မင်္ဂလာပါခင်ဗျာ။
ခုတစ်ခါ မိတ်ဆက်ပေးထားတာကတော့ SCREW-TYPE AIR COMPRESSOR အကြောင်းဖြစ်ပါတယ်။
AIR COMPRESSOR ဆိုတာ ပြင်ပလေထုထဲက လေ ကို လှောင်အိုးတစ်ခုထဲမှာ ဖိသိပ်သိုလှောင်တဲ့ နေရာတွေမှာ အသုံးပြုကြတာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ပြင်ပလေထုဆိုတာဟာ နိုက်ထရိုဂျင်(NITROGEN) 78% ၊ အောက်စီဂျင်(OXYGEN) 21% ၊ အခြားရှားပါးဓာတ်ငွေ့အရော 1% ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒီလို လေကို ဖိသိပ်တဲ့နည်းတွေ အများရှိရှိပါတယ်။ ဒါ့ကြောင့် ကွန်ပရက်ဆာ တည်ဆောက်ပုံတွေဟာလည်း အမျိုးမျိုးရှိနေမှာဖြစ်ပါတယ်။
ဥပမာအားဖြင့်…..
PISTON-TYPE
DIAPHGRAM-TYPE
WING-TYPE
ROTRARY-TYPE
SCREW-TYPE
VANE-TYPE
စတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။
SCREW-TYPE အကြောင်းကိုပဲ အဓိကပြောပါမယ်။
SCREW COMPRESSOR ကိုစက်ရုံအလုပ်ရုံတွေ၊ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းတွေ၊
ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ မော်တော်ယာဉ်ပြုပြင်ဆေးကြောရေးအလုပ်ရုံတွေ၊ ဆေးရုံဆေးခန်းတွေ စသည်ဖြင့်နယ်ပယ်ကျယ်ပြန့်ပါတယ်။
ဒီလိုနယ်ပယ်ကျယ်ပြန့်ပေမယ့် ကွန်ပရက်ဆာရဲ့ အဓိကလုပ်ငန်းစဉ်ကတော့ ပြင်ပလေကို လှောင်အိုးတစ်ခုထဲသို့ မိမိတို့ လိုအပ်တဲ့လေဖိအား
တစ်ခုရောက်အောင် ဖိသိပ်သိုလှောင်ခြင်းသာဖြစ်ပါတယ်။
ကွန်ပရက်ဆာ တစ်လုံးအသုံးလိုပြီဆိုတာနဲ့ မဖြစ်မနေစဉ်းစားရမယ့်အချက်နှစ်ချက်ရှိပါတယ်။
၁။ လေထွက်ပမာဏ
ကွန်ပရက်ဆာတွေမှာ တစ်မိနစ်လည်ပတ်အားဘယ်လောက်ပေးရင် တစ်မိနစ်ကို လေဘယ်လောက်ထွက်မယ်တိုတာရှိပါတယ်။
ဒီလေထွက်ပမာဏဆိုတာကို ယူနစ်အမျိုးမျိုးနဲ့ရေးသားကြပါတယ်။
liter/sec(တစ်စက္ကန့်မှာ လေဘယ်လောက်လီတာထွက်တယ်ဆိုတာဖြစ်ပါတယ်)
m3/min(တစ်မိနစ်မှာ လေဘယ်လောက် ကုဗမီတာ ထွက်တယ်ဆိုတာဖြစ်ပါတယ်)
၂။ လေဖိအား
လေအိုးထဲကို လေဖိအားဘယ်လောက်အထိဖိထည့်ပေးနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
လေဖိအားကို တိုင်းတာသတ်မှတ်ကြတဲ့ ယူနစ်အမျိုးမျိုးရှိပါတယ်။ အခုနောက်ပိုင်း SI စနစ်မှာ အသုံးများတာက
Mpa(mega pascal), Kpa(kilo-pascal), kg/cm2 , စတဲ့ယူနစ်တွေဖြစ်ပါတယ်။
ပြည်တွင်းမှာတော့ psi (pound per square inches) ယူနစ်ကို အသုံးများကြပါတယ်။ ယူနစ်ကိုလိုသလို တွက်ချက်ပြောင်းလဲနိုင်ပါတယ်။
ထုတ်လုပ်တဲ့စက်ရုံများကတော့ SI system ကိုသာ အသုံးပြုကြတာများပါတယ်။
Pressure unit အကြောင်းအသေးစိပ်လေ့လာဖို့ အောက်က link မှာ လေ့လာနိုင်ပါတယ်။
#တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံ
တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ အနေနဲ့ပြောရရင်…..
