Evaporative Air Cooler CXD12H
**We usually contact you within 24 hours of placing an order **
For more information: :09765635192
Description
|
CXD12H |
|
450 W |
|
220 VAC/ 50 Hz |
|
1-2-3 |
|
600 mm |
|
12000 m3/hr |
|
6.5~8.4 m/sec |
|
100~150 m2 |
|
90 degree |
|
80 L |
|
8 hr |
|
925×580×1440 mm |
|
45 kg(ရေမပါ)
|
အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံဆေးခန်းတွေ၊ စတိုးဆိုင် အရောင်းပြခန်းတွေ စသည်ဖြင့် အသုံးပြုနိုင်စေဖို့
ရည်ရွယ်တင်သွင်းထားတာဖြစ်ပါတယ်။
တည်ဆောက်ပုံ အနေနဲ့ပြောရမယ်ဆိုရင် ဘော်ဒီတစ်ခုလုံးဟာ plastic နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။
လူကို လျှပ်စစ် အန္တရာယ် မှ ကာကွယ်ပြီးသား လည်းဖြစ်စေပါတယ်။
အောက်ခြေမှာ ဆုံလည်ဘီး ၄လုံးပါရှိပါတယ်။
နေရာချပြီးသွားရင် တစ်နေရာတည်မှာငြိမ်နစေဖို့ ဘီး၄လုံးစလုံးမှာ ခြေနင်း ဘရိတ်ကလေးတွေလည်း တပ်ဆင်ထားပါသေးတယ်။
ရေတိုင်ကီကတော့ ဘော်ဒီရဲ့ အောက်ပိုင်းမှာပါရှိပါတယ်။
ရေတိုင်ကီဟာ 80 လီတာဝင်ဆံပါတယ်။ ဒီ 80 လီတာကို ကြာချိန် 8 နာရီ တဆက်တည်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။
အမြင့်ကလာတဲ့ရေပိုက် နဲ့လည်း တိုက်ရိုက် သွယ်ဆက်ထားနိုင်ပါတယ်။
ရေလျှံ မကျစေဖို့ 80 လီတာပြည့်တာနဲ့ ရေထိန်းတခါးက ပိတ်ထားပေးမှာဖြစ်ပါတယ်။
ရေအနည်းအများကိုလည်း လွယ်ကူစွာမြင်နိုင်အောင်ညွှန်ပြပေးမှာဖြစ်ပါတယ်။
မှန်ပြားတပ်ဆင်ပေးထားတာကြောင့် ခပ်လှမ်းလှမ်းကနေ water level ကို မြင်နိုင်ပါတယ်။
ပြင်ပလေဟာ အနောက်ဘက်ခြမ်း ကနေဝင်ရောက် အအေးခံမှာဖြစ်ပါတယ်။
အအေးခံပြီးသားလေဟာ ရှေ့မျက်နှာပြင်ကနေ လေထိန်းတံခါးတွေကိုဖြတ်ထွက်လာမှာဖြစ်ပါတယ်။
ညာဘက်ဘေးမှာ control panel ရှိပါတယ်။
နောက်ပြီး remote controller နဲ့ လည်း ခိုင်းစေနိုင်ပါတယ်။
အသုံးပြုမည့် အချိန်ကို လည်းသတ်မှတ်ပေးနိုင်ပါတယ်။
အသုံးပြုဖို့ 220V/50Hz လျှပ်စစ်မီးလိုမှာဖြစ်ပါတယ်။
အလုပ်လုပ်ပုံကတော့
လှောင်ကန်ထဲကရေတွေကို ပန့်တစ်ခုနဲ့ စက္ကူ လေစစ်တွေ အပေါ်ကို ဖျန်းချပေးမှာဖြစ်ပါတယ်။
ဒီလေစစ်တွေဟာ ရေဝပြီးအေးနေမှာဖြစ်ပါတယ်။
ပြင်ပကလေတွေ ဒီ လေစစ်မျက်နှာပြင် ကရေတွေကို ပန်ကာရဲ့စုပ်အားနဲ့ အငွေ့ပျံသွားစေပြီး အေးမြတဲ့လေ ဖြစ်သွားစေပါမယ်။
ဒါ့ကြောင့် ကျွန်တော်တို့ cooling effect ကိုရရှိစေတာဖြစ်ပါတယ်။
ဒီစက်ရဲ့ လေအထွက်မျက်နှာပြင်မှာ မိမိတို့ကြိုက်နှစ်သက်ရာ အနံ့ခဲလေးတွေ ထားပေးခြင်းဖြင့် ကိုယ်ရဲ့ အခန်းကို နားနေဖို့
သက်သောင့် သက်သာဖြစ်အောင်စီမံနိုင်ပါတယ်။
စက်မှာတပ်ဆင်ထားတဲ့လေခွဲ ဒလက်ဟာ ဘယ်ညာ ၉၀ ဒီကရီ အလုပ်လုပ်မှာဖြစ်ပါတယ်။
ဒီစက်ရဲ့ လေအေးဖြန့်ဝေမှု သက်ရောက် ဧရိယာကတော့ ပြင်ပလေတိုက်နှုန်း သက်ရောက်မှုမရှိဘူးဆိုရင် အများဆုံး ၁၆၁၄ စတုရန်းပေ ဝန်းကျင်ဖြစ်ပါတယ်။
မီးအား၊ ငွေကြေး ကုန်ကျစရိတ် သက်သာစွာဖြင့် အခန်းတွင်းလေထုစိုထိုင်းဆကို ကောင်းကောင်းဖန်တီးနိုင်ပါလိမ့်မယ်။
နွေရာသီမှာ အခန်းတွင်းအပူချိန်နဲ့ ပြင်ပ အပူချိန် သိပ်ကွာခြားလွန်းနေရင် အပြင်ထွက်တဲ့အခါတွေမှာ ရုတ်တရက်
shock ဖြစ်တတ်တာလည်းလူတိုင်းအသိပဲဖြစ်ပါတယ်။
ဘဝမှာ သင့်တင့်မျှတစွာ ရှင်သန်နေထိုင်နိုင်ဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနှစ်နွေရာသီကို သင့်တင့်မျှတတဲ့ လေထုစိုထိုင်းဆ တစ်ခုနဲ့ ဖြတ်သန်းနိုင်ကြဖို့ဒီစက်ကလေးကို မိတ်ဆက်လိုက်ရကြောင်းပါခင်ဗျာ။
Product code – al400
Additional information
Weight | 45 kg |
---|---|
Dimensions | 92.5 × 58 × 144 cm |
Reviews
There are no reviews yet.