Evaporative Air Cooler WD-80B
**We usually contact you within 24 hours of placing an order **
For more information: :09765635192
Description
|
WD-80B |
|
320 W |
|
220 VAC/ 50 Hz |
|
1-2-3 |
|
8000 m3/hr |
|
40~70 square meter |
|
90 degree |
|
50 L |
|
22 W-220 V |
|
870×570×1320 mm |
|
35 kg(ရေမပါ) |
အလုပ်ရုံသုံး ဆိုင်သုံး စသည်ဖြင့် အတော်အဆင်ပြေတဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။
အဝေးကနေအလွယ်တကူမြင်သာတဲ့ digital အချက်ပြမျက်နှာပြင်ပါရှိတာမို့
လုပ်ငန်းစဉ်တစ်ခုချင်းစီကို ကြည့်လိုက်ရုံနဲ့ သိသာစေပါတယ်။
ဆုံလည်ဘီးပါလို့ တနေရာနဲ့တနေရာ အလွယ်တကူရွေ့ပြောင်းနိုင်ပါတယ်။
နေရာချထားပြီးရင်လည်း လေတွန်းအားကြောင့်နေရာရွေ့မသွားစေဖို့ ဘီးတွေမှာ
ခြေနင်းဘရိတ်လေးတွေတပ်ဆင်ပေးထားပါသေးတယ်။
ရေတိုင်ကီထဲကရေလက်ကျန်အခြေအနေကိုလည်း ရှေ့မျက်နှာစာမှာရှိတဲ့
ကြည့်မှန်ပြားကနေ အလွယ်တကူမြင်နိုင်ပါတယ်။
Air Con ဆင်ဖို့ မဖြစ်နိုင်တဲ့ နေရာကျယ်လုပ်ငန်းခွင်တွေအတွက်ကတော့ အတော်ကိုနေရာကျပြီး
တွက်ချေကိုက်မှာအသေချာပါပဲဗျ။
၁။ မော်တာလည်ပတ်အား ၃ မျိုးချိန်ညှိနိုင်ပါတယ်။
မော်တာလည်ပတ်အား ချိန်ညှိဖို့ ခလုတ် ၃ ခုပါတာဖြစ်ပါတယ်။
လည်ပတ်အားပြောင်းရင် လေထွက်လည်းပြောင်းမယ်ပေါ့။
၂။ အချိန်လိုသလိုသတ်မှတ်ပြီး မောင်းနှင်နိုင်ပါတယ်။
အချိန်သတ်မှတ်ပြီးမောင်းတော့ အိပ်ရေးမပျက်တော့ဘူးပေါ့။
အရက်သောက်ပြီး အမြဲဖွင့်မောင်းထားတာမျိုးတော့ အားမပေးပါ။
ပတ်ဝန်းကျင်ရာသီဥတုနဲ့ မိမိတို့ရဲ့ ကျန်းမားရေး ရေချိန်အလိုက် အသိသတိနဲ့ သုံးစွဲကြဖို့ဖြစ်ပါတယ်။
၃။ လူကိုအေးမြလန်းဆန်းစေတဲ့ အထွက်လေ negative charged anion ပါဝင်မှု ဖန်တီးနိုင်မယ်။
ဒါကတော့ သုံးမယ်မသုံးဘူးရွေးရုံပါပဲ။ ထူးခြားချိန်ညှိစရာမရှိပါ။
၄။ လေသက်ရောက်မှု ဦးတည်ရာလမ်းကြောင်းအမျိုးမျိုးကို အော်တိုထားနိုင်မယ်။
အခန်းအတွင်းလေပျံ့နှံ့သက်ရောက်မှုကို ဖန်တီးဖို့ဖြစ်ပါတယ်။ လားရာတစ်သမတ်တည်းချိန်ညှိထားလို့လည်းရပါတယ်။
မိမိတို့ အဆင်ပြေသလိုပေါ့။
၅။ ရေပန့်မော်တာ ရပ်ခြင်းမောင်းခြင်း ကိစ္စ လိုသလိုခိုင်းနိုင်မယ်။
မိမိတို့ အသုံးပြုတဲ့ အခန်းအရွယ်အစားအလိုက် အချိန်ကြာတာနဲ့ အမျှ အခန်းထဲကလေမှာ ရေငွေ့ပါဝင်မှုဟာများလာမှာဖြစ်ပါတယ်။
လူသားတွေ သက်သောင့်သက်သာရှိတဲ့ လေထုစိုထိုင်းဆ relative humidity ဟာ 60% ဝန်းကျင်ဖြစ်ပါတယ်။
ဒီထက်ကျော်သွားရင်သက်သောင့်သက်သာမဖြစ်တော့ပါဘူး။
ခံစားရတဲ့ feeling က တခါတရံ မိုးရွာပြီးစ အချိန်တွေမှာ ပူအိုက်ကြီးဖြစ်သလိုမျိုးပေါ့။
မိမိတို့ လိုသလို စီမံကြဖို့ဖြစ်ပါတယ်။
၆။ ဖွင့်ပိတ်ခလုတ် တစ်ခုပါဝင်ပါတယ်။
အထက်ပါစနစ်တွေအားလုံးကို စက်မှာရှိတဲ့ ခလုတ်တွေကို နှိပ်၍သော်လည်းကောင်း၊
remote controller မှာသော်လည်းကောင်း ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။
Product Code – al80
Additional information
Weight | 35 kg |
---|---|
Dimensions | 87 × 57 × 132 cm |
Reviews
There are no reviews yet.