၁။ မောင်းနှင်တဲ့မော်တာတစ်လုံးပါပါတယ်။
induction motor အမျိုးအစားတွေအသုံးပြုတာများပါတယ်။ single phase motor/ three phase motor အမျိုးမျိုးဖြစ်နိုင်ပါတယ်။
အရွယ်အစားအပေါ်မူတည်ပြီး လုပ်ငန်းသုံးတွေမှာ three phase motor တွေသာအသုံးများကြပါတယ်။
၂။ စခရူကွန်ပရက်ဆာတစ်လုံးပါပါတယ်။
လေထွက်ပမာဏနဲ့အရွယ်အစားအပေါ်မူတည်ပြီး screw compressor တစ်ခုပါဝင်ပါတယ်။ pulley-type (or) combine အမျိုးအစားတစ်ခုခုဖြစ်နိုင်ပါတယ်။
၃။ လေစစ်နဲ့ အဝင်ဗားတစ်ခုစီပါပါတယ်။
လေစစ်ကတော့ ကွန်ပရက်ဆာက ပြင်ပလေကိုဆွဲစုပ်ယူတဲ့အခါ မလိုလားအပ်တဲ့ဖုန်တွေအမှုန်တွေမပါအောင်စစ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။
များသောအားဖြင့် စက္ကူလေစစ်ဖြစ်ပါတယ်။ အခါအားလျော်စွာ လေမှုတ်သန့်ရှင်းပေးရပါတယ်။ နောက်တစ်ခုက လေအဝင်ဗားဖြစ်ပါတယ်။
ဒီဗားကို ကွန်ပရက်ဆာလေအဝင်ပေါက်မှာ တပ်ဆင်ထားပါတယ်။ လေဖိအားကိုအာရုံခံပြီး အဖွင့်အပိတ်လုပ်တာဖြစ်ပါတယ်။
ဒီဗားအလုပ်လုပ်တဲ့အခြေအနေအပေါ်မူတည်ပြီး ကွန်ပရက်ဆာဟာ ပြင်ပလေကို စုပ်တယ်၊မစုပ်ဘူးစသည်ဖြင့် အလုပ်လုပ်မှာဖြစ်ပါတယ်။
၄။ ချောဆီနဲ့လေကိုခွဲထုတ်ပေးတဲ့ oil separator unit တစ်ခုပါပါတယ်။
စခရူကွန်ပရက်ဆာဟာ ပြင်ပလေကိုဆွဲယူဖိသိပ်တဲ့အခါ လေနဲ့ချောဆီကို အတွဲလိုက်ဖိပါတယ်။ ဒါ့ကြောင့် စခရူကွန်ပရက်ဆာရဲ့အထွက်မှာ
လေနဲ့ချောဆီဟာ ရောစပ်လျက် ဖိအားပြင်းစွာရှိမှာဖြစ်ပါတယ်။ အဲ့ဒီလေနဲ့ချောဆီအရောဟာ oil separator ထဲမှာ တစ်ခုချင်းစီခွဲထုတ်ခံရမှာဖြစ်ပါတယ်။
ခွဲပြီးတာနဲ့ အအေးခံတဲ့ cooling unit ဆီကို ကိုယ်ပိုင်လမ်းကြောင်းတစ်ခုစီနဲ့ ဝင်ရောက်အအေးခံရမှာဖြစ်ပါတယ်။
၅။ ချောဆီနဲ့လေကို အအေးခံပေးတဲ့ cooling unit တစ်ခုပါပါတယ်။
oil separator ကနေထွက်လာတဲ့ လေနဲ့ချောဆီဟာ သူ့လမ်းကြောင်းနဲ့သူ cooling unit ထဲကို ဝင်ရောက်လာပါတယ်။
cooling unit ဆိုတာဟာ ကားအင်ဂျင်ရေတိုင်ကီနဲ့အလားတူတည်ဆောက်ပုံမျိုးဖြစ်ပါတယ်။ အထက်အောက်ဒေါင်လိုက် ပိုက်လိုင်းတွေပါပါတယ်။
ပိုက်လိုင်းတွေရဲ့ကြားမှာ ပြင်ပလေနဲ့ အပူဖလှယ်မှုကောင်းစေဖို့ လေအတောင်လေးတွေ ခွေထည့်ပြီးတပ်ဆင်ထားပါတယ်။
ဖိအားဒဏ်ခံနိုင်မှုမှာတော့ ကားရေတိုင်ကီထက်အဆများစွာပိုပါတယ်။
