ Eco mode မှာထားပြီးသုံးနိုင်ပါတယ်။
မီးစက်အရွယ်အစားရဲ့ တစ်ဝက်နှုန်းလောက် ဝန်သုံးရမယ်ဆိုရင်တော့ Max mode နဲ့သာ အသုံးပြုရမှာဖြစ်ပါတယ်။
Max mode သုံးရမယ့်နေရာမှာ Eco mode ထားသုံးမိရင် အတွင်းက inverter card ပျက်စီးတတ်ပါတယ်။
စမ်းရုံပဲရှိသေးတာတို့၊ ခဏပဲသုံးကြည့်တာတို့ စသည်ဖြင့် ဒါမျိုးပြောလို့မရပါဘူး။
Eco mode သုံးရမယ့်နေရာမှာ Max mode သုံးရင်တော့ စက်ပျက်စီးမှုမရှိနိုင်ပါ။
ဆီအနည်းပိုစားခြင်း၊ အသံအနည်းငယ်ပိုထွက်ခြင်းလောက်သာ ဖြစ်နိုင်ပါတယ်။
ဒီ mode နှစ်ခုကို သေချာသိထားဖို့၊ လိုက်နာဖို့ အထူးလိုအပ်ပါတယ်။
စဉ်ဆက်မပြတ်အားပေးကြတဲ့ဘော်ဒါတွေကို အသစ်အသစ်သော ပစ္စည်းများ
မသိလိုက်ရမရှိလေအောင်တင်သွင်းပေးလိုက်ပါတယ်။
Every product is not for every one ဆိုတဲ့စကားအတိုင်း
သူ့ပရိတ်သတ်နဲ့သူ ရှိနေမယ့်
ဗို့အားငြိမ်
ကြိမ်နှုန်းငြိမ်
အသံငြိမ်
မီးစက်အမျိုးအစားအသစ်တစ်ခုဖြစ်ကြောင်း
မိတ်ဆက်တင်ပြပေးလိုက်ပါတယ်ခင်ဗျ။