Evaporative Air Cooler B-45
**We usually contact you within 24 hours of placing an order **
For more information: :09765635192
Description
|
B-45 |
|
120 W |
|
220 VAC/ 50 Hz |
|
1-2-3 |
|
360 mm |
|
4500 m3/hr |
|
6.5~8.4 m/sec |
|
20~30 m2 |
|
90 degree |
|
40 L |
|
10 hr |
|
620×400×930 mm |
|
20 kg(ရေမပါ)
|
အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံဆေးခန်းတွေ၊ စတိုးဆိုင် အရောင်းပြခန်းတွေ စသည်ဖြင့် အသုံးပြုနိုင်စေဖို့
ရည်ရွယ်တင်သွင်းထားတာဖြစ်ပါတယ်။
တည်ဆောက်ပုံ အနေနဲ့ပြောရမယ်ဆိုရင် ဘော်ဒီတစ်ခုလုံးဟာ plastic နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။
လူကို လျှပ်စစ် အန္တရာယ် မှ ကာကွယ်ပြီးသား လည်းဖြစ်စေပါတယ်။
အောက်ခြေမှာ ဆုံလည်ဘီး ၄လုံးပါရှိပါတယ်။
နေရာချပြီးသွားရင် တစ်နေရာတည်မှာငြိမ်နစေဖို့ ဘီး၄လုံးစလုံးမှာ ခြေနင်း ဘရိတ်ကလေးတွေလည်း တပ်ဆင်ထားပါသေးတယ်။
ရေတိုင်ကီကတော့ ဘော်ဒီရဲ့ အောက်ပိုင်းမှာပါရှိပါတယ်။
၄၀ လီတာဝင်ဆံပါတယ်။
ရေအနည်းအများကိုလည်း လွယ်ကူစွာမြင်နိုင်အောင် လက်တံ အနီရောင်လေးနဲ့ညွှန်ပြပေးမှာဖြစ်ပါတယ်။
ခပ်လှမ်းလှမ်းကနေ မြင်နိုင်ပါတယ်။
ပြင်ပလေဟာ ဘေးနှစ်ဘက်နဲ့ အနောက်ဘက်ပေါင်း ၃နေရာကနေဝင်ရောက် အအေးခံမှာဖြစ်ပါတယ်။
အအေးခံပြီးသားလေဟာ ရှေ့မျက်နှာပြင်ကနေ လေထိန်းတံခါးတွေကိုဖြတ်ထွက်လာမှာဖြစ်ပါတယ်။
အပေါ်မှာ ခလုတ် သုံးခုတပ်ဆင်ထားပါတယ်။
ဘယ်ဘက်ကစကြည့်ရင် ပထမဆုံး ခလုတ်ဟာ ထွက်လာတဲ့လေအေးရဲ့ ဦးတည်ချက်ကို ၉၀ဒီကရီခြားပြီး ထွက်စေဖို့ဖွင့်ပိတ် ခလုတ်ဖြစ်ပါတယ်။
အင်္ဂလိပ်လိုဆို တိုတိုနဲ့ပြီးတာပေါ့ဗျာ။(swing)
ဒုတိယ ခလုတ်ကတော့ ရေငွေ့ပါမလား မပါချင်ဖူးလားဆိုတဲ့ခလုတ်ပါ။(cool)
တတိယခလုတ်ကတော့ ၄ဆင့်လှည့်လို့ရပါမယ်။ ပန်ကာလည်ပတ် အား နှေးမြန် ၃သုံးခုနဲ့ ပိတ်ဖို့တစ်ခု ဖြစ်ပါတယ်။
အသုံးပြုဖို့ 220V/50Hz လျှပ်စစ်မီးလိုမှာဖြစ်ပါတယ်။
အလုပ်လုပ်ပုံကတော့
လှောင်ကန်ထဲကရေတွေကို ပန့်တစ်ခုနဲ့ စက္ကူ လေစစ်တွေ အပေါ်ကို ဖျန်းချပေးမှာဖြစ်ပါတယ်။
ဒီလေစစ်တွေဟာ ရေဝပြီးအေးနေမှာဖြစ်ပါတယ်။
စက္ကူလေစစ်တွေကို ဘေးနှစ်ဘက်နဲ့ အနောက်ဘက် မျက်နှာပြင် သုံးခုမှာအပြည့်တပ်ဆင်ထားတာဖြစ်ပါတယ်။
ပြင်ပကလေတွေ ဒီ လေစစ်မျက်နှာပြင် ကရေတွေကို ပန်ကာရဲ့စုပ်အားနဲ့ အငွေ့ပျံသွားစေပြီး အေးမြတဲ့လေ ဖြစ်သွားစေပါမယ်။
ဒါ့ကြောင့် ကျွန်တော်တို့ cooling effect ကိုရရှိစေတာဖြစ်ပါတယ်။
ဒီစက်ရဲ့ လေအထွက်မျက်နှာပြင်မှာ မိမိတို့ကြိုက်နှစ်သက်ရာ အနံ့ခဲလေးတွေ ထားပေးခြင်းဖြင့် ကိုယ်ရဲ့ အခန်းကို နားနေဖို့
သက်သောင့် သက်သာဖြစ်အောင်စီမံနိုင်ပါတယ်။
မီးအား၊ ငွေကြေး ကုန်ကျစရိတ် သက်သာစွာဖြင့် အခန်းတွင်းလေထုစိုထိုင်းဆကို ကောင်းကောင်းဖန်တီးနိုင်ပါလိမ့်မယ်။
နွေရာသီမှာ အခန်းတွင်းအပူချိန်နဲ့ ပြင်ပ အပူချိန် သိပ်ကွာခြားလွန်းနေရင် အပြင်ထွက်တဲ့အခါတွေမှာ ရုတ်တရက်
shock ဖြစ်တတ်တာလည်းလူတိုင်းအသိပဲဖြစ်ပါတယ်။
ဘဝမှာ သင့်တင့်မျှတစွာ ရှင်သန်နေထိုင်နိုင်ဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနှစ်နွေရာသီကို့သင့်တင့်မျှတတဲ့ လေထုစိုထိုင်းဆ တစ်ခုနဲ့ ဖြတ်သန်းနိုင်ကြဖို့ဒီစက်ကလေးကို မိတ်ဆက်လိုက်ရကြောင်းပါခင်ဗျာ။
Product Code – al120
Additional information
Weight | 20 kg |
---|---|
Dimensions | 62 × 40 × 93 cm |
Reviews
There are no reviews yet.