cooling unit ထဲကိုဝင်လာတဲ့ လေနဲ့ချောဆီကို အမြန်အေးသွားစေဖို့အတွက် ပန်ကာတစ်လုံးနဲ့လေမှုတ်အအေးပေးတဲ့စနစ်တစ်ခုနဲ့အတူတွဲဆက်ထားပါတယ်။
အဲ့ဒီလေအေးပန်ကာကို မော်တာတစ်လုံးနဲ့မောင်းနှင်ပြီး ဖွင့်ခြင်းပိတ်ခြင်းကို control unit မှတဆင့် အပူချိန်အာရုံခံစနစ်များကိုဖြတ်ပြီး ထိန်းချုပ်မောင်းနှင်ပါတယ်။
cooling unit ကထွက်လာတဲ့လေအသန့်ကတော့ ပြင်ပလေလှောင်အိုးတွေဆီကိုသွားရမှာဖြစ်ပါတယ်။ လေအိုးအထွက်ကမှတဆင့်
လေအေးစက်ကိုဖြတ်ပြီး အသုံးချပစ္စည်းတွေဘက်ကိုသွားပါတယ်။ လေအိုးနဲ့အသုံးချပစ္စည်းတွေကြားမှာ လေစစ်ဗူးတွေလိုသလိုခံပြီး သုံးဖို့လည်းလိုပါသေးတယ်။
ဒါမှသာ ရေငွေ့နဲ့အမှုန်ကင်းစင်တဲ့သန့်စင်ခြောက်သွေ့သောလေရရှိမှာဖြစ်ပါတယ်။
၆။ ချောဆီစစ်တစ်ခုပါပါတယ်။
cooling unit ထဲကထွက်လာတဲ့ ချောဆီတွေဟာ နောက်တစ်ကြိမ်အသုံးချခံဖို့ ကွန်ပရက်ဆာထဲကိုပြန်ဝင်ရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် လုပ်ငန်းစဉ်တစ်ခါပြီးတိုင်း ချောဆီစစ်ကိုဖြတ်ပြီးမှသာ ကွန်ပရက်ဆာဆီကိုသွားစေပါတယ်။ ချောဆီအသန့်ဖြစ်အောင်လုပ်ပြီးမှ နောက်တစ်ကြိမ်
အသုံးချတာဖြစ်ပါတယ်။ ချောဆီစစ်ကတော့ သာမန်အားဖြင့် နာရီ(၅၀၀)ပြည့်တိုင်းတစ်ခါအသစ်လဲဖို့လိုပါတယ်။
၇။ စက်တစ်ခုလုံးကို ထိန်းချုပ်မောင်းနှင်ဖို့ control unit တစ်ခုပါဝင်ပါတယ်။
control unit အနေနဲ့ MAM Series တွေကိုအသုံးပြုထားပါတယ်။
MAM-860
MAM-880
MAM-890
MAM-6080 စတဲ့မော်ဒယ်တွေအသုံးများပါတယ်။
ဒီ controller တွေကို အသုံးချ ပရိုဂရမ်ထည့်သွင်းထားပြီး ဘာသာစကားနှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။
english နဲ့chinese ဒီနှစ်မျိုးဖြစ်ပါတယ်။
သက်ဆိုင်ရာအမျိုးအစားအလိုက် အသုံးပြုပုံ PDF စာအုပ်တွေကို GOOGLE မှာအလွယ်တကူ ရယူနိုင်ပါတယ်။
ဖော်ပြပါမော်ဒယ်တွေအတွက် စာအုပ်လိုရင် ကျွန်တော်တို့ ကျင်းလုံမြန်မာ FACEBOOK CHATBOX မှာ တောင်းယူနိုင်ပါတယ်။
ထိန်းချုပ်မှုတွေကိုချရေးရင် အတော်ကျယ်ပြန့်ပါတယ်။ အကြမ်းအားဖြင့် အဓိကလုပ်ငန်းစဉ်တွေကို ချပြပါမယ်။
၁။ မော်တာကိုထိန်းချုပ်ခြင်း
မော်တာအထမှာ star connection နဲ့ အချိန်ဘယ်လောက်လည်ပြီး delta connection ကိုပြောင်းစေမယ်။
မော်တာကို လေဖိအားဘယ်လောက် Mpa မှာ စလည်မယ်၊ ဘယ်လောက် Mpa မှာ load free ဖြစ်စေမယ်။
phase degree လွဲနေရင် မော်တာကိုလည်ခွင့်မပေးဘူး။ alarm ပြပေးမယ်။ phase wire သုံးပင်ရဲ့ အဝင်ဗို့အားက factory parameter မှာသတ်မှတ်ထားတဲ့ တန်ဖိုးအောက်
ရောက်နေရင်(သို့)များနေရင် မော်တာကိုလည်ခွင့်မပေးဘူး။ သာမန်အားဖြင့် over volt=460v, under volt=320v သတ်မှတ်ထားတတ်ပါတယ်။
သတ်မှတ်ထားတဲ့ unload pressure မှာ လေထုတ်မသုံးပဲထားရင် အချိန်ဘယ်လောက်မှာ မော်တာကိုရပ်စေမလဲ။ စတာတွေဖြစ်ပါတယ်။
၂။ လေပန်ကာမော်တာကိုထိန်းချုပ်ခြင်း
စခရူကွန်ပရက်ဆာကထွက်လာတဲ့ လေနဲ့ချောဆီအရောဟာ ဖိအားမြင့် အခြေအနေရဲ့အောက်မှာ အပူချိန်မြင့်မားစွာရှိပါမယ်။ colling unit ထဲကိုဖြတ်ရင်းနဲ့အပူချိန်ဟာ
နည်းနည်းချင်းတိုးလာပါတယ်။ ဒါ့ကြောင့် လေပန်ကာတစ်ခုနဲ့မှုတ်ပြီး အအေးခံရတာဖြစ်ပါတယ်။
အဲ့ဒီတော့ ဒီလေပန်ကာကို ဘယ်လိုအချိန်မှာလည်စေမလဲ သတ်မှတ်ပေးပြီးအလုပ်လုပ်စေပါတယ်။
MAMcontroller တွေမှာ များသောအားဖြင့် လေပန်ကာကို 85 degree C အပူချိန်မှာ လည်စေပြီး 75 degree C မှာရပ်စေဖို့ ချိန်ထားတတ်ပါတယ်။
ဒီတန်ဖိုးကို မိမိတို့လိုသလို ပြောင်းလဲသတ်မှတ်လို့လည်းရပါတယ်။ သက်ဆိုင်ရာ CONTROLLER ရဲ ့PASSWORD တော့လိုပါလိမ့်မယ်။
၃။ ချောဆီသက်တမ်းကိုထိန်းချုပ်ခြင်း
မိမိတို့အသုံးပြုထားတဲ့ချောဆီကို အချိန်ဘယ်နှစ်နာရီ အသုံးပြုမယ်ဆိုတာကိုလည်း ကြိုတင်သတ်မှတ်ပေးထားလို့ရပါတယ်။
ချောဆီအမျိုးအစားတော့ မှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုဖို့လိုပါတယ်။ တွေတဲ့ချောဆီကောက်ထည့်ရင် ဆုံးရှုံးမှုတန်ဖိုးကြီးမားပါလိမ့်မယ်။
CONTROLLER ဟာ ချောဆီအမျိုးအစား မှန်ခြင်း၊ မှားခြင်းကိုတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
ချောဆီအမျိုးအစားက VICOSITY GRADE-46(ASTM-D445)(40 DEGREE C-CTS) အမျိုးအစားကို အသုံးပြုဖို့ အကြံပြုပါတယ်။
မူရင်းစက်ရုံထွက် သတ်မှတ်ချက်တွေမှာတော့ နာရီ ၅၀၀ ဖြစ်ပါတယ်။ ပြည့်တာနဲ့ ALARM မြည်ပြီး စက်တစ်ခုလုံး SHUT DOWN ဖြစ်ပါတယ်။
CONTROLLER မှာ သတိပေးချက်စာသားအဖြစ် OIL LIFE END ဆိုတဲ့စာလုံးပေါ်နေမှာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ အဲ့ဒီသတ်မှတ်ချက် နာရီ ၅၀၀ ကို
(000) သုညသုံးလုံးပြောင်းပြီး လုပ်ငန်းဆက်လုပ်နိုင်ပါတယ်။ ပြောင်းလဲဖို့အတွက် PASSWORD တော့လိုပါမယ်။ အရေးပေါ်လုပ်ငန်းပြီးတာနဲ့ ချောဆီအသစ်လဲဖို့တော့ အထူးဂရုပြုရမှာဖြစ်ပါတယ်။
ချောဆီ အသစ်လဲလှယ်ပြီးတာနဲ့ ချောဆီသက်တမ်းကို ထပ်မံသတ်မှတ်ပေးဖို့လိုပါတယ်။
၄။ လေဖိအားကိုထိန်းချုပ်ခြင်း
စခရူကွန်ပရက်ဆာရဲ ့အထွက်လေဖိုအားကို လိုသလိုချိန်ညှိနိုင်ပါတယ်။ စက်ရဲ့မော်ဒယ်အလိုက် အမြင့်ဆုံးခွင့်ပြု ဖိအားထက်ပိုချိန်ချင်လို့တော့မရပါဘူး။
စက်ရဲ ့အမြင့်ဆုံးခွင့်ပြုဖိအားဆိုတာ မော်ဒယ်တစ်ခုနဲ့တစ်ခုတော့တူမှာမဟုတ်ပါဘူး။
အလုပ်လုပ်ပုံ သဘောတရားအရ ကွန်ပရက်ဆာဟာ အမြင့်ဆုံးသတ်မှတ်လေဖိအားကိုရောက်တဲ့အခါ မော်တာကို LOAD FREE ဖြစ်စေပါတယ်။
မော်တာကတော့ရပ်သွားမှာမဟုတ်ပါ။
အဲ့ဒီအမြင့်ဆုံး လေဖိအားကို UNLOAD PRESSURE လိုခေါ်ပါတယ်။ ယူနစ်အနေနဲ့ Mpa(mage pascal)ကိုအများဆုံးအသုံးပြုပါတယ်။
လေထုတ်သုံးပြီဆိုတာနဲ့ လေဖိအားဟာ အမြင့်ဆုံးအမှတ်ကနေ တဖြည်းဖြည်းချင်း လျော့ကျလာပါမယ်။ သတ်မှတ်ထားတဲ့ ဖိအားတစ်ခုအရောက်မှာ
မော်တာဟာ ဝန်ဆွဲ(load) အနေအထားကိုပြန်ရောက်ပါမယ်။ အဲ့ဒီမော်တာစပြီးဝန်ရုန်းတဲ့သတ်မှတ်ဖိအားကို LOAD PRESSURE လို့ခေါ်ပါတယ်။
မော်တာဟာ LOAD PRESSURE နဲ့ UNLOAD PRESSURE အကြားမှာ အလုပ်လုပ်မှာဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာ LOAD FREE အနေအထားသာရှိပါမယ်။
CONTROLLER တွေမှာ များသောအားဖြင့် LOAD PRESSURE ဟာ 0.65Mpa ဖြစ်ပြီး UNLOAD PRESSURE ကတော့ 0.8Mpa သတ်မှတ်ထားလေ့ရှိပါတယ်။
အားလုံးအတူတူတော့မဟုတ်ပါ။ မော်ဒယ်နဲ့ အမှတ်တံဆိပ်အပေါ်မူတည်ပြီး ကွဲလွဲနိုင်ပါတယ်။
၅။ အဝင်လျှပ်စစ်မီးအားကိုထိန်းချုပ်ခြင်း
အဝင်ဗို့အားအနည်းအများကို ထိန်းချုပ်မယ်။ သတ်မှတ်ထားတဲ့အတိုင်းပုံမှန်မဟုတ်ရင်ရပ်စေမယ်။
အဝင်လျှပ်စစ်ရဲ ့ PHASE DEGREE(U/V/W) နေရာမှန်ခြင်း၊ မမှန်ခြင်းတွေကို ထိန်းချုပ်မယ်။ နေရာလွဲနေရင်ရပ်စေမယ်။
စခရူကွန်ပရက်ဆာတွေဟာ ပြောင်းပြန်လည်လို့မရပါဘူး။ ဒါ့ကြောင့် မော်တာလည်ပတ်မှုဦးတည်ချက်ဟာ အသုံးပြုတဲ့အချိန်တိုင်း တသမတ်တည်းရှိဖို့လိုပါတယ်။
၆။ မှတ်တမ်းအချက်အလက်များကိုကာကွယ်ခြင်း
စက်အသုံးပြုသူ OPERATOR ရဲ ့သတ်မှတ်ချက်တွေကို အလွယ်တကူပြင်မရအောင် PASSWORD ဂဏန်း ၄လုံးနဲ့ကာကွယ်ထားပါတယ်။
စက်ရုံအလုပ်ရုံတွေမှာ လူများပြီးလက်စုံတတ်ပါတယ်။ သိလိုပြုပြင်တာအကြောင်းမဟုတ်ပေမယ့်၊
မသိပဲချိန်ညှိပြုပြင်မယ်ဆိုရင် အဆင်မပြေဖြစ်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့သေချာပေါက်ကြံရမှာဖြစ်ပါတယ်။
controller ရဲ့ menu မှာ အပိုင်း(၄)ပိုင်းပါဝင်ပါတယ်။
၁။ run parameter
ဒီအထဲမှာတော့ စက်အသုံးပြုနေစဉ် စက်ရဲ ့အခြေအနေအားလုံးကို မြင်နေရမှာဖြစ်ပါတယ်။
အသုံးပြုဗို့အား၊ အသုံးပြုလျှပ်စီးကြောင်း၊ လေအပူချိန်၊ လေဖိအား စတာတေါကို အလွယ်တကူကြည့်နိုင်မှာဖြစ်ပါတယ်။
၂။ user parameter
ဒီအပိုင်းထဲမှာကတော့ စက်အသုံးပြုသူက လိုသလိုဝင်ရောက်ချိန်ညှိနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတစ်ခုလုပ်ဖို့အတွက် လျှို့ဝှက်နံပါတ် password ဂဏန်း(၄)လုံးလိုပါတယ်။
စက်ဝယ်စဉ်အခါကတည်းကမေးမြန်းထားဖို့လိုပါတယ်။ password မသိရင်တော့ ချိန်ညှိမှုအပိုင်းတွေအတွက် ပြဿနာရှိပါတယ်။
load pressure, unload pressure, fan start/stop, oil life time စသည်ဖြင့် လိုသလိုချိန်နိုင်ပါတယ်။ တတ်ကျွမ်းနားလည်သူနဲ့တိုင်ပင်ပြီးမှသာ ချိန်ညှိသင့်ပါတယ်။
ဝယ်စဉ်အခါ စမ်းသပ်မောင်းနှင်ကတည်းက မိမိတို့လိုတဲ့ အခြေအနေကို ပြောပြချိန်ညှိတာကပိုစိတ်ချရပါတယ်။
၃။ factory parameter
ဒီအပိုင်းမှာတော့ စက်ရုံက ထည့်ပေးလိုက်တဲ့အချက်အလက်တွေရှိပါတယ်။ ဒီအထဲကို ဝင်ဖို့ password သီးသန့်တစ်ခုလိုပါတယ်။
များသောအားဖြင့် နည်းပညာပိုင်းကျွမ်းကျင်မှသာ ဝင်ရောက်ပြောင်းလဲသင့်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒီအထဲမှာ ချိန်ညှိမှုမှားရင် ပျက်စီးဆုံးရှုံးမှုများမှာဖြစ်ပါတယ်။
ဒါ့ကြောင့်ဒီအပိုင်းကတော့ အထူးတားမြစ်ထားတဲ့အပိုင်းဖြစ်ပါတယ်။
၄။ modified parameter
ဒီအပိုင်းထဲမှာတော့ ကွန်ပရက်ဆာတွေကို တစ်လုံးထက်ပိုပြီးချိတ်တွဲအသုံးပြုလိုတဲ့အခါတွေမှာ အမည်ပေးသတ်မှတ်ဖို့အပိုင်းတွေပါဝင်ပါတယ်။
master, slave-1, slave-2….. စသည်ဖြင့်ပေါ့။
၈။ အထက်ပါပစ္စည်းတွေကို စုစည်းတပ်ဆင်ထားဖို့ဘော်ဒီဖရိန်တစ်ခုပါပါတယ်။
ဒီသံဖရိန်ထဲမှာ အထက်ကပြောခဲ့ပစ္စည်းတွေအားလုံးကို သူ့နေရာနဲ့သူ စနစ်တကျတပ်ဆင်ထားပါတယ်။
တချို့ကွန်ပရက်ဆာတွေမှာ လေလှောင်အိုးနဲ့တွဲလျှက်လာပါတယ်။ တချို့ကွန်ပရက်ဆာတွေကတော့ လေလှောင်အိုးပါဝင်ခြင်းမရှိပါဘူး။ ပြင်ပလေလှောင်အိုး
တစ်ခုခုနဲ့တွဲဆက်အသုံးပြုရမှာဖြစ်ပါတယ်။ မိမိတို့လုပ်ငန်းလိုအပ်ချက်အလိုက် ရွေးချယ်နိုင်ပါတယ်။
လေလှောင်အိုးတစ်ခုရွေးတော့မယ်ဆိုရင်
၁။ ထုထည်အရွယ်အစား
များသောအားဖြင့် LITER UNIT နဲ့လာပါတယ်။ CUBIC METER နဲ့လည်းရေးလေ့ရှိပါတယ်။
၂။ ခွင့်ပြုလေဖိအား
လေဖိအားဘယ်လောက်အထိပဲခံနိုင်တယ်ဆိုတဲ့အပေါ်မူတည်ပြီး လေအိုးသံသားအထူအပါးတွေကွဲပြားကြပါတယ်။
သေချာ စစ်ဆေးရွေးချယ်ဖို့လိုပ်ပါတယ်။ များသောအားဖြင့် Mpa(mega pascal) ယူနစ်နဲ့ ရေးသားပါတယ်။
၃။ လုံခြုံရေးပစ္စည်းများ
safety valve
သတ်မှတ်လေဖိအားကျော်ရင်လေလှောင်အိုးပွင့်ထွက်တဲ့ ပြဿနာရှိနိုင်ပါတယ်။
အဲ့ဒါကြောင့် လေလှောင်အိုးရဲ့အများခံနိုင်ရည်လေဖိအားကျော်တာနဲ့ လှောင်အိုးထဲကလေတွေကို အပြင်စွန်ထုတ်ပြီး လေအိုးတွင်း ဖိအားကိုကျစေပါတယ်။
ဒီဗားဟာ ချိန်ညှိထားတဲ့ စပရင်တစ်ခုအကူအညီနဲ့အော်တိုအလုပ်လုပ်ပါတယ်။ သေချာချိန်ညှိထားဖို့လိုပါတယ်။
safety valve ပါတိုင်းလုံခြုံတာတော့မဟုတ်ပါဘူး။ ချိန်ညှိမှုလွဲနေရင်လည်း အလကားပဲဆိုတာသတိချပ်ဖို့လိုပါတယ်။ အခါအားလျော်စွာ စစ်ဆေးနေဖို့လည်းလိုအပ်ပါတယ်။
drain valve
လေလှောင်အသုံးပြုတာနဲ့အမျှ လေအိုးထဲမှာ ငွေ့ရည်ဖွဲ့မှုဖြစ်ပေါ်ပြီး အိုးရဲ့အောက်ခြေမှာ ရေတွေ ရှိပါမယ်။
လုပ်ငန်းအသုံးပြုကြာမြင့်ချိန်အပေါ်မူတည်ပြီး ဒီရေတွေကို ဖောက်ထုတ်ဖို့လိုအပ်ပါတယ်။ မဟုတ်ရင် ဒီရေတွေဟာလေအိုးအတွင်းပိုင်းမှာသံချေးတတ်စေပြီး
လေလှောင်အိုးရဲ ့ကြံခိုင်မှုကို သက်တမ်းတိုစေပါလိမ့်မယ်။ ဒါ့ကြောင့် ၇ရက်တစ်ခါ ဖောက်သင့်တယ်လို့အကြံပြုပါတယ်။
pressure gauge
လေလေဗာင်အိုးထဲမှာ လေဖိအားဘယ်လောက်ရှိတယ်ဆိုတာကို ပြပေးမယ့် မီတာတစ်ခုဖြစ်ပါတယ်။
digital / analog meter ပုံစံအမျိုးမျိုးဖြစ်နိုင်ပါတယ်။ သူက ဘယ်လောက်လေဖိအားရှိတယ်ဆိုတာကိုသာ ပြသပေးမှာဖြစ်ပါတယ်။
ကျန်တာကို စက်အသုံးပြုသူ operator ကသာသုံးသပ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
inlet port/ outlet port
လေအဝင်အထွက်ပိုက် နှစ်ပေါက်ပါပါတယ်။ ပိုက်အရွယ်အစားက လိုသလို ပြောင်းလဲယူနိုင်တာမို့ ပြဿနာတော့သိပ်မရှိပါ။
ဒါပေမယ့် ပိုက်အမျိုးအစား၊ လေသွားနှုန်းနဲ့ပိုက်အချင်း(flow rate & pipe diameter) မျှခြေဖြစ်အောင်တော့ တွက်ချက်စဉ်းစားဖို့တော့လိုပါတယ်။
အထက်ပါအချက်များဟာ screw air compressor ဆိုတာဘာလဲ၊
ဘယ်လိုအလုပ်သလဲ၊
ဘယ်လိုဖွဲ့စည်းပုံရှိသလဲ၊
ဘယ်လိုကာကွယ်မှုစနစ်တွေပါသလဲ၊
ဘယ်လိုဆောင်ရန်ရှောင်ရန်တွေရှိသလဲ
လေလှောင်အိုးဆိုတာဘယ်လိုရွေးရတယ်ဆိုတာကို အများနားလည်အောင်တင်ပြပေးထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ ကျင်းလုံမြန်မာ အနေနဲ့ screw-type air compressor တွေကို အရွယ်အစားအမျိုးမျိုးတင်သွင်းဖြန့်ဖြူးထားပါတယ်။
အမှတ်တံဆိပ်တွေအနေနဲ့
#XINLEI
#XINYA
#JUSHAN
#BDAIR
စတာတွေဖြစ်ပါတယ်။
စခရူကွန်ပရက်ဆာတွေနဲ့အတူ
လေအခြောက်ခံစက်(AIR DRYER)၊
လေလှောင်အိုး(AIR STORAGE TANK) တွေကိုလည်းအရွယ်အမျိုးမျိုးတင်သွင်းဖြန့်ဖြူးထားပါတယ်။
အထက်ပါပစ္စည်းများအတွက် စစ်မှန်သောအပိုပစ္စည်း၊ တိကျသေချာသော ပြုပြင်ဝန်ဆောင်မှုများကိုလည်း ပံပိုးပေးထားပါတယ်။
အသုံးပြုလိုကြတဲ့မိတ်ဆွေတွေ၊
တဆင့်ပြန်လည်ဖြန့်ဖြူးလိုတဲ့မိတ်ဆွေတွေအနေနဲ့ လိုအပ်တဲ့အခါဆက်သွယ်စုံစမ်းနိုင်ပါတယ်။
မိမိတို့လိုအပ်တဲ့ အရွယ်အစားအလိုက် အကြံပြုရွေးချယ်ခြင်းတွေကိုလည်း ဆောင်ရွက်ပေးပါမယ်။
တခြားလိုအပ်တဲ့အရွယ်ကြီးတွေကိုလည်း မူရင်းစက်ရုံများမှ ဈေးနှုန်းနဲ့ပစ္စည်းအရည်အသွေးမှန်ကန်အောင်ရွေးချယ်စီစစ်တင်သွင်းပေးမှာလည်းဖြစ်ပါတယ်။
ကျေးဇူးတင်စွာဖြင့်…..
#ကျင်းလုံမြန်မာ
#admin
092010672
#ကျင်းလုံမြန်မာ-မန္တလေး
အမှတ်(493)
82 လမ်း၊ 35&36 လမ်းကြား
မန္တလေးမြို့။
02-4030628
02-4030629
02-4035001
095310976
09952059977
#ကျင်းလုံမြန်မာ-ရန်ကုန်
အမှတ်(35&36)
သီရိမွန်လမ်းမကြီးနှင့် ၈ လမ်းထောင့်
ဘုရင့်နောင်၊ ရန်ကုန်မြို့။
01-3682877
095140269
Thanks For Your Time!!!